Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(9)ရက်နေ့မှ ဇူလိုင်လ (15)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် 24၀၀ မှ 33၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 10၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 15၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 25၀၀ မှ 30၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 55၀၀ မှ 60၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 30၀၀ မှ 60၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 400၀ မှ 45၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 95၀၀ မှ 100၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 25၀၀ မှ 35၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 25၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 55၀၀ မှ 70၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1631700)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (41740) ကျော်၊ ဗူးသီးအလုံးပေါင်း (20415)ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း(18425)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (110515)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (52500)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (18220) ကျော်၊ ဖရဲသီးလုံးပေါင်း(43208)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ် တပင်ရွေထီးလမ်းရှိလက်လီ/လက်ကား ရောင်းချနေသောဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် တပင်ရွှေထီးလမ်းရှိ လက်လီ/လက်ကားရောင်းချနေသောဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်တပင်ရွှေထီးလမ်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များတွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မင်းဘူးမြို့၊ မြို့မဈေး၌ နာနတ်သီးဈေးနှုန်းကျဆင်း

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ နာနတ်သီးကို ဗန်းမော်မြို့ရှိ နာနတ်သီးခြံများမှ မှာယူရောင်းချကြောင်းသိရှိရပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)မှစတင်၍ ထွက်ပေါ် လျက်ရှိရာ ဇူလိုင်လ(တတိယပတ်)တွင် လှိုင်လှိုင်ထွက်ရှိပြီး ဈေးအတွင်းသို့ ဝင်ရောက်မှုများလျက် ရှိကြောင်းသိရသည်။
  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ (အလုံးကြီး) ()လုံးလျှင် ကျပ်(၂၅၀၀) အလုံးသေး()လုံးလျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချပြီး  (ဒုတိယပတ်)တွင် (အလုံးကြီး) ()လုံးလျှင် ကျပ်(၃၅၀၀) အလုံးသေး ()လုံးလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။ ယခုအချိန်တွင် ဗန်းမော်မြို့မှ နာနတ်သီးအထွက်နှုန်းများလျက်ရှိပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများပြားလာသော ကြောင့် ဈေးနှုန်းများမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့၊ မြို့မဈေး၌ နဂါးမောက်သီးဈေးနှုန်းကျဆင်း

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ နဂါးမောက်သီးကို မန္တလေးတိုင်း၊ ပုပ္ပါးနယ်ရှိ နဂါးမောက်ခြံများမှ မှာယူရောင်းချကြောင်း သိရှိရပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)မှ စတင်၍ ထွက်ပေါ်လျက်ရှိရာ ဇူလိုင်လ(တတိယပတ်)တွင် လှိုင်လှိုင်ထွက်ရှိပြီး ဈေးအတွင်းသို့ ဝင်ရောက်မှုများလျက်ရှိကြောင်းသိရသည်။
    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် နဂါးမောက်သီး(အလုံးကြီး)()လုံးလျှင် ကျပ်(၁၃၀၀) အလုံးလတ်()လုံးလျှင် ကျပ်(၁၂၀၀)နှင့် အလုံးသေး()လုံးလျှင် ကျပ်(၁၀၀၀) ဖြင့်ရောင်းချခဲ့ပြီး ဇူလိုင်လ(တတိယပတ်)တွင် (အလုံးကြီး)()လုံးလျှင် ကျပ်(၈၀၀) အလုံးလတ်()လုံးလျှင် ကျပ်(၇၅၀) နှင့် အလုံးသေး()လုံးလျှင် ကျပ်(၇၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက အလုံးကြီး()လုံးလျှင် ကျပ်(၅၀၀) အလုံးလတ်()လုံးလျှင် ကျပ်(၄၅၀)နှင့် အလုံးသေး()လုံးလျှင် ကျပ်(၃၀၀)ဈေးနှုန်းကျဆင်းသွား ကြောင်း သိရသည်။ ယခုအချိန်တွင် မကွေး၊ မင်းဘူးမြို့ပေါ်နှင့် အနီးအနားကျေးရွာတို့မှ နဂါးမောက်သီး အထွက်နှုန်းများလျက်ရှိသောကြောင့် ဈေးနှုန်းများမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကိုင်းဗမာခရမ်းချဉ် သီးများဝင်ရောက်မှု နည်းပါးပြီး ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများသာ ဈေးကွက်အတွင်း ဝင်ရောက်မှု များကြောင်း သိရသည်။ ခရမ်းချဉ်သီးမှာ ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိပြီး ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မကွေးမြို့ပေါ်ရှိ ဈေးများတွင်အရောင်းအဝယ်ဖြစ်နေ သော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၂၀၀)ဖြစ်ပြီး ဇွန်လ(တတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)ဖြစ်၍ ဇွန်လနှင့် ဇူလိုင်လတို့ နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀-၁၃၀၀) ခန့်အထိ ဈေးနှုန်းသိသိသာသာ လျော့နည်းလာကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသောကြောင့် ဈေးနှုန်းကျဆင်းလာရခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(မကွေး)

ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရာသီစာ ဟင်းသီး ဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချနေသော အသား/ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက်သား ( ၁ )ပိဿာလျှင် ( ၃၅၀၀၀)ကျပ်၊  CP ကြက်သားတစ်ပိဿာလျှင် (   ၂၃၀၀၀       )ကျပ်၊ ဆိတ်သား အသားသန့်  ( ၁ ) ပိဿာလျှင် (  ၂၇၀၀၀  ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၀၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် (   ၃၅၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅) ကျပ်သားလျှင် (     ၆၅၀၀)      ကျပ်၊ ဝက်သား ( ၁ )  ပိဿာလျှင်( ၃၈၀၀၀)ကျပ်၊ ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၃၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄၂၀၂၅ခုနှစ်ထွက်  ပဲမျိုးစုံနှင့် အစေ့ထုတ်ပြောင်းသီးနှံများအနက် မတ်ပဲ ၊ ပဲယင်းနီ ၊ အစေ့ထုတ်ပြောင်းသီးနှံနှင့် ပဲကြီးသီးနှံများသာ အရောင်းအဝယ်ပြုလုပ်ကြပြီး ကျန်သီးနှံများဖြစ်သည့် ပဲလွန်းဖြူ ၊ ပဲလွန်းနီ ၊  ပဲတီစိမ်းဆီပြောင် ၊ ပဲပုတ် ၊ ဘိုကိတ် နှင့် ပဲတီစိမ်းအနီ သီးနှံများမှာ အရောင်းအဝယ်အေးပြီး ပစ္စည်း လက်ကျန်နည်းပါးလာကြောင်းသိရှိရပါသည်။ ယခုတစ်ပတ် မတ်ပဲဈေးမှာ ပိဿာ(၂၀) တစ်တင်းကို ( ၉၆၀၀ဝိ/-)၊ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၄၀၀ဝိ/-)၊ ပဲကြီးပိဿာ (၂၀)တစ်တင်းကို (၉၂၀၀ဝိ/-)နှင့် အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၃၂၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

          ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက ပဲယင်းသီးနှံဈေးနှင့် ပဲကြီးသီးနှံဈေးသာတစ်တင်း ကို (၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိဈေးအနည်းငယ်မြင့်လာပြီး မတ်ပဲနှင့်အစေ့ထုတ်ပြောင်းသီးနှံဈေးမှာ တစ်တင်းကို (၅၀ဝိ/မှ၁၀၀ဝိ/) ကျပ်ထိ ဈေးကျဆင်းလာကြောင်း သိရှိရပါသည်။ မတ်ပဲသီးနှံမှာ တစ်ရက်လျှင် (၁၅၀၀အိတ်မှ၂၀၀၀အိတ်)ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ ထုတ်ပြောင်းသီးနှံမှာ တစ်ရက်လျှင် (၂၀၀၀အိတ်မှ ၂၅၀၀အိတ်)ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်သို့ တင်ပို့နေသော မတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်းပျမ်းမျှအိတ်ရေ (၁၂၀၀၀)ခန့် တင်ပို့နိုင်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် နေသော မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း လက္ကား တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မျှစ်စိမ်း လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် မျှစ်ပြုတ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဖရဲသီး နှင့် ကြက်မောက်သီး ဈေးနှုန်း

        ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်း များမှာ ဖရဲသီး အကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  ဖရဲသီး အလတ် တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ဖရဲသီး လက်လီ အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ်(၂)စိတ်လျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၄၀၀)ကျပ်၊ ကြက် မောက်သီး အသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း