
ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် သြဂုတ်လဒုတိယပတ် အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)၈၅၀၀၀ကျပ်နှင့်၈၆၀၀၀ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၈၆၀၀၀ကျပ်နှင့်၈၇၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေ ဖြင့် ပြောင်းဖူးစေ့(ရှမ်း) ၁၅၇၄ကျပ်နှင့်၁၅၉၃ ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၅၉၃ ကျပ် နှင့် ၁၆၁၁ ကျပ်စျေးတို့ဖြစ်ကြောင်း သိ ရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ဗမာ) ၁၃၄၃ကျပ် နှင့် ၁၃၅၂ ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ)၁၃၈၀ကျပ်နှင့်၁၃၈၉ကျပ်တို့ ဖြစ်ကြောင်း သိရပါ သည်။ယခုနှစ်စေျးနှင့်ယခင်နှစ်ကာလတူ စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၂၀၄ ကျပ်အထက် ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)