ဈေးနှုန်းမြင့်တက်လျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိ ရပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ဘိုစားပဲသီး (၁)ပိ ဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ခါကြက် ဥ(ဗမာ)(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ် ၊ဩဂုတ်လ ဒုတိယပတ်အတွင်း ဘိုစားပဲသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) (၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)









