Main menu

မန္တလေးမတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

  ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ် လျှက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ ၂၇၈၀၀၀ကျပ်နှင့် ၂၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၃၃ကျပ်နှင့် ၄၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း)၅၆၆၇ကျပ်နှင့် ၅၈၈၃ကျပ်၊မတ်ပဲ(ရေသွင်း) ၅၀၀၀ကျပ်နှင့် ၅၃၃၃ ကျပ်တို့ ဖြစ် ကြောင်းသိရပါသည်။ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ စေျးအနည်း ငယ်လျော့နည်းကြောင်း သိရပါသည်။

DOCA(မန္တလေး)