
စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ (ကနေဒါ) ၄၂၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၆၃၀၀၀၀ကျပ်နှင့် ၆၅၅၀၀၀ ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၇၀၈၉ ကျပ်၊ စားတော်ပဲ (ကျွန်း) ၁၀၆၃၃ကျပ်၊ ၁၁၀၅၅ ကျပ်တို့ဖြစ်ကြောင်း သိရပါ သည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၈၄၃၈ ကျပ်၊စားတော်ပဲ (ကျွန်း) ၄၈၉၅ ကျပ်နှင့် ၅၄၀၁ကျပ်ဖြစ်ပြီး၊ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက တစ် ပိဿာလျှင် စားတော်ပဲ (ကျွန်း)၅၆၅၄ ကျပ်တို့စျေးပိုမိုရရှိ ကြောင်း သိရပါသည်။
DOCA(မန္တလေး)