
ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက် စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲယင်း(နီ)၂၄၀၀၀၀ကျပ်၊ပဲယင်း(ကြီး)၂၂၀၀၀၀ကျပ်၊ပဲယင်း(သေး) ၂၂၂၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၄၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၃၆၆၇ကျပ်၊ ပဲယင်း(သေး) ၃၇၀၀ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၈၃၃ကျပ်၊ ပဲယင်း ၃၀၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ယခုနှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲယင်း ပေါက်စျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)