
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် မာလကာသီးနှင့် ရှောက်ပန်းသီးများကို ရောင်းချလျက်ရှိပါသည်။ မာလကာသီးနှင့် ရှောက်ပန်းသီးများကို နေအိမ် ခြံစည်းရိုးများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မ ဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။
မာလကာသီးနှင့် ရှောက်ပန်းသီးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာ ဖြစ်အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မာလကာ သီးအကြီး(၁)လုံးလျှင်(၁၀၀၀)ကျပ်၊ (၂)လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်ပန်းသီးအကြီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၂၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)