ရည်ရွယ်ချက်
- - သတင်းအချက်အလက်နည်းပညာဖြင့်စားသုံးသူအခွင့်အရေးများ သိရှိစေရန်။
- - လုပ်ငန်းရှင်များ၏ တာဝန်နှင့်အခွင့်အရေးများသိရှိစေရန်။
- - နစ်နာဆုံးရှုံးမှုများအတွက် လွယ်ကူလျင်ြမန်စွာတိုင်ကြားနိုင်စေရန်။
- - ဘေးအန္တရာယ်ရှိသော ထုတ်ကုန်ပစ္စည်းများအား သိရှိရှောင်ကြဥ် နိုင်ရန်နှင့် သတင်းပေးပို့နိုင်ရန်။
- - ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်။
မျှော်မှန်းချက်
- - စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်။
ရည်မှန်းချက်တာဝန်များ
- - စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရန်
- - ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်
- - ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်
- - ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်
စားသုံးသူရေးရာဦးစီးဌာန၏ မူဝါဒများ
၁။ စားသုံးသူများသည် တန်ဖိုးနှင့်ထိုက်တန်သော ဝန်ဆောင်မှုရရှိရေး၊ သုံးစွဲလျက်ရှိသော ကုန်စည် များအား ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူ ဆောင်ရွက်ရန်။
၂။ ပြည်သူများ(စားသုံးသူ) သုံးစွဲလျက်ရှိသော ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းစွာ သုံးစွဲ နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များ ထုတ်လုပ်သော ထုတ်ကုန်များသည် လုံခြုံစိတ်ချရမှုရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ ကွင်း ဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော စားသုံးသူအကာ အကွယ်ပေးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၃။ ထုတ်လုပ်သူများ လုံခြုံစိတ်ချမှုရှိသော ထုတ်ကုန် များကို ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပုဂ္ဂလိက ကဏ္ဍအတွင်းတရားမျှတသော ပြိုင်ဆိုင်မှုများဖြစ်ပေါ်စေပြီး၊ စားသုံးသူများဘေးကင်းလုံခြုံရေးနှင့် စျေးကွက်စီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်။
၄။ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အာဆီယံဒေသတွင်းသာမက အခြားဒေသအတွင်း ၌လည်းလိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အာဆီယံစားသုံးသူ ကာကွယ်ရေးဆိုင်ရာ မဟာဗျူ ဟာလုပ်ငန်းစီမံချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်။
၅။ ဝန်ထမ်းများအား စားသုံးသူရေးရာ ကိစ္စအပါအဝင် ပညာရပ်ပိုင်းဆိုင်အသိပညာ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ပေးရန်။
၆။ e- Government System for Consumer Affairs ထူထောင်သွားရန်။