Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Sep 2024

   ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌဖြစ်သူ Chan Sokheang က ယခုနှစ်တွင် ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုသည် များစွာသောကျွန်းများနှင့် နိုင်ငံ(၉)ခုပါဝင်သော ဈေးကွက် အသစ်များသို့ တိုးချဲ့လိမ့်မည်ဖြစ်ပြီး ဝယ်ယူသူအများစုမှာ ဆန်မွှေးဝယ်ယူကြကြောင်း ပြောကြားခဲ့ပါသည်။ Chan Sokheang က ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကမ္ဘောဒီးယားသည် ၎င်းတို့ဆန်မွှေးကို ဂျပန်သို့ ၁၄၀ တန်၊ လက်ဗီးယားသို့ ၃၅၀ တန်၊ လက်ဘနွန်သို့ ၂၂ တန်၊ UAE သို့ ၃၁၉ တန်၊ အာဖရိကသို့ ၅၂ တန်၊ ကိုမိုရို့စ်ကျွန်းများသို့ ၂၅ တန်၊ မကာအိုသို့ ၈၅ တန်၊ နယူး ကယ်လီဒိုးနီးယားသို့ ၂၁၃၅ တန်နှင့် မာတင်နီသို့ ၆၄ တန် တင်ပို့ခဲ့ကြောင်း

09 Sep 2024

     ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ပြန်လည်နာလန်ထူလာမှုနောက်တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ကို ဆွဲဆောင်ရာ Dong Nai ပြည်နယ်သည် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်ရေးပို‌ငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိ ခဲ့ကြောင်း ပြည်နယ်၏စာရင်းအင်းရုံး၏ အဆိုအရ သိရပါသည်။ ထို(၈)လတာကာလအတွင်း ပြည်နယ်သည် အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၈.၆ ရာခိုင်နှုန်းနှင့် ၈.၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။

09 Sep 2024

    အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ကျယ်ပြန့်သော စီးပွားရေးမိတ်ဖက်သဘောတူညီချက်(IEU- CEPA)အပေါ် ဆွေးနွေးမှုများသည် ၉၀ ရာခိုင်နှုန်းနီးပါး ပြည့်စုံနေပြီဖြစ်ပြီး သဘောတူညီချက်သည် ယခုကာလတွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရကြောင်း ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ၄-၉-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဝန်ကြီးသည် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း တူညီသည့် ထုတ်ပြန်ချက်ရှိခဲ့ပြီး အောက်တိုဘာလတွင် လွှဲပြောင်းဆက်ခံမည့်သမ္မတအသစ် Prabowo Subiabto ဦးဆောင်သည့် အစိုးရအသစ်မတိုင်မီ IEU-CEPA ပါဝင်သည့် ကုန်သွယ်ရေးသဘောတူညီချက်များအတွက် ဆွေးနွေးမှုများကို အပြီးသတ်ရမည်ဟု ပြောကြားခဲ့ ကြောင်း သိရပါသည်။ ဝန်ကြီးသည် အင်ဒ

09 Sep 2024

    ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ်၏ လွန်ခဲ့သည့်(၈)လတွင် အမေရိကန်နိုင်ငံသည် တရုတ်ကိုကျော်ဖြတ်ကာ ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တောလုပ်ငန်း-ငါးလုပ်ငန်း ထုတ်ကုန်များအတွက် အကြီးမားဆုံး ဈေးကွက်ဖြစ်လာကြောင်း သိရပါသည်။ အဆိုပါ ကာလအတွင်း ဗီယက်နမ်သည် အမေရိကန် ဈေးကွက်ထံမှ အ‌မေရိကန်ဒေါ်လာ ၈.၅၈ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် အဆိုပါကဏ္ဍတွင် ဗီယက်နမ်၏ စုစုပေါင်းတင်ပို့မှု၏ ၂၁.၄ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအချိန်တွင် တရုတ်သို့တင်ပို့မှုမှာ အမ

09 Sep 2024

    ထိုင်းနိုင်ငံအမျိုးသားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီ(TNSC)သည် ဘတ်ငွေ တန်ဖိုးတက်မှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှု အစရှိသည့် စွန့်စားရသည့် အကြောင်းအချက်များရှိနေသော်လည်း နှစ်စဉ် ပျမ်းမျှတင်ပို့မှုကြီးထွားနှုန်း ရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းသတ်မှတ်ရန် ဝန်ကြီးချုပ်အား တောင်းဆိုခဲ့ကြောင်း သိရပါသည်။ TNSC ၏ ဥက္ကဌဖြစ်သူ Chaichan Chareonsuk က တင်ပို့မှုအပေါ် အပေါင်းလက္ခဏာ‌ဆောင်သည့် သက်ရောက်မှုရရှိစေမည့် ဩဂုတ်လမှ စက်တင်ဘာလအတွင်း မတည်ကုန်ပစ္စည်းများ(Capital Goods) တင်သွင်းမှု မြင့်တက်လာသောကြောင့် ယခုနှစ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံဖြင့် ၁-၂ ရာခိုင်

09 Sep 2024

     ဟောင်ကောင်ရှိ ကုန်သွယ်ရေးနှင့်ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲရေးကုမ္ပဏီဖြစ်သည့် Fung Group သည် ကမ္ဘောဒီးယား၏ အထူးစီးပွားရေးဇုန်များ၌ အထူးသဖြင့် ချည်မျှင်နှင့်အဝတ် အထည်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရပါသည်။ အဆိုပါ စိတ်ဝင်စားမှုကို Fung Group ၏ ဒုတိယဥက္ကဌဖြစ်သူ Dr.William Kwok Lun Fung က ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့် ဖနွမ်းပင်မြို့၌ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Chanthol သည် Dr.William အား Digital စနစ်သို့ လုံးဝကူးပြောင်းရေးအတွက် အဆင်သင့်ဖြစ်နေသော ငယ်ရွယ်ပြီးစွမ်းအင်ပြည့်ဝသော လုပ

09 Sep 2024

    ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုသည် စက်မှုလုပ်ငန်းနှင့် အိမ်သုံးကဏ္ဍအတွက် အလုံအလောက် ထောက်ပံ့ပေးနိုင်စွမ်းရှိပြီး ယခုနှစ် ပထမ(၆)လတွင် စုစုပေါင်း ပြည်တွင်းသုံးစွဲမှုတန်ချိန် ၁.၂၇ သန်းရှိကြောင်း ထိုင်းနိုင်ငံ ကြံနှင့်သကြားဘုတ်အဖွဲ့ရုံး(OCSB)၏ ပြောကြားချက်အရ သိရပါသည်။ မိုးခေါင်မှုကြောင့် ထိုင်းနှင့်အခြားနိုင်ငံများတွင် ကြံပင်အထွက်နှုန်းလျော့ကျခဲ့ပြီး သို့သော် တာဝန်ရှိသူများသည် နိုင်ငံအနေဖြင့် သကြားရှားပါးမှုနှင့် ရင်ဆိုင်ရမည် မဟုတ်ဟု ယုံကြည်ချက်ရှိကြောင်း OSCB ၏ အတွင်းရေးမှူးချုပ် Virit Viseshindh က ပြော ကြားခဲ့ပါသည်။  Virit က 2023-2024 Crop year တွင်

09 Sep 2024

    ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် အမေရိကန်နိုင်ငံသို့ အဖြူရောင်ငါး (Tra Fish) ဒုတိယအကြီးမားဆုံးတင်ပို့သူဖြစ်လာကြောင်း သိရပါသည်။ နိုင်ငံတကာကုန်သွယ်ရေး စင်တာထံမှ အချက်အလက်များအား ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP)၏ ကိုးကားပြောကြားချက်အရ အမေရိကန်သို့ ဗီယက်နမ် Tra Fish တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၈၄ သန်းထိ ရောက်ရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၁)လတည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ သန်း တန်ဖိုးရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေ

09 Sep 2024

    ၂၀၂၄ ခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆.၁ သန်း တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)၏ အဆိုအရ သိရပါသည်။ အဆိုပါတင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံရရှိခဲ့ပြီး လွန်ခဲသည့်နှစ် တူညီသည့်ကာလထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ MARD ၏ အဆိုအရ ဆန်ထွက်ရှိမှုမြင့်တက်လာမှုနှင့်အတူ ပျမ်းမျှ ဆန်တင်ပို့သည့် ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၆၂၅ အမေရိကန်ဒေါ်လာဖြင့်  ၁၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပ

09 Sep 2024

    Geely Auto သည်  Game Xingyuan EV အသစ်ကို အင်္ဂါနေ့တွင်ထုတ်ဖော်ပြသခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၂၀၀(ယွမ် ၈၀၀၀၀)ဝန်းကျင်ဖြင့် Geely မော်ဒယ်အသစ်သည် BYD Dolphin ကဲ့သို့တန်ဖိုးနည်း EV များကိုယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

09 Sep 2024

      ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြိုင်ဘက် ဟင်းသီးဟင်းရွက်ဆီများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေရန်နှင့် ဆီအုန်းစိုက် ပျိုးသည့် တောင်သူများ၏ဝင်ငွေကိုမြှင့်တင်ရန် ရည်ရွယ်လျက် စားအုန်းဆီပို့ကုန်အပေါ် စည်းကြပ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများအား လျှော့ချရန် စီစဉ်လျက်ရှိသည်ဟု အစိုးရအရာရှိ တစ်ဦးက စက်တင်ဘာ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

09 Sep 2024

   အင်ဒိုနီးရှားနိုင်ငံ၌ စပါးစိုက်ပျိုးမှု ရာသီချိန်နောက်ကျပြီး အထွက်နည်းပါးမည့်အခြေအနေကြောင့် ယခုနှစ်ကုန်ပိုင်းအထိ လက်ကျန်ခွဲတမ်း ဆန်မက်ထရစ်တန်ချိန် ၉၀၀၀၀၀ ကို တင်သွင်းရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog က ဩဂုတ် ၃၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။

Pages