စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ကို ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၂ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ရတနာပုံတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့(သမိုင်း) ရရှိခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် အလုပ်သင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၄) သို့ တက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ ခလရ (၈၀) တွင် အလုပ်သင်ဗိုလ် ရာထူးဖြင့် လည်းကောင်း၊ ၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ ခမရ-၁၀၆ တွင် လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ အမတ-၁ တွင် လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ ခမရ-၂၁၄ နှင့် ကကထောက် တွင် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ခမရ(၂၄၈)၊ တမခ-၉၉ နှင့် ခမရ-၅၄၁ တွင် လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ခမရ-၄၁၃ တွင် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ လပခ တွင် လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် လည်းကောင်း ရာထူးအဆင့်ဆင့်၊ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လက်ထောက်ညွှန်ကြားရေးမှူးရာထူးဖြင့် လွှဲပြောင်းတာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် ရာထူးအဆင့်ဆင့်၊ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် ညွှန်ကြားရေးမှူး ရာထူးဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မှ ၂၀၁၆ ခုနှစ်ထိ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန (နေပြည်တော်)တွင် တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ၂၀၁၈ ခုနှစ်ထိ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်ထိ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပါသည်။
ရုံးချုပ်၊ နေပြည်တော်တွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်ထိ ဒုတိယညွှန်ကြား ရေးမှူးချုပ်ရာထူး ဖြင့်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။