Main menu

စျေးကောင်းရသည့်ပဲတီစိမ်း

Powered by Drupal

   ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာ စျေးကောင်းရသည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (အညာ) ၃၀၀၀၀၀ ကျပ်နှင့် ၃၅၅၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၉၇၈ကျပ်နှင့် ၆၃၁၁ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၃၇၈ ကျပ် နှင့်၄၀၈၉ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၃၁၁၁ကျပ်နှင့်၃၂၈၉ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း(ညာ)မှာ တစ်ပိဿာလျှင် ၂၂၂၂ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)