Main menu

မန္တလေးပဲကြီးစျေးနှုန်းစျေးကွက်

Powered by Drupal

   ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် သြဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး) ၃၈၀၀၀၀ ကျပ်နှင့်၃၉၀၀၀၀ကျပ်၊ပဲကြီး(လတ်) ၃၅၀၀၀၀ကျပ်နှင့် ၃၇၀၀၀၀ကျပ်၊ ပဲကြီး (သေး)၃၀၀၀၀၀ကျပ်နှင့် ၃၅၀၀၀၀ကျပ်၊တစ်ပိဿာစျေး မှာပဲကြီး(ကြီး) ၆၈၇၈ကျပ်နှင့်၇၀၅၉ ကျပ်၊ပဲကြီး (လတ်)၆၃၃၅ကျပ်နှင့်၆၆၉၇ ကျပ်၊ပဲကြီး(သေး) ၅၄၃၀ ကျပ်နှင့်၆၃၃၅ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၀၆၈ကျပ် နှင့် ၅၂၄၉ ကျပ် ၊ပဲကြီး(လတ်) ၄၅၂၅ကျပ်နှင့်၄၉၇၇ ကျပ်၊ပဲကြီး(သေး)၃၆၂၀ ကျပ်နှင့် ၃၉၈၂ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလ တူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)