
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်သြဂုတ်လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက် ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ထောပတ်ပဲ(သေး)၂၁၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ၃၇၃၃ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(သေး) ၆၂၂၂ကျပ်နှင့်၆၅၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)