ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန(PTAC)ကို ၁၉၇၉ ခုနှစ်တွင် FAO မှမူလ စီမံကိန်း အဆိုပြုချက်ဖြင့်ရေးဆွဲခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ADBမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၀.၁၅ သန်း၊ ၁၉၈၃ ခုနှစ်တွင် JICA အကူအညီဖြင့် ယန်းသန်း ၁၅၅၀ တို့ဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လမှ စတင်၍ ယခင်ရိတ် သိမ်းချိန်လွန် နည်းပညာ အသုံးချ ဌာန (Post-Harvest Technology Application Center, PTAC) အား ကျွန်းကလေးကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် စတင်အကောင်အထည်ဖော် တည်ဆောက် ခဲ့ရာ ၁၉၈၅ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ယခင်ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန (Post-Harvest Technology Application Center, PTAC)အား ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(Commodity Testing and Quality Management Center, CTQM) အဖြစ် ပြောင်းလဲဖွဲ့ စည်းခဲ့ပါသည်။
လယ်ယာထွက်ကုန်သီးနှံတို့၏ ဈေးကွက်ဖွံ့ဖြိုးမှုဖြစ်ပေါ်လာစေရေးအတွက် အထောက် အပံ့ပြုရန်၊ မိမိနိုင်ငံနှင့်ကိုက်ညီမည့် ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရန်နှင့် လယ်ယာထွက် ကုန်သီးနှံများ အရည်အသွေး ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့် အရည်အသွေး စီမံခန့်ခွဲမှုဌာနစု(CTQM) အား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။