Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ ဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန်  ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။  ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ အလတ် (၁ )လုံးလျှင် ( ၃၅၀) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၄၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ( ၆၀၀)ကျပ်၊ ငုံးဥ (၂၈)လုံးပါတစ်ထုပ်လျှင် ( ၁၀၀၀ )ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ ဆက်လက် ကျဆင်းလျက်ရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်  ကုန်ပစ္စည်းများရောင်းချပေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့နယ်၌ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူး ဈေးနှုန်းများအနေဖြင့်  ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၂၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၄၀၀)ကျပ်၊ ၁ပိဿာ လျှင်  (၄၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ အားလူဈေးနှုန်းများအနေဖြင့် အလုံးလှ ( ၂၅) ကျပ်သား လျှင် ( ၁၃၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၆၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်အတွင်း ကောက်ရိုးမှိုနှင့်ငွေနှင်းမှို ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော မှိုဈေးနှုန်းများအနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၈၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၀၀၀ ) ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ကောက်ရိုးမှို ( ၁၀) ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၄၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရာသီစာ ငှက်စွတ်မှို ( ၁)ပိဿာလျှင် ( ၁၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ အနေဖြင့် ခရေပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊ သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ကံကော်ပန်း ( ၃ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် ၁၅၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၀၀၀)ကျပ်၊ စပယ်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊  သပြေ ငုတ်ကြီး()ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး ()ငုတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ပန်းတမ်ငိုခေါ် ပန်းတိမ်မနိုင်များ ပေါများ၍ အရောင်းသွက်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဇူလိုင်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ )ပိဿာလျှင်( ၃၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့ ( ၁ ) ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်)  ( ၁ )ပိဿာလျှင် ( ၇၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့စား ( ၁) ပိဿာလျှင် ( ၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၁၅၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင် ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကွမ်းသီးဈေး ကျဆင်းလာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၈၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၅၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက် အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင် များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

       ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင်(၈၀၅၀၀) ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်း ပြန်လည်ကျဆင်းသွားကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၏ ဆီထွက်သီးနှံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူ မြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် ဇူလိုင်လ စတုတ္ထပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၇၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၄၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၀၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊  အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ၌ မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း အစေ့ထုတ် ပြောင်း(၁)တင်းလျှင် (၂၂၈၀၀)ကျပ်၊  ဇူလိုင်လ စတုတ္ထပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်ဆူစေ့သီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုး ထားရှိကြောင်း၊ ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြား သော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၇၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ကြက်ဆူစေ့ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့် လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသောကြောင့် မြေနေရာသီးသန့်မလို ကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း