Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်

      ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးနိုင်လင်းထက်သည် မော်လမြိုင်မြို့၊ FC Express အမြန်ချောပို့လုပ်ငန်း၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒုဦးစီးမှူး ဦးနိုင်လင်းထက်က အွန်လိုင်းစနစ်ရောင်းချခြင်း အတွက်အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ရန်လိုကြောင်း၊ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားရန် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်းအကြောင်းအရာများနှင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် ရရှိပြီးပါက   လိုက်နာရမည့်တာဝန်များအကြောင်းကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်

      ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးစည်သူတို့ သည် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ (အ.မ.က) ကန်သာယာ (၂) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်(၄)ရပ်အကြောင်း‌ ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား သိကောင်းစရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center 1535 သို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

      ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမ (၆) ဦး၊ ကျောင်းသား/သူ (၈၃) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံမှ ဌာန၏လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရပါသည်။

      DOCA (မွန်)

မုဒုံမြို့နယ်တွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား ကွင်းဆင်းအသိပညာပေး

   ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ Ocen Wave Mytel မင်္ဂလာနက် စသည့် အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများသို့ သွားရောက် ကွင်းဆင်းအသိပညာ‌ပေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။         

DOCA (မွန်)

ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

     ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူ တို့ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီစသည့် အခြေခံ စားသောက်ကုန်များကို ရောင်းချပေးခြင်း၊ လိုအပ်သည် တို့ကိုပံ့ပိုးပေးခဲ့ကြသည်။

     အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အောက်တိုဘာလ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၊ ‌ရွှေလှေကျေးရွာအတွင်း စားအုန်းဆီများရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာတွင် ၂၅.၁၀.၂၀၂၅ ရက်နေ့၌ Kaung Hlyan New Asia ကုမ္ပဏီမှ ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို လက်လီကိုယ်စားလှယ်များသို့ မျှတစွာခွဲတမ်းချပေး၍ လက်လီကိုယ်စားလှယ်များမှ သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ကျေးရွာနေစားသုံးသူပြည်သူများအား ပွင့်လင်းမြင်သာစွာ ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းတို့ ဖော်ပြထားသည့် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချပေးခဲ့သည်။

     ထိုသို့ ရောင်းချပေးနေမှုအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားသက်ဆိုင် ရာဌာနမှ အဖွဲ့ဝင်တာဝန်ရှိသူများသည် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ ခွဲတမ်းရပိဿာ ချိန် ပြည့်ဝစွာ ရောင်းချမှု ရှိ/မရှိ တို့ကို ကြီးကြပ်စစ်ဆေးခဲ့သည်။ ကျေးရွာနေ စားသုံးသူ ပြည်သူများမှ ယခုကဲ့သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးခွင့်ရသဖြင့် များစွာအဆင် ပြေနေကြောင်း၊ အလေးချိန်ပြည့်ဝ၍ အရည်အသွေးကောင်းသဖြင့် စီစဉ်ဆောင်ရွက်ပေးသူ တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ကြောင်းတို့ကို ကြားသိခဲ့ရကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက်(၀၉း၀၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ထိုသို့ ရောင်းချရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းစျေး (၇၂၁၁)ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကသက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ် အခွန်လွတ်ဈေးတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

     ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ၂၄.၁၀.၂၀၂၅ ရက်‌နေ့ နံနက် (၀၇:၃၀) အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ အခွန်လွတ်ဈေး၌ အပတ်စဉ် သောကြာနေ့တိုင်း ‌ရောင်းချလျက်ရှိသည့် စားအုန်းဆီရောင်းချရာ တွင် လက်ရောက်ဝယ်ယူသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ သိကောင်းစရာ များဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ စားသုံးသူပြည်သူ (၁၅၀) ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အောင်ဆုပန်အမှတ်တံဆိပ်ဖြင့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဒေသတွင်း လုပ်ငန်းရှင်များ သိရှိလိုက်နာဖို့ ကွင်းဆင်းအသိပညာပေးကြစို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင် မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသတွင်း ထုတ်လုပ်လျက်ရှိသော မြေပဲဆုံဆီ၊ လက်ဖက်နှင့် ငါးမုန့်ခြောက်လုပ်ငန်းရှင်များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ အသိပညာပေးရာတွင် လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူများမှ စားသောက်ကုန်တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ အသိပညာဗဟုသုတများ ရရှိလာပြီဖြစ်၍ ပြည့်စုံစွာထည့်သွင်းခြင်းဖြင့် အကျိုးစီးပွားများ အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ် ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူကာကွယ်ရေး ဥပဒေအရ ဈေးကွက် အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စောင့်ကြည့်စစ်ဆေး အရေးယူသွား မည်ဖြစ်ကြောင်း၊ မိမိတို့ ထုတ်လုပ်သော လက်ဖက်များတွင် ခွင့်မပြုဆိုးဆေးများ အသုံးပြုမှုကို ရှောင်ကြဉ်စေလိုကြောင်း၊ ခွင့်ပြုပမာဏကိုသာတိကျစွာ လိုက်နာစေလိုကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်(/၂၀၁၉) လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လှိုင်သာယာမြို့နယ်ရှိ ဈေးများသို့ ဈေးနှုန်းကောက်ယူခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           (၂၂.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ဈေးနှင့် အမှတ်(၂၀)ဈေးတို့တွင် ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ဈေးနှုန်းကောက်ယူခြင်းနှင့်ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         အမှတ်(၅)နှင့် အမှတ်(၂၀)ဈေး ကုန်စုံဆိုင်များတွင် ကုန်စည်များရောင်းချလျက်ရှိသော ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံခြင်း၊ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ပြဌာန်းချက်နှင့်အညီ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံမှု မရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ