Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၁၄.၈.၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ဒေါ်နှင်းအိဖြူ(ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက် အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှုရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Shin Shin အမှတ်တံဆိပ် (အသင့်စားဆန်ကြာဆံ) တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များကုန်စည်အုပ်စုရှိ အသင့်စားဆန်ကြာဆံတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်ဖြစ်၍ ထုတ်လုပ် သည့်လုပ်ငန်းအမည်နှင့် လိပ်စာပြည်စုံစွာပါရှိ ကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များဖော်ပြ ထားကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူ ရိုးမှားအတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း တင်းရရှိပါ သည်။

DOCA(ကချင်)