Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာတမာ သောက်ရေသန့်လုပ်ငန်းသို့ ကွင်းဆင်းခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန (FDA)ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဘိုကလေးမြို့နယ် အမှတ်(၁၀) ရပ်ကွက် စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်လုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မေလ(၂၆)ရက်နေ့ နံနက် (၁၄:၃၀)နာရီတွင် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထို့သိုကွင်းဆင်းစစ်ဆေးရာတွင် FDAဌာနမှလည်း ရေသန့်စက်ရုံသို့ အလုပ်သမားဝန်ထမ်း များ ဝင်ဝင်ချင်းလက်ကို စင်ကြယ်အောင်ဆေးကြောပြီး ကိုင်တွယ်အသုံးပြုရန်လိုအပ်ကြောင်း၊ ရေသန့်ဘူးများရေဖြည့်ရာတွင်သတ်မှတ်ထားသောအခန်းတွင်သာ စနစ်တကျရေဖြည့်ရန် လို ကြောင်း၊ရေသန့်ဘူးများကိုသန့်ရှင်းသပ်ရပ်စွာထားသိုရန်၊ ရေသန့်ဘူးခေါင်းများ(ပန့်) ပြန်လည် ဆေးကြောသန့်စင်ရာတွင်လက်အိတ်၊ ဝတ်စုံများ အခန်းသပ်သပ်ဖြင့် ဆေးကြောရန်လိုကြောင်း၊ ရေသန့်ထုတ်စက်နေရာတွင် ဝန်ထမ်းများ ဝတ်စုံအပြည့်ဝတ်ဆင်၍ စနစ်တကျရေဘူးထဲသို့ ရေဖြည့် သွင်းရန်နှင့်ပိုးမွှားများဝင်ရောက်မှုမရှိစေရန် မလိုလားအပ်သော ပစ္စည်းများမထားရှိရန် လိုအပ် ကြောင်းကို လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

(  Doca ဧရာဝတီ  )  

ပြည့်ဖြိုးကြွယ် ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိဌာနများ (စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန) သည် ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်လျက်ရှိပါသည်။

        စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး က မအူပင်မြို့နယ် ရေလဲလမ်းရှိ ပြည်ဖြိုးကြွယ်ဆန်စက်အား စစ်ဆေးရာ ဆန်စက်ပိုင်ရှင်းအား လုပ်ငန်းခွင် ဆောင်ရွက်နေမှုကို ကြည်ရှုလေ့လာခဲ့ပြီး စစ်ဆေးရာသည့် အကြောင်းမှာ ဆန်စက်အတွင်း/အပြင် သန့်ရှင်းမှုရှိ မည့် အပြင် ဆန်၊ စပါး များအား အစိုဓာတ်ကင်းစင်စွာ စနစ်တကျ သိုလှောင်ထားခြင်းရှိမရှိ၊ ဆန်တွင် ပိုးသတ်ဆေး သို့မဟုတ် တာရှည်ခံဓာတုပစ္စည်းများ အလွန်အကျွံ ပါဝင်မှုမရှိစေရေး အသိပညာပေးခြင်း၊ စက်များ၏ လုပ်ငန်းလည်ပတ်မှုတွင် ချို့ယွင်းချက်များမရှိဘဲ စံချိန်စံညွှန်းပြည့်မီစွာ လည်ပတ်နိုင်ခြင်းဆွေးနွေးခြင်း၊ ဆန်စက်တွင် စပါးတင်းရေ(၃၀၀၀)၊ ဆန် (၁၀၀၀)အိတ် သိုလှောင်ထားရှိကြောင်း၊ သိုလှောင်ထားရှိကြောင်းနှင့် စပါးဈေးနှုန်း အခြေအနေများ၊ ရန်ကုန်တင်ပို့မှုအခြေအနေများ၊ သိုလှောင်ရုံ စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို စစ်ဆေးခြင်း ပိုင်ရှင်မှ ရန်ကုန်သို့ အဓိကထား၍ လစဉ်တင်ပို့ရောင်းချ လျက်ရှိ ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

    ၁.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် မော်လမြိုင်ခရိုင်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်ရှိ မေဘရန်းဒက် ကော်လက်ရှင်နှင့် မိုးပွင့် စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းတို့အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   မော်လမြိုင်မြို့နယ်ရှိ မေဘရန်းဒက် ကော်လက်ရှင် နှင့် မိုးပွင့် စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ လိုက်နာရမည့်တာဝန်များကို ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

အာလူးကြော်စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ အသိပညာပေး ဆောင်ရွက်

          မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင် တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ ကော့ထင်းစံပြကျေးရွာရှိ အာလူး ကြော်နှင့် အကြော်စုံ လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် မသူသူနှင့် ၂၉.၅.၂၀၂၆ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်၌ တွေ့ဆုံကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံသည် လုပ်ငန်းရှင် အား တွေ့ဆုံအသိပညာ ပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင်သော လုပ်ငန်းရှင်တစ်ဦးအနေဖြင့် လိုက်နာရမည့်တာဝန်များကို ပြောကြားဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံမှလည်း စားသောက်ကုန်လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာနှင့် ပတ်သက်သောအချက်များအား ရှင်းလင်းပြောကြား အသိပညာပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

    ၂၀၂၆ ခုနှစ်၊ မေလ ၂၆  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်းများသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ (ဈေးများဌာန) တို့နှင့်ပူးပေါင်း၍  ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေသဇင်ဈေးတွင်  စားသုံးသူများနေ့စဉ်အသုံးပြုလျက် ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။          

DOCA (ပြည်ထောင်စုနယ်မြေ)

အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အိမ်သုံး လျှပ်စစ် ပစ္စည်း များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် အရည်အသွေးပြည့် မီမှု များကို ဈေးကွက်အတွင်း ကွင်းဆင်းစောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။

            ၁၉-၅-၂၀၂၆ ရက်နေ့ နံနက် ၁၀နာရီအချိန်က မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည့် ဓနုဖြူမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်အား စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ လျှပ်စစ်ပစ္စည်းများတွင် ထုတ်လုပ်သူအမည်၊ တင်သွင်းသူအမည်၊ အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်းနှင့် သတိပေးချက်များကို မြန်မာဘာသာ (သို့မဟုတ်) မြန်မာဘာသာနှင့် အခြားဘာသာတွဲစပ်၍ ဖော်ပြထားခြင်းကို စစ်ဆေးခြင်း၊ စားသုံးသူများအား ထိခိုက်နစ်နာစေနိုင်သော၊ သတ်မှတ်စံချိန်စံညွှန်း များနှင့်မကိုက်ညီသော ပစ္စည်းများ ဈေးကွက်အတွင်းမှ ပပျောက်ရေးအတွက် ဆောင်ရွက်ခြင်း၊ ဆိုင်ရှင်များအား တရားမဝင် သို့မဟုတ် သတ်မှတ်ချက်မပြည့်စုံသော ပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော အိမ်သုံး လျှပ်စစ် ပစ္စည်းများရောင်းချကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

 

 

ဒေးဒရဲမြို့၌ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေဆုံဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံ ဆွေးနွေးပွဲအား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ (၂၁-၅-၂၀၂၆)ရက်နေ့၊ နံနက်(၁၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှုးဦးထွေးသိမ်းမှ ဒေးဒရဲမြို့ ဆီလက် ကားကိုယ်စားလှယ်များအား ဒေးဒရဲဆီခွဲတမ်းရရှိမှုအပေါ် သတ်မှတ်ရက်အတွင်း အချိန်နှင့်တပြေးညီ ဆီ ထုတ်ယူပေးနိုင်ရန် ဆီလက်ကားကိုယ်စားလှယ်များမှလည်း ရရှိသောဆီများကို စနစ်တကျရောင်းချသွား ရန်၊ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများအား လက်လီဖြန့်ဖြူးရောင်းချပေးလျှက်ရှိရာ စားအုန်းဆီအ ရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများအား သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ် ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက်ရောင်းချသွားရန်လိုအပ်ကြောင်းကျေးရွာများသို့ဆီအရောင်းကိုယ်စားလှယ်များမှရောင်းချရက်အတွင်း သတ်မှတ်ချက်နှင့်အညီ ရောင်းချ ပေးနိုင်ရန် အပတ်စဉ်ထုတ်ယူရောက်ရှိလာသည့် စားအုန်းဆီများ၏ ရောင်းလိုအား၊ ဝယ်လိုအား၊ အခြေအနေများညီမျှရန်၊ စားသုံးသူပြည်သူများ သက်သာစွာဝယ်ယူနိုင်ရန် အဓိကထားဆောင်ရွက်ရန်လို အပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၉.၅.၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

           ထိုသို့ပြောဆွေးနွေးရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိမှစားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များအားရှင်းလင်းပြောကြားခဲ့ပြီး၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေများအကြောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီလို က်နာဆောင်ရွက်ကြရန်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့်ဝန်ဆောင်မှု များ၏ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းဆိုင်ရာ တားမြစ်ချက်များအကြောင်း အသိပညာပေးရှင်းလင်း ဆွေးခဲ့ပြီး၊ ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာ နိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC နှင့် 1535 သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် (၁၉.၅.၂၀၂၆)ရက်နေ့၊ နေ့လည် (၁၂;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြိူု့နယ်တာဝန်ခံရုံးတွင်ကုန်မျိုးစုံနှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မြို့နယ်တာဝန်ခံမှ စားသုံးသူ ရေးရာဦးစီးဌာန၏လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြား ခဲ့ပါသည်၊၊ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင် မည်သူမဆို ပုဒ်မ(၆၇)(၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်နိုင်ကြောင်း၊ အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့်လုပ်ငန်းရှင်များအားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအားသိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ  လုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

 

              စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦး ဦးဆောင်သော ဝန်ထမ်း(၄)ဦးသည် ၂၀၂၆ခုနှစ်၊ မေလ(၂၆)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား သောက်ကုန်( ကိတ်မုန့်/ ပေါင်မုန့်/ အကြော်/ဖျော်ရည်)ထုတ်လုပ်မှုနည်းပညာသင်တန်း၌ သင်တန်း သား/သင်တန်းသူ စုစုပေါင်း( ၁၅ )ဦးအား လည်းကောင်း၊ နေ့လယ်( ၁၄:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့ဝင်(၅၀)ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။

              ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် သင်တန်း စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)က ဟောပြောဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) အတိုင်းလိုက်နာ ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါတယ်။

              လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူ

သုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထား သောဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှု များ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar Aplication များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ U9၊ Atom၊ Mytel ဆင်းကဒ် များဖြင့်လည်း Hot Line ဖုန်းနံပါတ် ၁၅၃၅ နံပါတ်သို့ခေါ်ဆို၍ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားမှုများပြုလုပ် နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရဲတပ်ဖွဲ့ဝင်များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(ကယား)          

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ