Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

     ၂၀၂၆ ခုနှစ်၊ မေလ(၂၁) ရက်နေ့ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ )ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန တို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ အစားအသောက်ပြုပြင်ရောင်းချနေသော Loikaw City၊ အောင်သပြေ၊ ရွှေဒင်္ဂါး( ၁ )၊ ရွှေဒင်္ဂါး( ၂ )၊ Enjoy၊ Forever Mandalay၊ စားသောက်ဆိုင်( ၆ ) ဆိုင်သို့ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစား      အသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ၊  မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်း မြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိဆိုင်တွင် အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအား Apron၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေ ရေးကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အဖိုးအခ ထပ်မံ ကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့  အသိပေး ဖော်ပြထားရှိရန်၊ မိမိတို့ဆိုင်မှရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား( Size ) ပမာဏ အလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာ ဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ် ကြောင်း အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) ဦးဆောင်၍ ဒေါ်ခင်ရတနာမျိုး  (အငယ်တန်းစာရေး)တို့သည် ၂၁-၅-၂၀၂၆ ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးဝင်းသိန်းဦး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁) ပုဒ်မ(၂)ပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)၊ ပုဒ်မ(၂၀)ပါ  စားသုံးသူ၏ တာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉)ပါ  စားသုံးသူ၏ အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာ  အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို  ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော  သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ စားသုံးသူများ စိတ်ကြိုက်‌ ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ အကြောင်း၊   ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center လိုင်းခွဲ() သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအကြောင်း၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ အသိပညာများအကြောင်း၊ ရောနှောဆီ အပါအဝင် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများကို ရေရှည်စားသုံး မိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်မှု၊ စားသုံးသူနှင့် ကိုက်ညီသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုရန်၊ စားအုန်းဆီနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း၊ အီလက်ထရောနစ် အငွေ့ ရှုစက်နှင့် ပတ်သက်၍ သိကောင်းစရာအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

 

အသိပညာ‌ပေး‌ဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ  ဦးဘောမ်ဇုံး (ရုံးအုပ်)သည် ၂၂-၅-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၁)၊ မြို့နယ်စည်ပင်‌ဈေး(၁)ရှိ စားသုံးသူပြည်သူ (၁၈)ဦး အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးဘောမ်ဇုံး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁)၊ပုဒ်မ(၂)ပါ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၂၀)ပါ  စားသုံးသူ၏တာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉)၊ပုဒ်မ(၁၉)ပါ  စားသုံးသူ၏ အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစွာ  အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်   သို့မဟုတ်   ဝန်ဆောင်မှုကို  ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော  သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ စားသုံးသူများ စိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ အကြောင်း၊   ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူများအား Consumer Call Center လိုင်းခွဲ() သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအကြောင်း၊ အီလက်ထရောနစ် အငွေ့ရှူစက် ဖြစ်သည့် အီလက်ထရောနစ်စီးကရက်ကဲ့သို့သော ပစ္စည်းများအကြောင်း၊ ကုန်စည်များကို ဝယ်ယူ သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူ သုံးစွဲရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်း ပေးနေမှုအခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်း တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး   ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ဒေါ်စန်းရုန်(အကြီးတန်းစာရေး)နှင့် ဦးရဲရင့်ဖြိုး(အကြီးတန်းစားရေး)တို့သည် ၂၂-၅-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီ ရောင်းချလျက်ရှိသော ဒါမာလီ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

               ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OMG အမှတ်တံဆိပ် ရှူးရှဲလျှာမီးတောက် သီးရွက်စုံခေါက်ဆွဲပြုတ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုး အစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ ပါဝင်ရမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ    ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူ ရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၂၂-၅-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စိမ်းမြောက်ရပ် ကွက်ရှိ ဦးသိန်းလှိုင်(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SUPER KIDDY အမှတ်တံဆိပ်ပါ တစ်ခါသုံးကလေး သေးခံဘောင်းဘီသည် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးတို့တွင် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ  ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းဖြင့် အစားအသောက်နှင့်အဝတ်အထည်များရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်း အသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၁၉..၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အစားအသောက်နှင့်အဝတ်အထည်များရောင်းချသည့် အွန်လိုင်း စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင် များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိလျှင် အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှ အဝတ်အထည်၊ အစားအသောက်၊ အလှကုန်ပစ္စည်းများစသည့် ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အွန်လိုင်းမှတ်ပုံတင်များ လျှောက်ထားရန်နှင့်လုပ်ငန်းရှင်များအား မှတ်ပုံတင်လျှောက်ထားရန် အခြေခံလိုအပ်ချက်များ အပါ အဝင် အခြားသိကောင်းစရာများနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

“L E O”သောက်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ် ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့် သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

    ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍(၁၈.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ “L E O”သောက်ရေသန့် စက်ရုံမှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင်ဒု-ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာ ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကုန်စည်များအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း ပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့၌ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး Talk   Show   ပြုလုပ်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း သည်(၁၇.၅.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်စီစီမိုးက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းရာ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် လိုအပ်သော ပူးတွဲလျှောက်ထားရမည့်အချက်အလက်များ၊ မှတ်ပုံတင်ရမည့် ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးအစားများ၊  အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်း၊ မှတ်ပုံတင်သက်တမ်းမှာ ()နှစ်ဖြစ်ကြောင်း၊ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၆၀) ကြိုတင်၍ သက်တမ်းတိုးလျှောက်ထား နိုင်ကြောင်း၊ သက်တမ်း()နှစ်ပြည့်မြောက်ပါက စနစ်၏ နှစ်စဉ် အစီရင်ခံစာ Annual Return တင်ပြ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  မှတ်ပုံတင်ထားခြင်း မရှိသော လုပ်ငန်းများအား ထောင်ဒဏ်()လမှ ()နှစ်(သို့) ငွေကျပ်()သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း၊  မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီး ()လ ပြည့်သည့်နေ့မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ()အရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ အား အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုရန်နှင့် အွန်လိုင်းမှတ်ပုံတင်ထားသော Online Shop များတွင်သာ ကုန်ပစ္စည်းများ ဝယ်ယူကြရန် ပြန်လည်ရှင်းလင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၁၈.၅.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည့် အနောက်တိုင်းဆေးများ ရောနှောပါဝင်ပြီး စံမညီသည့် တိုင်းရင်းဆေးဝါးများရောနှောမှုရှိ/မရှိကို ချောက်မြို့အတွင်းရှိ ဆေးဝါးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဆေးဆိုင်ကြီး (၆)ဆိုင်သို့ သွားရောက်၍ ဆရာဝန်ညွှန်ကြားချက်မလိုအပ်‌သော သောက်ဆေးအမျိုးမျိုးအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိနှင့် ရက်လွန်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးချက်ရ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၌ ပါရှိသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိခြင်း မရှိသော အိမ်သုံးသောက်ဆေးအမျိုးမျိုးနှင့် ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးနှိုးဆော်ထားသည့် အနောက်တိုင်းဆေးများ ရောနှောပါဝင်ပြီး စံမညီသည့် တိုင်းရင်း ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း တွေ့ရှိပါက ဖျက်ဆီးသိမ်း ဆည်းခြင်းနှင့် နောက်နောင်ရောင်းချခြင်းမပြုလုပ်ပါရန် သတိပေးတားမြစ်ခြင်း၊ စားသုံးသူကာကွယ် ရေးဥပဒေနှင့်ညီညွတ်စွာရောင်းချခြင်းမပြုလုပ်ပါက ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေး နွေးခြင်း စသည်ကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် စားသောက်ကုန်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲကြီးကြပ်သူအရာရှိ ဒေါ်စုစုထွန်း လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် (၁၉.၅.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ အောင်ရတနာ အုပ်စု၊ ရန်နိုင်ရပ်ကွက်၊ ၂၅ လမ်းပေါ်ရှိ "အေဇက်ဝိုင်" မကွေးဆီစက်မှ မြေပဲဆီ၊ နှမ်းဆီ စားသောက် ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းအား Online မှတ်ပုံတင်ရာတွင် အချက်အလက် များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းအား Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည် မှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိ၊ ဖုန်းနံပါတ်မှန်ကန်မှု ရှိ/မရှိ၊ လျှောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန် ကြောင်း၊ အမည်ပျက်စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ထောက်ခံချက်နှင့် ရောင်းချနေသည့် ကုန်စည်/ ဝန်ဆောင်မှု အုပ်စုအတိုင်း ကိုက်ညီမှု ရှိ/မရှိ၊ ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှုသည် ဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသော (သို့မဟုတ်)ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ် (သို့မဟုတ်) ဥပဒေ တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိ/မရှိ၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် မြေပြင်စစ်ဆေးရမည့် အချက် (၁၈)ချက်နှင့်အညီ စစ်ဆေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊  အွန်လိုင်း မှတ်ပုံတင်လက်မှတ်ရရှိထားသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်နှင့် အာမခံရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ