Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

Powered by Drupal

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး မှ ဦးဝင်းသိန်းဦး (ခရိုင်တာဝန်ခံ) သည် ၁၃-၈-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ ရွာသစ်ကုန်းရပ်ကွက်ရှိ စားသုံးသူပြည်သူ (၉)ဦးနှင့်တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များအကြောင်း၊ စားသုံးသူအခွင့်အရေး နှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက် ရန်၊ ကုန်သွယ်ရေး ဦးစီးဌာန၏ eComReg System Report နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း တို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ကချင်)