Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၄.၈.၂၀၂၆)ရက် နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေသမင်မုန့်လုပ်ငန်းအား ဈေးကွက် မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့် အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းအကြောင်းများနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ ကိုရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့ရှိ MPT ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၄.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ် တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ MPTဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများ ရှင်လင်းဆွေးနွေးအသိပညာပေးခြင်းနှင့် MPTမှ ဆောင်ရွက်ပေးသည့် အင်တာနက်ဝန်ဆောင်မှုများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၊  စက်မှုဇုန်ရှိ ဆန်စပါးကုန်စည်ဒိုင်တွင် ဆန်စက်၊ ဆန်ကုန်သည်နှင့်မွေးမြူရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဆန်စပါး ကုန်စည်ဒိုင်တွင်  ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်၌ စားသုံးသူရေး ရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဆန်စက်၊ ဆန်ကုန်သည်နှင့် မွေးမြူ ရေးလုပ်ငန်းရှင်(၁၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

          အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံး သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Concumer Call Center NO 1535အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆန်စက်၊ ဆန်ကုန်သည်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၇.၈.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော "ပိုပိုကောင်း"နှင့် “ခိုင်မွန်” ပဲကြော်ဖိုလုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တစ်ကယ် လည်ပတ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပဲကြော်လုပ်ငန်းများမှာ အမှန်တစ်ကယ်လုပ်ငန်းလည်ပတ်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကုန်ကြမ်းပဲကြီးကို ပိဿာချိန်(၃၀)ဝင် တစ်အိတ်လျှင် ကျပ်(၂၀၀၀၀၀-၂၅၀၀၀၀)ဖြင့် မုံရွာ၊ အောင်ပန်းမြို့များမှ ဝယ်ယူကြောင်း၊ တစ်နေ့လျှင် အိတ်ရေ(၁၈ - ၂၀)အိတ်ခန့် ကြော်ရကြောင်း၊ တစ်လလျှင် ပျမ်းမျှ(၂၀-၂၅)ရက် ခန့် လုပ်ကိုင်ရကြောင်း၊ ပဲကြော်သော လုပ်သားဦးရေ (၉)ဦးရှိပြီး လုပ်သားခကို တစ်နေ့လျှင် အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦး ကျပ် (၁၀၀၀၀)ပေးကြောင်း၊ ပဲညှစ်သော လုပ်သားဦးရေ  အများအပြားရှိပြီး ပဲညှစ်ခကို တစ်ပြည်လျှင် ကျပ်(၇၀၀)ပေးကြောင်း၊ လူတစ်ဦး လျှင် ပဲညှစ်ခ ကျပ်(၆၀၀၀-၈၀၀၀)ခန့်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲပူးကြော်၊ နှစ်ပြန်ကြော် တစ်ပိဿာလျှင် လက်လီ ကျပ်(၂၀၀၀၀)၊ လက်ကား ကျပ်(၁၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ပဲကြော်များကို ပခုက္ကူမြို့ပေါ်တွင် ရောင်းချရမှုနည်းပြီး ရန်ကုန်၊ တောင်ကြီး၊ မုံရွာ၊ ကလေး၊ ကလေးဝမြို့နယ်များသို့ ရေလမ်းဖြင့် အများဆုံးတင်ပို့ ရောင်းချကြောင်း သိရသည်။

          ဈေးနှုန်းချိုသာသော စားအုန်းဆီ ခွဲတမ်းရရှိမှုကြောင့် လက်ရှိအချိန်တွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရသည်မှာ အဆင်ပြေကြောင်း၊ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင် ရသောကြောင့် စားအုန်းဆီ လုံလောက်မှုနည်းပါးသဖြင့် ဝါစေ့ဆီကို တွဲဖက်၍ သုံးစွဲနေကြောင်း၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ပခုက္ကူစက်မှုဇုန်မှ ဝယ်ယူကြောင်း၊ ဆီခွဲတမ်းရရှိမှုများလျှင် ပို၍ အဆင်ပြေကြောင်း၊ ဆီဈေးနှုန်းသင့်တင့်စွာ ဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ပဲကြော်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ရွှေဘိုမြို့ရှိ Online Sale လုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၁၄.၈.၂၀၂၆)ရက်နေ့၊  (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သူဇာရပ်ရှိ “Aung Thit Sar (အောင်သစ္စာ အိုးဝေအပိုပစ္စည်းရောင်းဝယ်ရေး) အခြားအသုံးပစ္စည်းများနှင့် အခြားဝန်ဆောင်မှု များလုပ်ငန်းအား  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်းထားများ၊ Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ အောင်ရတီအာလူးကြော်လုပ်ငန်းသို့ ကွင်းဆင်း

    စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် မျော်မှန်းချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၁၀ရက်နေ့ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပိုးတန်းရှိ အောင်ရတီအာလူးကြော်လုပ်ငန်းသို့ သွားရောက်ပြီး ပိုင်ရှင်ဦးမင်းဇော်ထွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

    အောင်ရတီအာလူးကြော်လုပ်ငန်းကို ၂၀၁၉ခုနှစ်က ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (၇၅)သိန်းကျော် ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ ကုန်ကြမ်းအာလူးများကို မန္တလေးမြို့မှ အများဆုံးဝယ်ယူပြီး ကုန်ချော အာလူးကြော်များကို ရန်ကုန်၊ မန္တ‌လေး၊ ကျောက်ဆည်မြို့များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း၊ လုပ်သားအင်အားအမျိုးသမီး(၉)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ပြီး တစ်ဦးလျှင် တစ်လ(၃)သိန်းကျပ်မှ (၄)သိန်းကျပ်ထိ ပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်း အာလူးပိဿာ (၂၈၀)ခန့်နှင့် စားအုန်းဆီပိဿာ(၄၀)ခန့်ကို အသုံးပြု၍ကြော်ရကြောင်း၊ တစ်လလျှင် (၂)ရက်နားပြီး (၂၈)ရက်လုပ်ငန်းများဆောင်ရွက်ကြောင်း၊ ကုန်ကြမ်းအာလူးပိဿာ (၂၈၀)ကြော် လျှင် ကုန်ချောအာလူးကြော်ပိဿာ (၅၀)ကျော်ထွက်ရှိကြောင်း၊ အာလူးကြော် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အထုပ်များ၊ ဘူးများဖြင့်လည်းကောင်း ရောင်းချကြောင်း အောင်ရတီလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ စစ်ကိုင်းမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ လုပ်ငန်းရှင်မှ  Consumer Call Center ၁၅၃၅ သို့ သိလိုသည်များ မေးမြန် ဆက်သွယ်ဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို  နေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင် ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၁၁.၈.၂၀၂၆)ရက်နေ့ နံနက်(၁1:3၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(10)ရပ်ကွက်ရှိ ရွှေပုံအကြော်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသည့်လုပ်ငန်းမှ  Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁) နေပြည်တော်ရုံးချုပ်သို့  အသင့်စားမုန့်အမျိုးမျိုးတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ဆက်သွယ်မေးမြန်း ရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(စစ်ကိုင်း)

 

ဘားအံမြို့ရှိ မူလွန် (၃) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဉာဏ်လင်းနှင့် ဝန်ထမ်း များသည် ၁၄-၈-၂၀၂၆ ရက်၊ သောကြာနေ့ နေ့လည် ၁၂:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ်(၃) မူလတန်းလွန်ကျောင်းတွင် ဆရာ/ဆရာမ များနှင့် ကျောင်းသားမိဘများအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးဉာဏ်လင်းက  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းများနှင့် ဟောပြောခဲ့ပြီး၊ ဆက်လက်၍ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၂) ဦး၊  ကျောင်းသားမိဘများ (၁၅)ဦး စုစုပေါင်း ဦးရေ(၂၇) တက်ရောက်ပြီး  လက်ကမ်းစာစောင် များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ကရင်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့် ဝန်ထမ်းများသည် ၁၃-၈-၂၀၂၆ ရက်၊ ကြာသပတေးနေ့ နေ့လယ်  ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာတွင် ပြည်သူများအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ  သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံမှုများဖြစ်ပေါ်ပါက CICC သို့ တိုင်ကြား နိုင်ကြောင်း၊ Call Center 1535 ရုံးချိန် (၂၄)နာရီ အတွင်းတိုင်ကြားနိုင်ကြောင်း လက်တွေ့ခေါ်ဆို မေးမြန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်သူ (၄၀)ဦး  တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ကရင်)

အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း ကွင်းဆင်းစစ်ဆေး

               စားသောက်ဆိုင်နှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများတွင် ဘေးကင်းလုံခြုံမှုနှင့် စားသုံးသူ အခွင့် အရေးများ ပြည့်မီစေရန်အတွက် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၆) ရက်နေ့က သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး မြေပြင် ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စစ်ဆေးရာတွင် စားသောက်ဆိုင်များအနေဖြင့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ချက်ပြုတ်ရောင်းချမှုရှိ/မရှိ၊ အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှု၊ အစားအသောက်များကို သင့်လျော်စွာ သိမ်းဆည်းထားရှိမှုနှင့် ဆိုင်အတွင်း သန့်ရှင်းရေးအခြေအနေများကို စိစစ်ခဲ့သည်။ ထို့အပြင် စားသုံးသူများ၏ အခွင့်အရေးများ မထိခိုက်စေရေး၊ အစားအသောက်များကို သန့်ရှင်းဘေးကင်းစွာ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် စားသုံးသူမဝယ်ယူမီ ဈေးနှုန်းများကို သိသာထင်ရှားစွာ ဖော်ပြသည့် မီနူးထားရှိမှုအခြေအနေများကို စစ်ဆေးခြင်း၊ စားသောက်ဆိုင်များတွင် အမှိုက်ပုံး ၃ခု ထားရှိမှုအခြေအနေများကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ကောင်းမွန်သော ဝန်ဆောင်မှုနှင့်မညီသော အခြေအနေများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး  စားသုံးသူများအပေါ် ကောင်းမွန်မျှတသော ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို ဆိုင်ရှင်များနှင့် ဝန်ထမ်းများအား အသိပညာပေး လမ်းညွှန်ခဲ့သည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ