Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုတ်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Sunday (အသင့်ဖျော်ကော်ဖီ)၊ Best (အသင့်ဖျော် ကော်ဖီ)၊ PREMIER (အသင့်ဖျော်နှပ်ကော်ဖီ)၊ Old Town (အသင့်ဖျော်ကော်ဖီ)၊ PLATINUM (ဝိုက် ကော်ဖီ)၊ Royal Maynmar (အသင့်ဖျော်လက်ဖက်ရည်)တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉  အခန်း(၁၈)တွင် ပြဌာန်းထားသော ပြဌာန်းချက်အညီ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်ဖြစ်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

 

မှော်ဘီမြို့နယ်အတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ၊ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၇.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်းပြီး မှော်ဘီမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များတွင် တရားမဝင်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုလိုင်စင် စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ သက်မှတ်ရည်ညွှန်းဈေး ရောင်းချမှုမရှိစေရေးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မြို့နယ်တွင်းရှိ ဆန်စက်ငယ်များအား MyRO မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း

     ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၅.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန် မြို့နယ်တာဝန်ခံရုံးတွင် ရှားခဲကျေးရွာ ရှိ   “ လှိုင်သဇင်ဆန်စက်”  ပိုင်ရှင် ဦးတင်ထွဋ် နှင့် သပြေငူကျေးရွာရှိ “ ဇမ္ဗူအောင်ဆန်စက်” ပိုင်ရှင် ဦးဝင်းထွန်းဦး တို့အားတွေ့ဆုံပြီး MyRO မှတ်ပုံတင်ဝင်ရန် လိုအပ်သည်များ လမ်းညွှန် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြီးနောက် ဆန်စက်ပိုင်ရှင်များအား နေ့စဉ် စပါးအဝင်အထွက် နှင့် ဆန်ကြိတ်ခွဲ တင်ပို့မှုစာရင်းများ စနစ်တကျထားရှိရန် နှင့် လ တစ်လ၏ လချုပ်စာရင်းအား နောက်လ လဆန်း(၁)ရက်မှ (၁၀)ရက်အတွင်း MyRO ၏ သိုလှောင်ရုံလုပ်ငန်းစဉ်များတွင် ဝင်ရောက်၍ စပါး၊ဆန် လက်ကျန်စာရင်း ဖြေဆိုပေးနိုင်ပါရန် ကိစ္စရပ်များ မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

Ocean Super Center ၌ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၇.၁၀.၂၀၂၅) ရက်နေ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ Ocean Super Center တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများ၌ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Ocean Super Center မှ တာဝန်ခံအား စားအုန်းဆီ/ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ရက် နေ့ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) တွင်ဖော်ပြထားသည့် (ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုး အမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင် အသိပေးခဲ့ကြောင်း သိရသည်။ ဥပမာ- ဟင်းသီးဟင်းရွက်ဆီ/ (အဆင့်မြင့် စားအုန်းဆီ)ဟု လည်းကောင်းဖော်ပြပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြို့နယ်တွင်းရှိ ဆန်စက်ငယ်များအား MyRO မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း

        ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၅.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန် မြို့နယ်တာဝန်ခံရုံးတွင် ကျောင်းစုကျေးရွာ ရှိ   “ KS ဆန်စက်”  ပိုင်ရှင် ဒေါ်ခင်စန်း အားတွေ့ဆုံပြီး MyRO မှတ်ပုံတင်ဝင်ရန် လိုအပ်သည်များ လမ်းညွှန် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြီးနောက် ဆန်စက်ပိုင်ရှင်အား နေ့စဉ် စပါးအဝင်အထွက် နှင့် ဆန်ကြိတ်ခွဲ တင်ပို့မှုစာရင်းများ စနစ်တကျထားရှိရန် နှင့် လ တစ်လ၏ လချုပ်စာရင်းအား နောက်လ လဆန်း (၁)ရက်မှ (၁၀)ရက်အတွင်း MyRO ၏ သိုလှောင်ရုံလုပ်ငန်းစဉ်များတွင် ဝင်ရောက်၍ စပါး၊ဆန် လက်ကျန်စာရင်း ဖြေဆိုပေးနိုင်ပါရန် ကိစ္စရပ်များ မှာကြားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချပေးမည့် ဆိုင်သစ်သို့ လိုအပ်ချက်များမှာကြားခြင်း

     ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန် မြို့နယ်တာဝန်ခံရုံးတွင် စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်ဖြင့် ပြည်သူသို့ရောင်းချပေးရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ထိန်ငူကြီး ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်တို့အား တွေ့ဆုံပြီး ဆီဝယ်ယူခွင့် စာအုပ်များအား အိမ်ထောင်စုအလိုက် လက်မှတ်ထိုးပေးအပ်ထားရန် ၊ (၁၀) ရက်တစ်ကြိမ် မြို့နယ်လက်ကားကိုယ်စားလှယ်ထံတွင် သတ်မှတ်ဈေးဖြင့် ဆီထုတ်ယူ၍ ကျေးရွာရှိ မိသားစု များသို့ သတ်မှတ်ရောင်းဈေးအတိုင်း ရက်ချိန်းမှန် ၊ အလေးမှန် ၊ အရည်အသွေးမှန် စနစ်တကျ ရောင်းချပေးရန် ၊ ဆီဝယ်ယူခွင့်စာအုပ်တွင် ရောင်းချစဉ်တိုင်း စနစ်တကျ ရေးသွင်းထားရှိရန် စသည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

မြို့နယ်တွင်းရှိ စပါး ကုန်သည်အား MyRO မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း

     ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၅.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန် မြို့နယ်တာဝန်ခံရုံးတွင် အောင်ဆန်းရပ်ကွက်၊ အမှတ်(၁၄)နယ်မြေ၊ တာသစ်လမ်းတွင် စပါးသိုလှောင်ရုံထားရှိပြီး ထိန်တပင်ကျေးရွာအုပ်စုတွင် နေထိုင်သူ စပါးဝယ်၊ရောင်း လုပ်ငန်းရှင် ဦးခင်မောင်ကို အားတွေ့ဆုံပြီး MyRO မှတ်ပုံတင်ဝင်ရန် လိုအပ်သည်များ လမ်းညွှန် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြီးနောက် လုပ်ငန်းရှင်အား စပါးသိုလှောင်မှုစာရင်း စနစ်တကျ ထားရှိရန်နှင့် လတစ်လ၏ လချုပ်စာရင်းအား နောက်လ လဆန်း(၁)ရက်မှ (၁၀)ရက်အတွင်း MyRO ၏ သိုလှောင်ရုံ လုပ်ငန်းစဉ်များတွင် ဝင်ရောက်၍ စပါးလက်ကျန်စာရင်း ဖြေဆိုပေးနိုင်ပါရန် ကိစ္စရပ်များ မှာကြား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

ကျောက်ပန်းတောင်းမြို့၊ မြို့မစည်ပင်သာယာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေး

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့မစည်ပင် သာယာဈေး၌ ရောင်းချ နေသော အသင့်စားမုန့်အမျိုးမျိုးအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ အသင့်စားမုန့် အမျိုး မျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော် ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်မုန့်များရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်မုန့်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြပါဝင်သော မုန့်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော မုန့်များကိုသာ ဆက်လက်ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြန့်ဖြူး ရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ Mytel Internet ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ုတာဝန်ခံ နှင့်ဝန်ထမ်းများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၈.၉. ၂၀၂၅)ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ Mytel အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအားကွင်းဆင်း၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့ဝင်များမှ တာဝန်ရှိသူများသည် အင်တာနက်ဝန်ဆောင်မှုလုပ်ကိုင်သူများအနေဖြင့် သုံးစွဲသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြပေးရန် လိုအပ် ပါကြောင်း၊ သတင်းအချက်အလက်များပေးရာတွင် ပြည့်စုံမှန်ကန်မှု၊ ရှင်းလင်းမှုနှင့်ကြိုတင်အသိပေး ဆောင်ရွက်မှုများကိုလည်း သုံးသူများများစိတ်ကျေနပ်မှုရှိရန်လိုအပ်ပါကြောင်း၊ လက်ရှိတွင် အင်တာ နက်လိုင်းကြောင့် သုံးစွဲသူများစိတ်ကျေနပ်မှုမရှိ၍ တိုင်းကြားအရေးဆိုမှုများသည် အများအများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ် ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှု မပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှ တောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးခဲ့ကြောင်း၊ ဆက်လက်၍ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများမှလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

   ၂၀၂၅ ခုနစ်၊ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ လုပ်ငန်းခွင်များတွင်အမှန်တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဆွေးနွေး ပြောကြားရာတွင်  MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည် သယ်ယူ ရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက် စားအုန်းဆီများ ကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက် ၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင် ပြသနိုင်ရေး စသည့်လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၇) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နံနက် ၁၁:၃၀  နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ