Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင် ၍ အငယ်တန်းစာရေး ဒေါ်ခင်ရတနာမျိုးတို့ သည် ၁၇-၃-၂၀၂6 ရက်နေ့တွင် မိုးညှင်းမြို့၊ သီတာရပ် ကွက်ရှိ သဇင်မိုး (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Sunkist အမှတ်တံဆိပ်ပါ လိမ္မော်အရသာအချိုရည် သည် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန် မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးတင်မောင်ထွန်း (ရုံးအုပ်) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)၊ ဒေါ်စန်းရုန်(အကြီးတန်းစာရေး)နှင့် ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး) တို့ ပါဝင်သောအဖွဲ့သည် ၁၇-၃-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေပြည်သာ ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဒေါ်စန်းတင့်(ကုန်စုံဆိုင်)သို့ သွားရောက် ၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်စန်းတင့်(ကုန်စုံဆိုင်) မှ Lucky Bakery အမှတ်တံဆိပ်ပါ ဘီဘီကွတ်ကီးတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည် ပေါ်တွင် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါ ရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးတင်မောင်ထွန်း (ရုံးအုပ်) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)၊ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)နှင့် ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး)တို့ ပါဝင်သောအဖွဲ့သည် ၁၆-၃-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စည်ပင် သာယာရေစင်ဈေးတိုက်တန်း၊ မြို့မရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ဦးကံချား(ကုန်စုံဆိုင်)သို့ သွားရောက်၍စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးကံချား(ကုန်စုံဆိုင်) မှ GOLD POWER အမှတ်တံဆိပ်ပါ ကလေးဖြည့်စွက်အာဟာရမှုန့်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည် ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခြင်း

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ကြူကြူလှိုင်သည် (၁၁..၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေး များနေ့အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို အကြိုဂုဏ်ပြု အစီအစဉ်အဖြစ် ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်အားရှင်းလင်းပြောကြားပြီး၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၏ ရည်ရွယ်ချက် ()ရပ်ဖြစ်သည့် စားသုံးသူများကိုကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း များအတွက် မျှတသော ယှဉ်ပြိုင်မှုဖြစ်ပေါ်စေခြင်း၊ ယုံကြည်စိတ်ချရသော စီးပွားရေးအကျင့်ကောင်းကို ဖန်တီးပေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ()မျိုးဖြစ်သည့် စားသုံးသူများ အသုံးပြု လျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စောင့်ကြည့်စစ်ဆေးခြင်း၊ တိုင်ကြားလာမှုများအား စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းတို့အား အသိပညာပေးခဲ့ပြီး၊ ကုန်စည် စစ်ဆေးခြင်းအမျိုးအစား ()မျိုးဖြစ်သည့် မျက်မြင်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်းတို့ကို လည်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်(အကြို)အသိပညာပေး Talk Showပြုလုပ်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦး သည် (၁၁..၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့် ပူးပေါင်းကာ ၂၀၂၆ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးမှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ Talk Show ပြုလုပ်ခဲ့ ပါသည်။

    အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါလှိုင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မင်းဘူးခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးမှ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ကို အကြိုဂုဏ်ပြုအစီအစဉ်အဖြစ် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် အားရှင်းလင်းပြောကြားပြီး၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးမဆုံးရှုံးစေရေး အတွက် ကမ္ဘာ့နိုင်ငံအသီးသီး တွင် ဥပဒေများ ပြဌာန်းခဲ့မှု၊ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေး ရေးဥပဒေ၊ နည်းဥပဒေများ ပြဌာန်းနိုင်မှု၊ စားသုံးသူများ၏ အခြေခံအခွင့်အရေး()ချက်နှင့် ၂၀၂၆ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သည့်ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝစသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုသောအားဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၁.၃.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုသောအားဖြင့် စားသုံးသူအခွင့် အရေးနှင့်တာဝန်များ”အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်းက “စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးဝေဖြိုးနိုင်က “သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာ များ”ကိုလည်းကောင်း အသီးသီးဟော ပြောခဲ့ကြသည်။

          အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်နေသော Grade-6, Grade-7, Grade- 8 ကျောင်းသား/ကျောင်းသူများအား ဟောပြောခဲ့ ခြင်းဖြစ်ပြီး ဟောပြောပွဲအပြီးတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး က မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုသောအား ဖြင့် သင်တန်းသား၊ သင်တန်းသူများအား အချိုရည်များ လှူဒါန်းပေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးတာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်ခင်ရတနာမျိုး (အငယ်တန်းစာရေး)တို့သည် (၁၆-3-၂၀၂၆) ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ ရန်ကင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ  ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူများ အတွက် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေ နပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်းအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်း တင်ပြခွင့်နှင့်တိုင်ကြားခွင့် ရရှိနိုင်စေခြင်းစသည့်အချက်များအကြောင်း၊ စားသုံးသူ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့် အရေးအကြောင်းနှင့် စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများ အကြောင်း၊ AIနည်းပညာနှင့်  စိန်ခေါ်မှုများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင်သတိထားဝယ်ယူသင့်သည့်အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များကို လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ အီလက်ထရောနစ်အငွေ့ရှုစက်နှင့်ပတ်သက်၍ သိကောင်း စရာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း      

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကို  (၁၃.၃.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ  ဇမ္ဗူသီရိခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကောင်စီဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

     နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ ဟူသောဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများ  ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပြီး ကျန်းမာရေး ကောင်းမွန်သည့် လုံခြုံသောလူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို ဘေးအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရာမှာ ကော်မတီဝင်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်း များနဲ့ ပူးပေါင်းဆောင်ရွက်ကြရန် နှင့်  ထုတ်လုပ်ရောင်းချနေ သောကုန်ပစ္စည်းများသည် သတ်မှတ် ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီပြီး  ဘေးကင်းလုံခြုံမှုရှိသောကုန်ပစ္စည်းများကို ရွေးချယ် ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် စားသုံးသူပြည်သူများကို အသိပညာပေးဟောပြောပွဲများ စဉ်ဆက် မပြတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း  တိုက်တွန်းပြောကြားခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လာမယ့်ဘဏ္ဍာနှစ် များတွင်လည်း ယခုထက်ပိုမို ဆောင်ရွက်နိုင်ရေးအတွက်အစီအမံများရေးဆွဲပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြား ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသကာ စားသုံးသူရေးရာ ဦးစီးဌာနဝန်ထမ်းများက ဂုဏ်ပြု တေးသရုပ်ဖော်သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပါသည်။

   အခမ်းအနားအပြီးတွင် နေပြည်တော်ကော်စီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ကုန်အညွှန်း အမှတ်အသားစိစစ်ပြီးသောကုန်ပစ္စည်းများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရပါသည်။

DOCA(နေပြည်တော်)

 

ကျောက်တံခါးမြို့နယ်ရှိ ဆန်စက်များတွင် ဆန်ဈေးနှုန်း တည်ငြိမ်စေရေး  ကွင်းဆင်းဆောင်ရွက်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည် ငြိမ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူးဒေါ်ဇင်မာထွေးတို့သည် ၂.၃.၂၀၂၆ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ဆန်စက်အသင်း အတွင်းရေးမှူးနှင့် အတူ ဆန်ဈေးနှုန်းဈေးကွက်များ တည်ငြိမ်စေရေးအတွက် ဆန်စက်များတွင် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချနေမှုများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

             ယခုကာလတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်များ ဈေးနှုန်းကြီးမြင့်နေသည့်အတွက် အများ ပြည်သူများ ဝယ်ယူစားသုံးရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အခြား ဆန်ဈေးနှုန်းများပါ မြင့်တက်ခြင်း မရှိစေရန်အတွက် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဦးစီးမှူး ဒေါ်တင်တင်စန်း၊ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးနှင့် ကျောက်တံခါးမြို့နယ်ဆန်စက်အသင်း အတွင်းရေး မှူး ဒေါက်တာရာဇာအေးမင်းထွန်းတို့သည် ကျောက်တံခါးမြို့ပေါ်ရှိ ဆန်စက်များတွင် ဒေသထွက် ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ဒေသထွက်ဆန်တစ်ပြည်လျှင် (၂၃၀၀) ကျပ်များဖြင့် ရောင်းချ ခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဒေါက်တာရာဇာအေးမင်းထွန်း၏ “ ဘုန်း မြင့်မြတ် ” ဆန်စက်တွင် ပြည်သူများအား လွယ်ကူစွာဝယ်ယူနိုင်ရေး ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA( ပဲခူး)

ညောင်လေးပင်မြို့နယ်ရှိအောင်ပြည့်ဖြိုးဆန်စက်သို့ဆန်ဈေးနှုန်းတည်ငြိမ်စေရေး  ကွင်းဆင်းဆောင်ရွက်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည် ငြိမ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုး ဝင်းတို့သည် ၂.၃.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်ဆန်စက်အသင်းဥက္ကဋ္ဌနှင့်အတူ ဆန်ဈေးနှုန်းဈေးကွက်များ တည်ငြိမ်စေရေးအတွက်ဆန်စက်များတွင် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချနေမှုများ အားကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

               ယခုကာလတွင် ရွှေဘိုပေါ်ဆန်းမွှေးဆန်များ ဈေးနှုန်းကြီးမြင့်နေသည့်အတွက် အများ ပြည်သူများ ဝယ်ယူစားသုံးရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အခြား ဆန်ဈေးနှုန်းများပါ မြင့်တက်ခြင်း မရှိစေရန်အတွက် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်းနှင့် ညောင်လေးပင်မြို့နယ်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးဖြိုးပြည့်စိုးတို့သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆန်စက်များတွင် ဒေသထွက်ဆန်တစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ဒေသထွက်ဆန်တစ်ပြည်လျှင် (၂၃၀၀) ကျပ်များဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးဖြိုးပြည့်စိုး၏ “ အောင်ပြည့်ဖြိုး ” ဆန်စက်တွင် ပြည်သူများအား လွယ်ကူစွာ ဝယ်ယူနိုင်ရေး ရောင်းချပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA( ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ