Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပသောသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအ‌ကြောင်း အသိပညာပေး

    မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇-၁၂-၂၀၂၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပန်းတနော်မြို့နယ် လူမှုဝန်ထမ်ဦးစီးဌာနတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အရာရှိနှင့် သင်တန်းသူ/ သင်တန်းသားများကို စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အသိပညာပေးဟောပြော ဆွေးနွေးပွဲများ ကျင်းပခြင်းခဲ့ကြောင်း သိရသည်။

     ဟောပြော ဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က (မြို့နယ် တာဝန်ခံ)က တက်ရောက်သူ သင်တန်းသူများအား စားသုံးသူ ကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmထဲသို့ဝင်‌ရောက်ပြီးတိုင်ကြားနိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီးအသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ တက်ရောက်သူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Doca(ဧရာဝတီ)

တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ဒိုင်းတရာ(၁)မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

    တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဒိုင်းတရာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို (၉-၁၂-၂၀၂၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် ယင်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

    ဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး၊ ဒုတိယဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲရာတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမျာ မဖြစ်ပေါ်စေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်း၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး ဖတ်သင့်ကြောင်း သတိပြုရမည့်အချက်များကို အသိပညာပေးပြောခဲ့ပါသည်။

    ထိုဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ်သမားပပျောက်ရေးမရှိစေရန် ကာကွယ်ရမည့်အကြောင်း ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်နွယ်နွယ်အေးမှ ကလေးများကို သိမှတ်စရာပုံပြင်များအား ဖတ်ရှု့ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

သာပေါင်းမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာတွင် ဆောင်းသီးနှံနေကြာမျိုးစေံပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် (၇.၁၂.၂၀၂၅) ရက်နေ့ တွင် ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ၊ ကွင်းအမှတ် (၅၃၄)၊ ဦးပိုင်အမှတ် (၇၃/၂) (၇၅/၃) တောင်သူဦးသိန်းစိုး လယ် (၂၀) ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။

          ထိုအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်၍  ဝန်ကြီးချုပ်မှ တောင်သူများအား နေကြာမျိုးစေ့များပေးအပ်ပြီး နေကြာစိုက်ပျိုးမှုအား ကြည့်ရှု့အားပေးကာ၊ ဆီဖူလုံရေးနှင့် ဆီထွက် သီးနှံများစိုက်ပျိုးရာတွင်ရာသီဥတုနှင့် ရေအခက်အခဲရှိသဖြင့် နေကြာစိုက်ဧကမလျော့စေရန်ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် (၇.၁၂.၂၀၂၅) ရက်နေ့ တွင် ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္ဒဲကုန်းစစ်ဆေးရေးဂိတ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့၏ အဖွဲ့ဝင်များနှင့် မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကုန်တင်ယာဉ်များ၊ လူစီးမော်တော်ယာဉ်များ၊ အိုးဝေနှင့် မော်တော်ဆိုင်ကယ်များတွင် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ MBM သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် (၇.၁၂.၂၀၂၅) ရက်နေ့ တွင် လှေကြီးတက်ကျေးရွာအုပ်စု၊ လှေကြီးတက်ကျေးရွာ မိဘမေတ္တာ (MBM) သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ရေသန့် (၂၀) လီတာ၊ (၁) လီတာ၊ (၀.၆) လီတာ ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာရေးသားခြင်းရှိ/မရှိ နှင့် ဘူးအဖုံးများ ချိတ်ပိတ်ထားခြင်းရှိ/မရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် MSMEs လုပ်ငန်းအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအား စိုက်တိုးမြှင့်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် (၇.၁၂.၂၀၂၅) ရက်နေ့တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များဖြစ်သည့် ငါးလုပ်ငန်း ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သစ်တောဦးစီးဌာန၊ ဘေးအန္တာရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျားရဲကျေးရွာအုပ်စု၊ ကျားရဲ ကျေးရွာရှိ အင်းနယ်နိမိတ်များမှန်ကန်စေရေး၊ အင်းချောင်းများအတွင်း သယ်ယူပို့ဆောင်ရာတွင် ရေလမ်းကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ငါးများစနစ်တကျဖမ်းယူရာတွင် ဆေးဝါးများမသုံးစွဲရန်နှင့် ဘတ်ထရီဖြင့်ရှော့တိုက်၍ ငါးဖမ်းဆီးခြင်းများမပြုလုပ်စေရန် ကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၀၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ  ၂  ရက်နေ့မှ  ၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,060 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်  ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၇.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ခရိုင် FDA ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကြံခင်းမြို့ပေါ် ရပ်ကွက်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိတို့ကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော အိမ်သုံးဆေးဝါးများတွင် အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ အရောင်းဆိုင် (၈ )ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်းပြည်သူများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၇.၁၂.၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်အတွင်းရှိ ရွာသစ်ကုန်းရပ်၊ ဖက်တန်းရပ်နှင့် စိန်ဝတ်မှုံ ရပ်ကွက်များရှိ ပြည်သူများအား လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့်အကြိမ်ရေနှင့် ပြန်လည် ဖြန့်ဖြူးရောင်းချမှုများ၊ ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူပြည်သူများသို့အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှု အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့် တင်ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်း ချမှုမရှိစေရေး၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ကျေးရွာရှိ အိမ်ထောင်စု အရေအတွက်အတိုင်း ပြည့်စုံစွာ ရောင်းချမှု ရှိ/မရှိတို့ကို ဆီအသင်းမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)

 

လေးမျက်နှာမြို့နယ် ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ် တာဝန်ခံသည် သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍ (၇.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချသော ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများတွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး၊ စတိုးဆိုင်နှင့် ဆေးဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

  

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ