Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EOI) ခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပါသည်။

          ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများမှ ပြည်ပ သို့ တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ ရလဒ်များအား  Test Report ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်(ISO/ IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရေးနှင့်  စီးပွားဖြစ် တွက်ချေကိုက်မှု ရှိစေရေး (Commercialization) တို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် Joint Operation စနစ် ဖြင့် အကျိူးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

          သို့ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို www.doca.gov.mm တွင် download ရယူ၍  ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ရုံးချိန်အတွင်း  နောက်ဆုံးထား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ အီးမေးလ် itqmconsumer@gmail.com သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)  နှင့်အတူပူးတွဲ တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ

          (က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြ၍ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက် (Work Plan ၊ Budget Plan) နှင့်အတူ အကြောင်းကြားစာ

          (ခ)   သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

          (ဂ)   အဆိုပြုကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီဖြစ်ရန်နှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက် မည့် ပြည်ပကုမ္ပဏီ ရှိပါက ယင်းကုမ္ပဏီ၏ အချက်အလက်များ (ပူးတွဲဖြင့် တင်ပြရန်)

          (ဃ) ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံ (ပြည်တွင်းရှိ အစိုးရဌာန၊ အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်းဌာန၊ လုပ်ငန်းအဖွဲ့ အစည်း၏ ထောက်ခံချက်၊ ပြည်ပတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်း အထောက်အထားများကို ပူးတွဲဖြင့် တင်ပြရန်)

          (င)   ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့်သက်ဆိုင်သည့် အထောက် အထားများ (ယခင် ၃ နှစ်အတွင်း လက်မှတ်ရ စာရင်းစစ်အဖွဲ့က စာရင်းစစ်ဆေးထား သည့် အစီရင်ခံစာ)

          (စ)   ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person အမည်၊ ရာထူး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် Email လိပ်စာ

                  (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၃၀၄၅၉၊ ၀၆၇-၃၄၃၀၅၁၀)

 

 

 

စားသုံးသူရေးရာဦးစီးဌာန

“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိဆန်ဆိုင်များအား ဆန်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များသို့  အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးနေသော ဈေးနှုန်းများအနေဖြင့် အောက်တိုဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူူးရောင်းချနေခြင်းရှိ/ မရှိ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မပြုုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတို့အား စာရင်းကောက်ယူပြီး ပစ္စည်း လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိကို အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ပုဂ္ဂလိကဆေးဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် စားသုံးသူပြည်သူများ သုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးဝါးများ၊ ဆေးဝါးအတုများ၊ ထုတ်လုပ်ခွင့်လိုင်စင်မရှိသော ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထောက်ခံချက်မပါသော ဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆေးဆိုင်များအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်နှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည့်စုံ စွာဖော်ပြပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ Macro နှင့် Pro 1 တို့ရှိ  လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)က လျှပ်စစ် ပစ္စည်းများ (ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက်၊ တီဗွီ) ၏ ဈေးကွက် အခြေအနေ၊ ဈေးနှုန်းမြှင့် တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မခွဲ(ခ)၊ (ဂ)နှင့် (ဆ)တို့ ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေလမင်းငါးမုန့်ကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့တွင်  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက်နေ့ ၊ နံနက်  (၁၀:၀၀ ) နာရီအချိန်၌ ၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းတို့မှ ရွှေလမင်းငါးမုန့်ကြော် လုပ်ငန်းရှင် ဒေါ်နှင်း သီတာအောင် နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးရက်စွဲများ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်လမ်းများ အားလည်း ကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါကုန်စည် နှင့်စပ်လျဉ်း၍ စားသုံးသူ လက်ခံနိုင်သည့်  အရည်အသွေးရှိခြင်းကို  အထူးအလေးထားဆောင်ရွက်ရန် အသိပညာ ပေး  ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည်(၁၂-၁၀-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သာကေတမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ် ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ၊ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း   မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကယားပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၆) ကျင်းပပြုလုပ်

                       ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ( ၁၃ )ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးရုံးခန်း၌ ကယားပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၄/၂၀၂၆ ) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသောအဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိပါသည်။

DOCA(ကယား)

မိုးညိုမြို့စားသုံးဆီရောင်းချနေမှုအားကွင်းဆင်းဆောင်ရွက်ခြင်း

                          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မိုးညိုမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံး သူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံး သူများဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင် လျက် ရှိပါသည်။ထိုသို့ဆောင်ရွက်ရာတွင် မိုးညိုမြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့မရပ်ကွက် စားသုံးဆီ ရောင်းချနေသော ဒေါ်ခင်စန်းအေးကုန်စုံဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်း ဆီရောင်းချမှုဈေးနှုန်းများ၊ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/မရှိ ၊ သတ်မှတ် ရည်ညွှန်း ဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ရောနှောဆီများ ရောင်းချခြင်းမပြုကြရန် မှာကြားခဲ့ပါသည်။ဈေးနှုန်း များအဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ  အရေးယူမည် ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (စစ်‌ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၃.၁၀.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရွာသစ်ရပ်ကွက်ရှိ “ AAA Fashion Shop ” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေး ဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                             DOCA(ပြည်ထောင်စုနယ်မြေ)

ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

 

          ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား ၉.၁၀.၂၀၂၆ ရက်နေ့တွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ဆောက်လုပ်ရေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့် ပူပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များတွင် QR code စနစ်ဖြင့် စက်သုံးဆီများ ရောင်းချနေခြင်း ရှိ/မရှိ၊ တရားဝင်လိုင်စင်ရှိသောယာဉ်များအား ဝှီးတက်ပြ သည့် စနစ်ဖြင့် ဆီရောင်းချခြင်း ရှိ/မရှိ၊ ပုံးပေပါများဖြင့် ရောင်းချပေးခြင်း ရှိ/မရှိနှင့် စက်သုံး ဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ်အချိန်အတိုင်း ဆီရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ