
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်နှင့် ပူးပေါင်း၍ (၇.၈.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃၃၀)နာရီအချိန်တွင် အောင်သပြေဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အောင်သပြေဈေးရှိ လက်လီ/လက္ကားရောင်းချသော ကုန်မျိုးစုံဆိုင်များရှိ Goody, Meizan အမှတ်တံဆိပ်ပါစားသုံးဆီဘူးများအား ကုန်အညွှန်းအမှတ််အသားပြည့်စုံမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စားသုံးဆီရောင်းချသောဆိုင်ရှင်များအားကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီဘူးများအား ရောင်းချခြင်းမပြုရန် အထက်ဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွန်းဖော်ပြချက်ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
