Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

             စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ရက် နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

          ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၅၀)ကျပ်၊ 95 Octance(၂၈၇၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၆၅)ကျပ်နှုန်းဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။  

  DOCA(မန္တလေး)                 

နွားထိုးကြီးမြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ  

      နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြင့်ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်းသိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)                

မြင်းခြံမြို့၏စားဖိုဆောင်အုပ်စုဝင်ဂေါ်ဖီထုပ်ဈေးနှုန်းကျဆင်းလာခြင်း

           မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်များကို ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိကြောင်း၊ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် ရာသီမရွေးစိုက်ပျိုးကြကြောင်း၊ အပူပိုင်းဒေသ များဖြစ်သော မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် ဆောင်းရာသီ၌စိုက်ပျိုး ကြကြောင်းသိရှိရသည်။ မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် ရောင်းချနေသော ဂေါ်ဖီထုပ်များကို  ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း မြို့တို့မှ တင်သွင်းရောင်းချကြကြောင်း၊ ယခုလ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌  ဂေါ်ဖီထုပ်ကြီး တစ်ထုပ် လျှင် (၂၅၀၀)ကျပ်၊ အလတ်တစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင်‌ဂေါ်ဖီတစ်ထုပ်လျှင် (၂၀၀)ကျပ်ခန့် ဈေးများကျဆင်းခဲ့ကြောင်း၊ နေ့စဉ် ဂေါ်ဖီအထုပ်ရေ (၅၀-၇၀) ခန့်ရောင်းချရကြောင်း၊ အရည်အသွေး အမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် နွားထိုးကြီးမြို့နှင့် တောင်သာ မြို့သို့လည်း တင်ပို့ရောင်းချရ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)  

                                                                  

ပင်မှည့်သီး၏ ကျန်းမာရေး

              ပင်မှည့်သီး၏အရသာသည် အချဉ်၊ အချိုအရသာလေးဖြစ်ပြီး ပင်မှည့်သီးဖျော်ရည်သည် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာရရှိပါသည်။ အချဉ်၊ အချို အရသာရှိသောကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ရေဓာတ်ကြွယ်ဝစေလို့ ရေသောက်ချင်စိတ်မဖြစ်စေဘဲ ခံတွင်းကို ရှင်းစေနိုင်ခြင်း၊ အာဟာရဓာတ် များစွာပါဝင်ခြင်း ၊ ခုခံအားကိုအားကောင်းစေနိုင်ခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidants) အပြည့်အဝပါရှိသောကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီးကင်ဆာရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း၊ အစာခြေစနစ်ကိုအထူး ကောင်းမွန်စေနိုင်ခြင်း ၊ ဓာတ်မတည့်ခြင်း နှင့် ကိုယ်တွင်းရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ခြင်း ၊ပန်းနာရင်ကျပ် ဝေဒနာရှင်များသက်သာစေနိုင်ခြင်း ၊ အမြင်အာရုံကိုပါ ကောင်းမွန်စေနိုင်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများစွာရရှိစေနိုင်ပါကြောင်း စာပေများမှလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)      

ဆူးပုတ်ကြီးဆေးဖက်ဝင်ပုံနှင့်ဈေးနှန်းဈေးကွက်

              ဆူးပုတ်ကြီးသည် အသားမာပေါက်လျှင် ဆူးပုတ်ရွက်ကို မကြာခဏစားသုံးပေးခြင်းဖြင့် ပျောက် ကင်းစေနိုင်ခြင်း၊ ဆူးပုတ်အမြစ်ကို သွေးလိမ်းပေးလျှင် အသာမာပျောက်ကင်းစေနိုင်သည်။ လေအထက်ဆန်လျှင် ဆူးပုတ်ရွက်ကိုစားသုံးပေးခြင်းဖြင့် လေကိုအောက်သို့ သက်စေနိုင်ပြီး ဆူးပုတ်ကြီး နှင့်ပဲကြီးကို ဟင်းချိုချက်၍သောက်လျှင်လေရောဝမ်းပါ သက်သာစေနိုင်သည်။ သွားဖုံး မှသွေးယိုစီးလျှင် ဆူးပုတ်ရွက် သတ္တုရည်ကိုငုံပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်ခြင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် ဆူးပုတ်ကြီးပင်၏အခေါက်ကို အခြားဆေးဖက်ဝင် အပင်များဖြင့် ရော၍ဖော် စပ်နိုင်ခြင်း၊ လျှာတွင် ကြာဆူးထွက်လျှင် လျှာနာပေါက်ပါက ဆူပုတ်ကြီးအမြစ်ကိုသွေး၍ စပါးကြီးသည်းခြေအနည်းငယ် နှင့်ရော၍ လျှာပွတ်ပေးပါက ပျောက်ကင်း နိုင်ခြင်း၊ အူကျရောဂါ၊ မုတ္တရောဂါ တို့အတွက် ဆူးပုတ် ကြီးမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်ခြင်း၊ ညအိပ်မပျော်ရောဂါ ဖြစ်ပါက ဆူးပုတ်ကြီး အရွက်ကို အတို့အမြှပ်ပြု လုပ် စားခြင်းဖြင့်အိပ်ပျော်နိုင်စေခြင်း၊ အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင် ရောဂါဖြစ်လျှင် ဆူးပုတ် ကြီးကိုဘဲဥနှင့် ရော၍ကြော်စားခြင်းဖြင့် သွေးဆုံး ကိုင်ခြင်းမှကင်းဝေးပြီး သက် သာပျောက် ကင်းစေနိုင်ကြောင်း သိရှိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင်နိုဝင်ဘာဒုတိယပတ် ဆူပုတ်ကြီးဈေးနှုန်းမှာ ၁စည်းလျှင်(၈၀၀) ကျပ် ၊၂စည်းလျှင်(၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

                                                                            

ပြည်တွင်းနို့ဆီနှင့် နို့စိမ်းဘူးများဈေးတက်

         မန္တလေးတိုင်းသည် လယ်ယာထွက်ကုန်လုပ်ငန်းနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းသာမက နို့စားနွားများကို မွေးမြူကြသူများပြားလာကြသည်။ နွားနို့များကို လက်ဖက်ရည်ဆိုင်များ၊ တစ်နိုင်တစ်ပိုင်အစိမ်းချက်သောက်သူများနှင့် ငှက်ပျောသီးပေါင်း၊ နွားနို့မလိုင်ဟင်းများ ရောင်းချ ရာတွင် အသုံးပြုကြသည်။ နွားနို့များကို နို့ချက်စက်ရုံသို့ လာရောက်ရောင်းချကြပြီး မွေးမြူထားသောနွားများမှ နွားနို့တို့ကို စုပေါင်း၍ နို့ဆီချက်လုပ်ကြပြီး မြို့ပေါ်နှင့် အနယ်နယ်အရပ်ရပ် အသီးသီးတို့တွင် နို့ဆီကိုရောင်းချကြသည်။ ယခင်အချိန်က နို့ဆီအရည်ပုံးများဖြင့် အသုံးပြုကြပြီး ယခုခေတ်တွင်မူ နို့ဆီခဲများကို ဂျပ်စက္ကူတို့ဖြင့် (၁၄)ပိဿာ တစ်ဖာလျှင်(၁၂၅၀၀၀)ကျပ်၊ နို့စိမ်း (၄၈)လုံးပါ တစ်ဖာလျှင်(၁၅၀၀၀၀)ကျပ်အရောင်းအဝယ်ရှိခဲ့ပြီး စက်တင်ဘာလမှစ၍ နို့ဆီ(၁၄) ပိဿာတစ်ဖာလျှင်(၁၅၀၀၀၀)ကျပ်၊ နို့စိမ်း(၄၈)လုံးပါတစ်ဖာလျှင်(၁၇၅၀၀၀)ကျပ်ရှိပြီး ယခင်လထက် ယခုလတွင် နို့ဆီဈေးနှင့် နို့စိမ်းဈေး ဈေးမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူ၏ကျန်းမာရေးနှင့်ဈေးနှုန်းဈေးကွက်

                ကြက်သွန်ဖြူသည် သဘာဝအလျှောက်ဆေးဖက်ဝင်ပြီး ရှေးယခင်ကတည်း ကိုယ့်နည်းကိုယ် ဟန်နဲ့ဆေးဖော်စပ်၍ အသုံးပြုကြသည်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးနေသူတစ်ဦးမှာ ကိုယ်ခံအားကောင်းပြီးအပြင်မှာအလွယ်တကူကူးဆက်နိုင်တဲ့ရောဂါများကိုတားဆီးကာကွယ်ပေးပါသည်။  ကြက်သွန်ဖြူမှာ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများ လည်းရှိနေကြောင်း သိရှိရပါသည်။ သွေးကြော အဆီပင်မှုကိုကာကွယ်ပေးခြင်း၊ ကိုလက်စ်ထရော လျော့ချပေးခြင်း၊ သွေးဖိအားလျော့ ချပေးခြင်း၊ လေးဘက်နာ ဂေါက်ရောဂါကိုကုသနိုင်ခြင်း၊ အအေးမိအဖျား ပျောက်ကင်းစေခြင်း၊ အသက် ရှုလမ်းကြောင်းနှင့်ဆိုင်သောရောဂါများပျောက်ကင်းစေနိုင်ခြင်း၊ အဆုတ်နှင့် ဆက်စပ်ရောဂါကိုပျောက် ကင်းစေနိုင်ခြင်း၊ ပြည်တည်နာကိုကျက်စေနိုင်ခြင်း၊ ဆီးလမ်းကြောင်းမှတစ်ဆင့် ကူးဆက်သောရောဂါ များအားပျောက်ကင်းစေနိုင်ခြင်း၊ဝမ်းတွင်းအစာချေဖြတ်မှုလုပ်ငန်းအား မြန်ဆန်စေနိုင်ခြင်း၊ ကင်ဆာ ရောဂါအများစုကို မဖြစ်စေရန်ကာကွယ်ပေးနိုင်ခြင်း၊ ဓာတုဆေးအဆိပ်တို့ကိုပြေစေနိုင်ခြင်း၊ သွေးမခဲ စေရန် တားဆီးကာကွယ်ပေးနိုင်ခြင်း၊ အစားစားချင်စိတ် ဖြစ်ပေါ်စေနိုင်ခြင်း၊ အင်းဆက်နှင့် ပိုးကောင်ကိုက် ဒဏ်ရာများအား ကုသပေးနိုင်ခြင်း၊ မျက်စိအတွင်း တိမ်ကိုသက်သာစေနိုင်ခြင်း၊ ဆီချိုရောဂါ ကာကွယ်ပေးနိုင်ခြင်း၊ အဆစ်ရောင်ရောဂါများအား သက်သာစေနိုင်ခြင်း၊ သွားကိုက်ရောဂါ သက်သာ စေနိုင်ခြင်း၊ ဝက်ခြံပျောက်ကင်းစေနိုင်ခြင်း၊ ကိုယ်ခံအားတိုးစေခြင်းဖြင့်ရောဂါများ သက်သာပျောက် ကင်းစေနိုင်ကြောင်းသိရှိရသည်။  မြင်းခြံမြို့အေးမြသီတာဈေးတွင် နိုဝင်ဘာဒုတိယပတ် ၁ပိဿာလျှင် (၅၅၀၀)ကျပ်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)  

                                                                                                   

ရာသီစာ ကျွဲခေါင်းသီးဈေးကွက်

          မန္တလေးမြို့ရှိ နန်းရှေ့ဈေး၌ ရာသီပေါ်သီးနှံမျိုးစုံရောင်းဝယ်လျက်ရှိရာ ကျွဲခေါင်းသီးများကိုလည်း ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။ ကျွဲခေါင်းသီးများကို တောင်ငူမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်း၊ ကျွဲခေါင်းသီးပင်သည် ရေတွင်ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်ပြီး၊ အသီးတွင်အဖုများထွက်နေ၍ ကျွဲခေါင်းပုံနှင့်တူကြောင်း၊ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ အဖြူရောင်ရှိကြောင်း၊ အာဟာရတန်ဖိုးအနေဖြင့်အမျှင် ဓာတ်များကြွယ်ဝပြီး အစာ ခြေစနစ် ကိုအထောက်အကူပြုပြီးဝမ်းမှန်စေပါသည်။ အရိုးပွရောဂါနှင့် အရိုးအားနည်းရောဂါများကို အားဖြည့်ပေးကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ကျွဲခေါင်းသီးအစိမ်း တစ်ပြည်လျှင် ပေါ်ဦးပေါ်ဖျားအချိန်၌(၄၅၀၀-၅၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူဈေးနှုန်းများကျလျက်ရှိ

      မန္တလေးမြို့တွင်းသို့ တောင်ကြီး၊ အောင်ပန်း၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ဆည်နယ်များမှ ဝင်ရောက်လာပြီး ဈေးကွက်တွင်းသို့ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်တောင်ပိုင်းမှ အများဆုံးဝင်ရောက်လာကာ ရှမ်းကြက်သွန်ဖြူများ အရောင်းသွက်လျက်ရှိပါသည်။ ကြက်သွန်ဖြူတွင် ယခင်က ဗမာကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူ၊ ဟူ၍ရှိပြီး ဗမာကြက်သွန်ဖြူမှာ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာနယ်မှလည်းကောင်း၊ ရှမ်းကြက်သွန်ဖြူမှာ တောင်ကြီး၊ အောင်ပန်းတို့မှလည်းကောင်း၊ ယခုနှစ်မှာတော့ ရှမ်းကြက်သွန်ဖြူများသာ ဈေးကွက်တွင် တွေ့ရပါသည်။ ကြက်သွန်ဖြူဈေးမှာ ယခုနှစ်တွင် ဈေးနှုန်းသိသာစွာမြင့်တက်မှုမရှိဘဲ သီးနှံသစ်ပေါ်စမှ လက်ရှိအချိန်အထိ ဈေးနှုန်း သိသာစွာမြင့်တက်မှုမရှိကြောင်း၊ ယခင်လအောက်တိုဘာလတွင် ကြက်သွန်ဖြူတစ်ပိဿာလျှင် ကြက်သွန်ဖြူဥ အကြီး/ အသေးပေါ်မူတည်၍(၄၀၀၀မှ ၈၀၀၀)ကျပ်ရှိပြီး ယခု နိုဝင်ဘာလတတိယ ပတ်၌ ကြက်သွန်ဖြူတစ်ပိဿာလျှင်(၄၀၀၀မှ ၈၀၀၀)ကျပ် ဈေးရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

သံပုရာသီး၏အစွမ်းထက်အာနိသင်

             မြန်မာ့ရိုးရာအစားအစာများထဲတွင် အသီးအရွက်သုပ်များ စားလေ့ရှိသောအခါသံပုရာသီးနှင့် မန်ကျည်းသီးကိုအသုံးပြုကြပါသည်။ သံပုရာသီးသည်ရနံ့မွှေးသောကြောင့် အနံ့အသက်ကိုလည်းထိန်း ပါသည်။  အအီစာများစားပြီးသည့်အခါ ၊ ခေါင်းမူးသည့်အခါသံပုရာရည်ကိုဖျော် သောက်လိုက်လျှင် ကြည်လင်လန်းဆန်းနိုင်စွမ်းရှိပါသည်။ ခရီးသွားသည့်အခါ သံပုရာသီးကို အိတ်ထဲဆောင် သွားပါက ကားမူးသည့်အခါ အလွယ်တကူရှူလို့ရနိုင်ပါသည်။ သံပုရာသီးသည်  ဗီတာမင်စီကြွယ်ဝသောအ ရည် ရွှမ်းသောအသီးတစ်မျိုးဖြစ်ပါသည်။ အမျှင်ဓာတ်၊ ကယ်လ်ဆီ ယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်စသည့်သတ္ထုဓာတ် များစွာကြွယ်ဝစွာပါ ဝင်ပါသည်။ သံပုရာသီး၏အစွမ်းထက် အာနိသင် များမှာ အသားအရေထိန်းသိမ်းရာတွင်အသုံးဝင်ခြင်း၊ အစာချေဖျတ်နိုင်စွမ်းရှိခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာတွင် အသုံးပြုနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးခြင်း၊ ဆီးချိုသွေးချို နှင့်နှလုံး ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အဆစ်နာခြင်း၊ မျက်စိကျန်းမာရေး၊ အဖျားရောဂါ၊ ဂေါက်ရောဂါ နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ များမှလည်းကာကွယ်ပေးနိုင်ပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများသော်လည်း သွေးကျဆေးသောက်နေရသူများ နှင့် အခြားကျန်းမာရေးပြဿာနာရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှစားသုံးသင့်ပါ သည်။ ထိုသို့ ကျန်းမာရေးအတွက်အထောက်အကူပြုသော အစွမ်းထက်သည့် အာနိသင်များပါဝင်သည့် သံပုရာသီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် နိုဝင်ဘာလဒုတိယပတ်သံပုရာသီးတစ်လုံးလျှင်(၃၅၀)ကျပ်နှုန်း၊(၃)လုံးလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 

DOCA(မန္တလေး)      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း