Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၄-၅-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၄-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

မိတ္ထီလာခရိုင်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

              မိတ္ထီလာဈေးကွက်အတွင်း ဆီထွက်သီးနှံဈေးနှုန်းများမှာ သီးနှံစိုက်ပျိုးရာသီချိန်နီးသဖြင့် ပွဲရုံများ ၌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

          ယခုဧပြီလစတုတ္ထပတ်တွင် နှမ်းညိုတစ်တင်းလျှင်(၁၂၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၆၅၀၀-၂၀၀၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၅၄၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နှမ်းဖတ်ဈေးနှုန်းမှာ တည်ငြိမ်နေပြီး နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ကုန်ကြမ်း လက်ကျန်နည်းလာခြင်း၊သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်။

           ဈေးကွက်အတွင်း၌မြေပဲဆီဆန်တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀-၂၁၀၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၉၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင်  ဆီဆန်တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာ လျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာပြီး ပဲဖတ် ဈေးတည်ငြိမ်နေကြောင်းသိရပါသည်။

            ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင်  (၈၀၀၀)ကျပ်ရှိပြီး၊ နေကြာဆီ တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိဿာလျှင်  (၂၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင် (၁၀၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်လာပြီး နေကြာဖတ်တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်ဈေးနှုန်း ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်းကြက်သွန်နီဈေးအနည်းငယ်မြင့်တက်လျက်ရှိ

                မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီအသစ်များဝင်ရောက်လာပြီး ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန်       ( ၃၀၀  )တန်ခန့်ဝင်ရောက်လျက်ရှိပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိ ရပါ သည်။

              ဈေးကွက်အတွင်း ယခု ဧပြီလစတုတ္ထပတ်တွင်  ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၀၀၀-၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံများ၌ ကြက်သွန်နီ(သစ်) လက်ကား တစ်ပိသာလျှင် (၁၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ကြက်သွန်နီ လက္ကားတစ်ပိဿာလျှင်(၃၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လှောင်လတ်သမားများအဝယ်လိုက်လာခြင်း၊ ပြည်ပတင်ပို့မှုများ ကြောင့် ဖြစ်သည်ဟုသိရပါသည်။

              ဈေးကွက်အနေဖြင့် ကြက်သွန်နီကို ဒေသတွင်းရှိတန်ဖိုးမြင့်ထုတ်ကုန်ကြက်သွန်ကြော်လုပ်ငန်း များတွင်အသုံးပြုမှုအပြင် ပြည်တွင်းရှိ ရန်ကုန်၊ပဲခူး၊တာချီလိတ်၊မိုင်းလား၊တောင်ကြီး၊ မော်လမြိုင်မြို့ များသို့ တစ်ပတ်လျှင်ကုန်ချိန်(၁၈၅)တန်ခန့်တင်ပို့လျက်ရှိကြောင်း၊ ပြည်ပဝယ်လက်သို့ နယ်စပ်လမ်း ကြောင်းအနေဖြင့် တာချီလိတ်၊ မိုင်းလားတို့မှတဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့နေကြောင်း ကြက်သွန်နီပွဲရုံများမှသိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်၏နွေကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

                   မြင်းခြံမြို့သည် မြန်မာနိူင်ငံအလယ်ပိုင်းတွင် တည်ရှိပြီးမိုးနည်းရပ်ဝန်းဒေသ ဖြစ်သော် လည်းဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိ၍ ဆည်မြောင်းများအသင့်အတင့်ရှိပြီး၊   မိုးကောင်းသောက် လယ်ယာမြေများတွင် ရာသီအလိုက်သီးနှံများဖြစ်သော ပဲစဉ်းငုံ ၊ကုလားပဲ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းနှင့် ကြက်သွန်နီသီးနှံများ စိုက်ပျိုးကြပါသည်။ မြင်းခြံမြို့ခရိုင်တွင် ကြက်သွန်နီကို နှစ်ရာသီ စိုက်ပျိုးထားရှိပြီး ဆောင်းကြက်သွန်နီကိုအများဆုံးစိုက်ပျိုးကြသည်။ ယခုအချိန်တွင် မိုးကြက်သွန်နီများ ရာသီကုန်၍ ဈေးကွက်မှ ထွက်ခွာချိန်တွင် ဆောင်းကြက်သွန်နီများ မတ်လ ဒုတိယပတ်အတွင်း စတင်ရိပ်သိမ်းကာ ဧပြီလပထမပတ်မှစ၍ ဈေးကွက်အတွင်း လှိုင်လှိုင်ထွက် ပေါ်ခဲ့သည်။  ၂၀၂၆ခုနှစ် ၊ မေလ ဒုတိယပတ်၌ ဆောင်းကြက်သွန်နီ (ခေါ်) နွေကြက်သွန်နီကြီးစ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၉၀၀) ကျပ်၊ အသေးစ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ(၁၂၀၀) ကျပ်နှုန်းများဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီအစစုံတစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၇၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မိုးကြက်သွန်နီများကုန်ဆုံးချိန်ဖြစ်၍  နွေကြက်သွန်နီများသည် အရည်အသွေးကောင်းပြီးတာရှည်ခံသဖြင့် သိုလှောင်ခံသောကြောင့် ဝယ်လိုအားများသဖြင့်  ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးထွက်ရှိရာ ကျေးရွာများမှ နေ့စဉ်ကုန်ချိန် ပိဿာ(၅၀၀၀၀)မှ (၇၀၀၀၀)ပိဿာခန့်ကို မြို့ပေါ်ရှိ ပွဲရုံများသို့လာရောက် ရောင်းချလေ့ရှိသည်။  ကြက်သွန်နီ အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိသည်။ အဓိကဈေးကွက် အနေဖြင့် ရန်ကုန်ဘုရင့်နောင်ရှိပွဲရုံ များသို့ အများဆုံးတင်ပို့ပြီး၊ မန္တလေးမြို့၊ နေပြည်တော်၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့ များသို့ အပါတ်စဉ်တင်ပို့ လျှက်ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကုန်ချိန်ပိဿာ(၂၉၁၄၉၇)ပိဿာ၊ တန်ချိန်အားဖြင့် (၄၇၆)တန် တင်ပို့ရောင်းချ ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် နွေကြက်သွန်နီ ကုန်ချိန်ပိဿာ (၂၃၈၈၃)၊ တန်ချိန်(၃၉)တန်ပိုမိုတင်ပို့ခဲ့သည်။

DOCA(မန္တလေး)

ကြံခင်းမြို့နယ်တွင် မိုးနှမ်းသီးနှံများ ဈေးကောင်းရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံကို စိုက်ဧက ၄၆၅၀ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

        နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနက်(စမုံ)ကိုအဓိက စိုက်ပျိုးကြပြီး တစ်ဧကလျှင် နှစ်ပြည်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၇၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ငွေကျပ် ၂၃၀၀၀၀-၂၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ကုန်သည်များမှတဆင့် ရန်ကုန်မြို့၊ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်ခရိုင်တွင် နွေစပါးများ စတင်ထွက်ရှိ

             ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် ၂၀၂-၂၀၂ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ    မြန်အောင်မြို့နယ်တွင် ၁၀၁၇၈ ဧက၊ ကြံခင်းမြို့နယ်တွင် ၁၉၉၅ ဧက၊ အင်္ဂပူမြို့နယ်တွင် ၂၆၂၈၆ ဧကနှင့် စုစုပေါင်း ၃၈၄၅၉ ဧက စိုက်ပျိုးခဲ့ပါသည်။ နွေစပါးစိုက် တောင်သူများအနေဖြင့် မြန်အောင်ခရိုင်တွင် နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်တို့မှ ဆည်ရေရရှိပြီး အောင်ရေအတွက် လိုအပ်ပါက စက်ရေတွင်းဖြင့် ရေတင်စိုက်ပျိုးကြပါသည်။ ဆင်းသုခ၊ ပခန်းရွှေဝါ၊ GW 11 နှင့်ထိုင်း ရက် ၉၀ ဆာဖိုးသာ(၁)နှင့် ဗီယက်နမ်-၅၄၅၁ စပါးမျိုးများကို အများဆုံးစိုက်ပျိုး‌ကြောင်း သိရသည်။

       ဧပြီလ တတိယသီတင်းပတ်တွင် စတင်ရိတ်သိမ်းကြပြီး တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀ မှ ၂၀ ကြားထွက်ရှိသည့်အတွက် နွေစပါးစိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိပါသည်။ အစိုဓာတ် ၂၃ ရာနှုန်းဝန်းကျင်ရှိ နွေစပါး ၅၁ ပေါင် တင်း (၁၀၀)လျှင် ကွင်းအထိုင်ဈေး ၃သိန်း ကျပ်ခန့်ရှိပြီး ဆန်စက်အရောက်ဈေးမှာ သိန်းကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂-၂၀၂ ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးခြင်းအတွက် မျိုး၊ထွန်ယက်ခ၊ စိုက်ခ၊ သွင်းအားစု၊ ရေတင်ခ၊ ရိတ်ခြွေခအပါအဝင် တစ်ဧက စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ် ကိုးသိန်း ခန့်ရှိပါသည်။ တစ်ဧက ပျမ်းမျှ ထွက်နှုန်းတင်း ၁၀ ကို စက်အရောက် စပါးတင်း (၁၀၀)ဈေး ၅ သိန်းကျပ်နှင့်တွက်ပါက ၆ သိန်း ၅သောင်းကျပ်ခန့် ရရှိသည့်အတွက် ကုန်ကျစရိတ်နှုတ်ပြီး တစ်ဧကလျှင် ၇သိန်း ၅သောင်း ကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိကြောင်း သိရသည်။

          နွေစပါးသည် လိုအပ်သော ရေ Level ကို ထိန်းညှိနိုင်ခြင်း၊ သွင်းအားစုကို စနစ်တကျ ထည့်သွင်းခြင်း၊ နေရောင်ခြည်လုံလောက်စွာရရှိခြင်းတို့ကြောင့် တစ်ဧက တင်း (၁၀၀) ကျော်ထွက်ရှိနိုင်သည့်အတွက် တောင်သူတို့ တွက်ချေကိုက် အကျိုးရှိသော စိုက်ပျိုးမှုဖြစ်ကြောင်းလည်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကွမ်းသီးစိမ်း တင်ပို့

         မအူပင်မြို့နယ်နှင့် အနီးတစ်ဝိုက်မှ ထွက်ရှိသော ကွမ်းသီးစိမ်းများသည် ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအားရှိနေပြီး နေ့စဉ်ပုံမှန်တင်ပို့လျက်ရှိသည်။ မအူပင်၊ ကျိုက်လတ်နှင့် ရေလဲဒေသများမှ ကွမ်းသီးများကို ကုန်ကားကြီးများဖြင့် ရန်ကုန်သို့ နေ့စဉ် တင်ပို့ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှိပြီး တစ်ပတ်လျှင် ၄ရက်ခန့် ၆ဘီးကား ၃ စီးမှ ၅စီးအထိ တင်ပို့နေရကြောင်း ကွမ်းသီးစိမ်းရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

           ကွမ်းသီးခြောက်ဈေးကွက်အနေဖြင့် ဧပြီလကုန်ပိုင်းတွင် ဘိတ်ကွမ်းသီးမျိုးများ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။ ယခင်နှစ်များက ကွမ်းသီးမှည့် တစ်လုံးလျှင် ၂၅၀ ကျပ်ခန့်ရောင်းချနေပြီး  ယခုနှစ်တွင် ကွမ်းသီး အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ၁၂၀ မှ ၁၅၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ရန်ကုန် တင်ပို့မှု ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၂၅၀,၀၀၀ ကျပ် တင်ပို့ရကြောင်းသိရသည်။ ကွမ်းသီးစိမ်း များ ဇန်နဝါရီလမှ ဧပြီလအထိ တင်ပို့မှု တန်ချိန် ၄၅၀ ခန့် တင်ပို့ပြီးကြောင်း သိရသည်။ ကျေးရွာများမှ ကွမ်းသီးနု အလုံး၁၀၀ လျှင် ၁၅၀၀၀ ကျပ်၊ အလုံး ၁၀၀၀ လျှင် ၁၅၀၀၀၀ ကျပ် ဖြင့် ဝယ်ယူပြီး ရန်ကုန်သို့ တင်ပို့ကြောင်း သိရသည်။ မအူပင်မြို့တွင် ကွမ်းသီး နှစ်ရှည်စိုက်ပျိုးသူသည် အပင်ပေါင်း ၅၀၀၀ကျော် စိုက်ပျိုးထားပြီး ကွမ်းသီးနုများကို ရောင်းချလျက်ရှိကြောင်း စီးပွားဖြစ်စိုက်ပျိုးထားကြောင်းတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ထွက်ရှိနေသည့် ဒေသထွက်ဒူးရင်းသီး

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ယခုကာလ အတွင်း ဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိလာနေပြီး ဒေသတွင်းဈေးကွက်သာမက အခြား မြို့များသို့ပါ တင်ပို့ရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထားဝယ်ဒေသတွင် ဒူးရင်းသီး ကို အဓိကအားဖြင့် သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနှင့် ထားဝယ်မြို့နယ်အချို့ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး မိုးရေချိန်နှင့် မြေဆီလွှာကောင်းမွန်မှုကြောင့် အသီးအရည်အသွေးကောင်းမွန်သည့် ဒူးရင်းသီးများ ထွက်ရှိလျက်ရှိကြောင်း ဒေသခံစိုက်ပျိုးသူများထံမှ သိရှိရပါသည်။

     ယခုနှစ်တွင် ရာသီဥတုအခြေအနေ တည်ငြိမ်မှုကြောင့် အသီးထွက်နှုန်း ယခင်နှစ်များထက် ပိုမိုကောင်းမွန်လာကြောင်း သိရပြီး ဒူးရင်းပင်တစ်ပင်လျှင် အသီး ၅၀ မှ ၁၅၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း စိုက်ပျိုးသူများထံမှသိရပြီး အချို့စိုက်ခင်းများတွင် အရည်အသွေးမြင့် ဒူးရင်းမျိုးများကိုလည်း စမ်းသပ်စိုက်ပျိုးလာကြသည်။

    ဒေသတွင်းဈေးကွက်များတွင် ဒူးရင်းသီးကို အသီးအရွယ်အစားနှင့် အရည်အသွေးအလိုက် တစ်လုံးလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ရောင်းချနေကြပြီး အထူးအရသာကောင်းမွန်သည့် အသီးကြီးမျိုးများမှာ ပိုမိုဈေးကောင်းရရှိနေကြောင်း သိရသည်။ ထို့ပြင် ထားဝယ်ဒေသမှ ထွက်ရှိသည့် ဒူးရင်းသီးများကို မြိတ်၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့လည်း တင်ပို့ရောင်းချနေကြောင်း ဒူးရင်းစိုက်ပျိုးသူများထံမှသိရသည်။ ယခုကာလအခြေအနေများကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ အလုပ်သမားစရိတ်များတက်လာသဖြင့် အမြတ်ရရှိမှုနည်းပါးမှုရှိပြီး ဝယ်လိုအားကတော့ ကောင်းမွန်နေကြောင်း သိရှိရပါသည်။ ထားဝယ်ဒေသထွက် ဒူးရင်းသီးများမှာ အခြားဒေသထွက်များ နှင့်ယှဉ်လျှင် အနံ့အရသာများထူးကဲကောင်းမွန်သဖြင့် တင်ပို့မှုများအနေဖြင့်လည်း ကောင်းမွန်လျက်ရှိသလို အဆိုပါသီးနှံမှာဒေသထွက်ဝင်ငွေကောင်းသီးနှံ တစ်မျိုးဖြစ်လာနေပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်စေသည့် သီးနှံတစ်မျိုးအဖြစ် အရေးပါလာကြောင်း သိရသည်။

DOCA(တနင်္သာရီ)

 

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှ ရွှေဖရုံသီးစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိ

                စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတွင် စပါးနှင့်ပဲမျိုးစုံသီးနှံများကို အဓိကစိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်များလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ရွှေဖရုံသီးစိုက်ဧက (၄)ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ရွှေဖရုံသီးကို ဆောင်းသီးနှံစိုက်ပျိုးသည့် အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ မတ်လတွင် အသီးရင့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြားရွှေဖရုံမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့(၁၀၀)ဂရမ်ပါ (၁၄)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းတူး၍ အစေ့ချစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားအင်အားအပါအဝင် တစ်ဧကလျှင် ငွေကျပ် (၁၆) သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်အလုံးရေ ၁၀၀၀မှ ၁၅၀၀ခန့် ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်(၉)သိန်းထိ ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် လက်လီ/လက်ကား မန္တ‌လေးကုန်စိမ်းသည်များမှ အိမ်အရောက်လာရောက်ဝယ်ယူကြပြီး၊ ရွှေဖရုံသီးပင်စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့်အရွက်များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် ဈေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ပိုမိုရရှိကာ အဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲမျိုးစုံဈေးနှုန်းကျဆင်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

           ၂၀၂၆ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၆၀၀၊ (929)တစ်တင်းလျှင် ကျပ် ၆၂၆၀၀၊ (V2)တစ်တင်းလျှင် ကျပ် ၆၄၃၀၀နှင့် (V7)တစ်တင်းလျှင် ကျပ် ၆၅၃၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း