Main menu

“တိုင်ထောင်ပဲတောင့်ရှည်ဈေးနှုန်းများတည်ငြိမ်လျက်ရှိ”

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ ပဲ၊ ပြောင်း ၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် တိုင်ထောင်ပဲတောင့်ရှည်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ တိုင်ထောင်ပဲတောင့်ရှည် သီးနှံကို မျိုးအနေဖြင့် အစိမ်းရောင် နှင့် ကတ္တီပါရောင်ဟူ၍ (၂)မျိုးရှိရာ အစိမ်းရောင်မျိုးကို အဓိကထား စိုက်ပျိုးကြကြောင်း ၊ တိုင်ထောင်ပဲတောင့်ရှည်သီးနှံသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်ကြောင်း (၁)ဧကကုန်ကျ စရိတ်အနေဖြင့် တိုင်ထောင် ဝါး ၊ မျိုး ၊ သွင်းအားစုနှင့်လုပ်သားခ အပါအဝင်စုစုပေါင်း (၆၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ‌(၃၀၀) ခန့်ထွက်ရှိကြောင်း ၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး (၁)ပိဿာလျှင် (၅၀၀၀/-)ကျပ်၊ လက်လီဈေး (၆၀၀၀/-) ကျပ်  ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ခူးဆွတ်ရာတွင် (၁)ရက်ခြား ခူးဆွတ်ရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည်အတွက် တစ်ပတ်နှင့်တစ်ပတ် ဈေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ် အနေဖြင့် (၈၅၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။

DOCA(မန္တလေး)