Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြန်မာ့ရိုးရာ”မြေပဲဆုံဆီလုပ်ငန်းမှာ တွင်ကျယ်စွာ ကြိတ်ခွဲထုတ်လုပ်နေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်()ရပ်ကွက်ရှိ မြန်မာ့ရိုးရာ ဆုံဆီ လုပ်ငန်းရှင် ဦးဖိုးဆယ်မှ မြေပဲဆုံဆီလုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ (/)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊  ယခင်က ထက်တိုးချဲ့၍ ဆုံ()လုံးတွဲဖြင့် ကြိတ်ခွဲနေကြောင်း၊ မီးလာသည့်အချိန်ပေါ်တွင် မူတည်၍ တစ်နေ့လျှင်(၂၅)ပိဿာဝင် မြေပဲအိတ်(/)အိတ်ခန့်ကြိတ်ခွဲရကြောင်း၊ အိမ်တွင် ပဲခွဲစက်ရှိ၍ လုပ်သားများခေါ်ပြီး ပဲရွေးသန့်စင်ကြောင်း၊ လုပ်သားဦးရေ()ဦးရှိပြီး လုပ်သားခမှာ အမျိုးသား တစ်ဦးလျှင် ကျပ်(၁၀၀၀၀) အမျိုးသမီးတစ်ဦးလျှင် ကျပ်(၈၀၀၀)ပေးရကြောင်း၊ မြေပဲဆံကို နဝလီအငှား မကြိတ်ဘဲမြန်မာ့ရိုးရာအမှတ်တံဆိပ်ဖြင့်သာ ရောင်းချသော ကြောင့် ဆုံဆီ၏ အရည် အသွေး ကိုလည်း အာမခံနိုင်ကြောင်း၊ မြေပဲဆံကို မြို့ပေါ်ရှိ ပွဲရုံများနှင့် ပခုက္ကူမြို့နယ်ရှိ ကိုင်း၊ အင်ပင်၊ ချောက်ကန်ကျေးရွာ၊ ညောင်ဦးနယ်ရှိ ပျော့ကန်၊ ငါ့သရောက် ကျေးရွာမှ တောင်သူများက လာရောက် ရောင်းချကြောင်း၊ မြေပဲ(ပဲကြီး)လုံးဆံကို တစ်ပိဿာလျှင် ကျပ်(၈၉၀၀-၉၁၀၀)ဖြင့် ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ဖြင့် ရောင်း ချ၍ ဆုံခွေပဲဖတ် တစ်ပိဿာလျှင် ကျပ်(၆၂၀၀-၆၃၀၀)ဖြင့် ပွဲစားများက အိမ်သို့လာရောက် ဝယ်ယူကြောင်း၊ မြေပဲဆုံဆီလုပ်ငန်းအနေဖြင့် ယခုနှစ်သည် ယခင်နှစ်ထက် ပိုမိုတွင်ကျယ်စွာ ကြိတ်ခွဲရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့မဈေး၊ ကုန်စုံဆိုင်နှင့် စူပါမားကတ်များ၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်မြို့များသို့ အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။          

DOCA(မကွေး)

မုံရွာမြို့နယ်တွင် တိုင်ထောင်ပဲစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

                       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သစ်စိမ့်၊ ဘုံတို၊ ညောင်ဖြူပင် ကျေးရွာတွင် တိုင်ထောင်ပဲများ စိုက်ပျိုးထားရှိကြောင်း၊ တိုင်ထောင်ပဲကို ဇွန်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၂ လခွဲအကြာ စက်တင်ဘာလတွင် ပဲသီးများကို ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် မြှားနီမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တိုင်ထောင်ပဲသီးများ စတင်ခူးဆွတ်ချိန်တွင် အတောင့်ရေ ၇၅၀၀-၈၅၀၀ ခန့် ခူးဆွတ်ရရှိကာ တစ်ရက်ခြားတစ်ခါ ခူးဆွတ် ရပြီး ပဲသီးများကို နှစ်လခန့် ခူးဆွတ်ရောင်းချရကြောင်း၊  ဈေးနှုန်းအနေဖြင့် လက်ကားဈေး ပဲအတောင့် (၁၀) တောင့်ပါ တစ်စီးလျှင် (၈၀၀)ကျပ်၊ အတောင့် (၁၀၀)ပါ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ဖြင့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ပဲတောင့် အထွက်နှုန်း နှင့် ဈေးနှုန်းအတက်အကျ အပေါ်မူတည်၍ ပျမ်းမျှ ငွေကျပ် ၁၆ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် တိုင်ထောင် ပဲသီးများကိုကုန်စိမ်းပွဲစားများကမုံရွာမမြို့ပေါ်ရှိကုန်စိမ်းဈေးသည်များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ပေါ်ဉီးပေါ်ဖျား သရက်ဖူးနှင့် ပဲစောင်းလျားသီးဈေးနှုန်း

                  ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ပေါ်ဉီးပေါ်ဖျားဖြစ်သည့် သရက်ဖူးများကို ရောင်းချလျက်ရှိပါသည်။ သရက်သီး သီးကင်းမဝင်ခင် အဖူးများပေါ်ထွက်သည်ဖြစ်ရာ ရာသီစာ သရက်ဖူးများကို တို့စရာအတို့အမြုပ်အဖြစ် ရောင်းချ လျက်ရှိကြောင်း သိရသည်။

            ၂၀၂၆ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော သရက်ဖူးဈေးနှုန်းမှာ သရက်ဖူး (၁၀)ပင်ပါ (၁)စည်းလျှင် (၅၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပဲ စောင်းလျားသီးများကို ပြုတ်ပြီး အတို့အမြုပ်အဖြစ်လည်းကောင်း၊ သုပ်စား၍လည်းကောင်း ရောင်းချကြကြောင်း၊ ပဲစောင်းလျားသီး (၅)ပင်ပါ (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ပန်းမုံလာနှင့် ဂေါ်ဖီထုပ်ဈေးနှုန်း

                    ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ရာသီစာ ပန်းမုံလာနှင့် ဂေါ်ဖီထုပ်များကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ပန်းမုံလာနှင့် ဂေါ်ဖီထုပ်များကို အခြားမြို့များမှ သယ်ယူ ရောင်းချသည့်အပြင် ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ် သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းမုံလာနှင့်ဂေါ်ဖီထုပ်နှင့် ပေါ်များလာပြီဖြစ်၍ ဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်း လျက်ရှိကြောင်း သိရသည်၊

             ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပန်းမုံလာဈေးနှုန်းမှာ အရွယ်အစား အကြီး အသေး ပေါ် မူတည်၍ ပန်းမုံလာ(၁)ပွင့်လျှင် (၁၅၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-)ကျပ်၊ ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာသည့် ပဲမြစ်ဈေးနှုန်း

                    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ပဲမြစ်ကို ရောင်းချလျက်ရှိရာ  ရွှေပန်းကုန်းပဲမြစ်နှင့် မကျီးတော ပဲမြစ်ဟူ၍ (၂)မျိုးရှိပြီး ပဲမြစ်များကို ရွှေပန်းကုန်းကျေးရွာနှင့် မန္တလေးမြို့များမှ မှာယူရောင်းချ ကြောင်း၊ ပဲမြစ်ကို စားသုံးသူများသာမက၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် ဈေးသည်များ၊ ပဲမြစ် ပြုတ်ရောင်းချသည့် ခေါင်းရွက်ဗျက်ထိုး ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။

                ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲမြစ်ဈေးနှုန်းမှာ ဗြွန်ဝယ်ယူပါက (၁)ပိဿာ လျှင် (၃၀၀ဝိ/-)ကျပ်နှင့် လက်ရွေးဝယ်ယူပါက (၁)ပိဿာ လျှင် (၄၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး  ပဲမြစ်ဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပွင့်ဖြူမြို့နယ်ရှိကျေးရွာအချို့တွင် မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့်တောင်သူများအဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစု၊ သရက်တောစသည့်ကျေးရွာများမှ တောင်သူများသည်  မုန်းချောင်းရေကိုအမှီပြု၍ မုန်လာဥဖြူ များကိုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ်တွင်အပင်များအောင်မြင်ဖြစ်ထွန်းပြီး နုတ်ယူရောင်းချချိန်တွင် ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

          မုန်လာဥဖြူကို သဲဆန်လွန်းသောမြေ၊ စေးလွန်းသောမြေတို့မှအပ အခြားမည်သည့်မြေမျိုး တွင်ဖြစ်စေစိုက်ပျိုးနိုင်ပြီး အေးသောဒေသများတွင်အပင်များ ပိုမိုအောင်မြင်ဖြစ်ထွန်းလွယ်ကြောင်း၊ မြေဩဇာကောင်းသော မြေပွများတွင်ကောင်းစွာဖြစ်ထွန်းကြောင်း၊ အစိုဓာတ်များလွန်းသောမြေတွင် စိုက်ပျိုးပါကဥများပုပ်သွားတက်ကြောင်း၊ ရာသီဥတုနှင့်မြေအမျိုးအစားအပေါ်လိုက်၍ အထွက်နှုန်းမှာ ကွာခြားမှုရှိကြောင်း သိရှိရပါသည်။  ပွင့်ဖြူဒေသ၌ မုန်လာဥဖြူစိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ အပင်ကိုဘောင်ဖော်၍မျိုးစေ့ချစိုက်ပျိုးရကြောင်း၊ ဒီဇင်ဘာလဆန်း တွင် စတင်စိုက်ပျိုးပြီး အပင်သက်တမ်း(၁)လခွဲခန့်ရှိလျှင် နုတ်ယူရောင်းချကြကြောင်း၊ နုတ်သိမ်း ချိန်တွင် မြေတွင်းအစိုဓာတ်ရှိရန်လိုအပ်ကြောင်း၊ ဇန်နဝါရီလတွင် မုန်လာဥဖြူများကို စတင်ဖော်ယူ နိုင်ပြီဖြစ်ကြောင်း၊ အရွက်နှင့်အတူနုတ်သိမ်းချိန်တွင် မုန်လာဥမကျိုးစေရန် ဂရုစိုက်ရပြီး အချိန်မီ မနုတ်သိမ်းပါက မုန်လာဥအက်ကွဲခြင်း၊ အူချောင်ခြင်းများဖြစ်တက်ကြောင်း၊ မုန်လာဥဖြူတွင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါရှိ၍ ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများစွာရရှိစေသောကြောင့် စားသုံးသူဈေးကွက်၌ အရောင်းသွက်လျက်ရှိကြောင်း၊ စတင်တူး ဖော်ချိန် ဇန်နဝါရီလတွင်  မုန်လာဥဖြူအရွယ်အစားပေါ်မူတည်၍ မုန်လာဥဖြူတစ်စည်းလျှင် ကျပ် (၅၀၀ - ၇၀၀)ခန့်အထိဈေးကောင်းရရှိကြောင်း၊ ပွင့်ဖြူမြို့နယ်ထွက် မုန်လာဥဖြူများကို  စလင်း၊  မင်းဘူး၊  စကု၊  မကွေးမြို့များသို့    တင်ပို့ရောင်းချလျက်ရှိကြောင်း ရွာသာကုန်းကျေးရွာနေ မုန်လာဥ ဖြူစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မအူပင်တွင် စိုက်ပျိုးနေသော ဖူးစားပြောင်းများ ရန်ကုန်သို့ တင်ပို့ 

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ဒေသထွက် ဖူးစား ပြောင်းများ ယခင်နှစ်ထက် စျေးကောင်းရရှိနေကြောင်း မအူပင်မြို့ရှိ ဖူးစား ပြောင်း ရောင်းချသူများထံမှ သိရသည်။ မအူပင်မြို့နယ်တွင် စိုက်ပျိုးသော ပြောင်းများမှာ ပြောင်းချို၊ ပြောင်းစီး၊ ဖူးစားပြောင်းတို့ကို စိုက်ပျိုးကြောင်း သိရသည်။

    မအူပင်မြို့နယ် လေးအိမ်စုကျေးရွာတါင် ပြောင်းဖူးများကို ၂၀၂၅ခုနှစ် စက်တင်ဘာလ ကတည်းက  စိုက်ပျိုးခဲ့ပြီး  ဖူးစားပြောင်းများ ယနေ့အထိ ထွက်ရှိနေပြီး  မအူပင် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်သို့ လည်း တင်ပို့ရ ကြောင်း သိရသည်။  အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပြီးခဲ့သည့် ၂၀၂၅ခုမှစ် နှစ် ပြောင်းဖူးပေါ်ချိန်က ဖူးစားပြောင်းတစ်ဖူးလျှင် လက်ကား ငွေ ၀၀ ကျပ် စျေးသာရှိခဲ့ပြီး ယခုနှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖူးစားပြောင်းတစ်ဖူးလျှင် ငွေ ၀၀ ကျပ်ထိ စျေးကောင်းရရှိနေကြောင်း သိရသည်။ ဖူးစားပြောင်း စတင်ထွက်ရှိချိန် ၂၀၂၅ခုနှစ် နိုဝင်ဘာလက ၁ဖူးလျှင် လက်လီဈေး ငွေကျပ် ၁၀၀၀နှုန်းဖြင့် လက်ကားဈေးရောင်းချရပြီး ၂၀၂ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ဖူးစားပြောင်း လက်လီ ဈေး ၁ဖူးလျှင် ၀၀-၅၀၀ကျပ် နှုန်းဖြင့်သာ လက်ကား ဈေးဖြင့် ရောင်းချတင်ပို့နေပြီး ဈေးနှုန်း နှိုင်းယှဉ်ပါက ငွေကျပ် ၀၀ ကျဆင်းလာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

    ဖူးစားပြောင်း စိုက်ပျိုးမှုအနေဖြင့် ပြောင်းဇူးစေ့ (၅၀)ဂရမ်း ၁ထုတ်လျှင် ၂၅၀၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။  ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် အစိုဓာတ် ကောင်းစွာ ရရှိရန် လိုအပ်ပြီး နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍ ကြောင်း၊ ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လအတွင်း ခုတ်၍ ရောင်းချနိုင်ကြောင်း သိရသည်။ ပြောင်းကို အတန်း လိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးပြီး ပြောင်းဖူး ပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး တစ်ပင်ကို သုံးဖူး၊ လေးဖူးအထိ ထွက်ရှိကြောင်း ၊ ၁ဧကအထွက်နှုန်းအနေဖြင့် အဖူးရေ ၃၅၀၀၀ ခန့် ထွက်ရှိ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ၁ဧကလျှင် ငွေကျပ် သိန်း ၆၀ခန့် ကုန်ကုန်ကျ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅ ၀၀၀ ၀၀၀/-ကျပ်ခန့် ကျန်ရှိကြောင်း ပြောင်း စိုက်ပျိုးသူ တောင်သူထံမှ သိရသည်။ အချို့ ပြောင်းစိုက်ပျိုးသူတောင်သူ များသည် လယ် အငှားစိုက်ပျိုးသူ များရှိပြီး ယခုနှစစ် အဆင်ပြေလျှက်ရှိကြောင်း ပြောင်းကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းနှင့် စီးပွားဖြစ်စိူက်ပျိုးသူ များရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

 DOCA (ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

                  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင်  ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၅၂၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ၃၉၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၃၀၀၀၀ ကျပ်၊ ဧရာမင်း စပါး  (သစ်)  တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၁၀၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၇၃၀၀၀ ကျပ်၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၆၂၀၀၀ ကျပ်၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ၂၅၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါတစ်အိတ်လျင် ၉၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

   ကသာခရိုင်တွင် ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀ ကျပ်၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ ပြည်တစ်အိတ်မှာ ၅၀၀၀၀ ကျပ်၊ ဧရာမင်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။ 

            စစ်ကိုင်းခရိုင်တွင်   ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ၅၃၀၀၀၀၀ ကျပ် ၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ ဧရာမင်း စပါး တင်း ၁၀၀ လျှင် ၃၁၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ မနောသုခ စပါးတင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

            မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်းစပါး (ဟောင်း) တင်း ၁၀၀ လျှင် ၃၀၀၀,၀၀၀ ကျပ်၊  ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာမင်းစပါး (သစ်) တင်း ၁၀၀ လျှင် ၂၂၀၀,၀၀၀၊  ဧရာမင်း (သစ်) ၂၄ ပြည် တစ်အိတ်မှာ (၁၁၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်း စပါး(ဟောင်း) တင်း ၁၀၀ လျှင် ၅၃၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း စပါး(သစ်) တင်း ၁၀၀ လျှင် ၃၉၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ မနောသုခ စပါး(ဟောင်း)တင်း ၁၀၀ လျှင် ၁၈၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ် ၊

          မနောသုခ စပါး(သစ်)တင်း ၁၀၀ လျှင် ၁၅၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ် ၊ ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ် ၊ ဆန် ၂၄ပြည် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ် ၊ ရွှေသွယ်ရင်  (စပါး) တင်း ၁၀၀ လျှင် ၁၂၀၀,၀၀၀ ကျပ် ၊  ဆန် ၂၄ပြည် တစ်အိတ်မှာ ၆၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ရောင်းချနေသော မူးငါးနှင့် မူးငါးခြောက်ဈေးနှုန်း

                    ရွှေဘိုမြို့ရှိ ဈေးများတွင် အသားငါးများကိုရောင်းချလျက်ရှိရာ မြစ်၊ ချောင်း၊အင်းအိုင်၊ မူးများမှ ရရှိသည့် မူးငါးများကိုလည်း ရောင်းချလျက်ရှိရာ မူးငါးများမှာ ပေါလာပြီဖြစ်၍ စားသုံးသူများမှာ မူးငါးများကို အများဆုံးဝယ်ယူစားသုံးကြကြောင်း သိရသည်။

             ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မူးငါးဈေးနှုန်းများမှာ ငါးစဉ်ရိုင်းအကောင် အကြီး/ အသေး သောင်းပြောင်း (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်၊ ငါးမှုံတုံ (၁)ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်၊ ငါးဗျက်ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးများမှာ ပေါ်များလာပြီဖြစ်၍  အချို့ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သည့် တံငါသည်များမှာ ငါးများကို အခြောက် လှမ်း၍ ပြန်လည် ရောင်းချကြကြောင်း၊ အခြောက်လှမ်းသည့် ငါးများမှာ ငါးမှုံတုံနှင့် ငါးဗျက်များကို လှမ်းကြကြောင်း၊ ငါးမှုံတုံခြောက် (၁)ဗူးလျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ငါးဗျက်ခြောက် ဈေးနှုန်းမှာ နို့ဆီဗူး(၁)ဗူးလျှင် (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ကျားခြေရာသီး(ခေါ်)ခရမ်းချဉ် အချဉ်သီးနှင့် ရွှေဘိုဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း

                 ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ဒေသမှထွက်ရှိသည့် ခရမ်းချဉ်သီး အချဉ်သီး(ခေါ်) ဒေသသီးများမှာ ဆောင်းရာသီတွင် လှိုင်လှိုင်ထွက်ရှိ ကြောင်း၊ အချဉ်သီးများမှာ ကျားခြေရာသီးနှင့် ဒေသသီးဟူ၍ (၂)မျိုးရှိကြောင်း၊ ခရမ်းချဉ်သီးများမှာ လှိုင်လှိုင်ထွက်ရှိသော်လည်း ဈေးကောင်းပေး၍ ဝယ်ယူရကြောင်း သိရသည်။

           ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကျားခြေရာသီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်၊ ဒေသသီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း