Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသည့် နွေပဲသီး ဈေးနှုန်း အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးကြပြီး ရာသီစာသီးနှံများနှင့် စားဖို ဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

              ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နွေပဲသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ နွေပဲသီးပင်သည် အသီးရော အရွက်ပါ စားသုံးနိုင်သောအပင် ဖြစ်ကြောင်း၊  နွေပဲသီးသည် ဆောင်းရာသီးနှင့် နွေရာသီတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ နွေပဲသီးတွင် ()မျိုးရှိပြီး အဖြူရောင်နွေပဲသီးနှင့် အစိမ်းရောင်နွေပဲသီးတို့ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိသည့် နွေပဲသီး(၂၅)ကျပ်သားလျှင် (၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ()ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြို့မဈေးရှိ ကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ကြီးမြို့တွင် အရောင်းသွက်လျက်ရှိသော  Tiramisu Cake

         မြန်မာနိုင်ငံရှိ လူငယ်များကြား ရေပန်းစားနေသည့် အီတလီနိုင်ငံရဲ့ အချိုပွဲတစ်မျိုးမှာ Tiramisu (တီရာမိဆု) ဖြစ်ပါသည်။ အီတလီဘာသာနဲ့ Tiramisu အဓိပ္ပာယ်ကတော့ "ငါ့ကို လန်းဆန်းသွားအောင် လုပ်ပေးပါ" (Pick me up)ဟု ဆိုပါသည်။ မူလအရသာသည် ခရင်မ်ပေါ်တွင် ကိုကိုးမှုန့်ဖြူးထားသည့် နူးညံ့အိစက် ခါးသက်ချိုဆိမ့်သော အရသာမျိုး ဖြစ်ပါသည်။

          Tiramisu မှာပါဝင်သည့် ပစ္စည်းတွေကတော့ ကိတ်မုန့်ခြောက်၊ ဘီစကစ်မု့န်များ အရမ်းနူးညံ့ပြီး အဆီအနှစ်ပြည့်ဝတဲ့ အီတလီချိစ် တစ်မျိုး၊ ကိတ်မု့န်ခြောက်နှင့် ဘီစကစ်များ နှစ်ရန်အတွက် ပြင်းရှရှကော်ဖီခါးနှင့် ကိတ်ရဲ့အပေါ်ဆုံးမှာ ဖြူးပေးရန်အတွက် ကိုကိုးမှုန့်တို့ ဖြစ်ပါသည်။

           ကော်ဖီရဲ့ ခါးသက်သက်အရသာ၊ နူးညံ့အိစက်လှတဲ့ ချိစ်ရဲ့ အဆိမ့်အရသာနှင့် အချိုအရသာ ၃ခုကို ပေါင်းစပ်ထားတာကြောင့် ချိုအီသွားတာမျိုး မဟုတ်ဘဲ အရမ်းကိုစားကောင်းလှပါသည်။ ယခုအခါ Tiramisu ကို မူလအရသာအပြင် တီထွင်ဆန်းသစ်ပြီး အရသာအမျိုးမျိုးဖြင့် ဈေးကွက် အတွင်း ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ တောင်ကြီးမြို့တွင် Tiramisu Cake ကို အသုံးပြုသည့် ပါဝင်ပစ္စည်းများအပေါ်မူတည်၍ တစ်တုံးလျှင် (၆၀၀၀/-) မှ (၁၅၀၀၀/-)ထိ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)အတွင်း ဆန်များ စီးဝင်မှု အခြေအနေ

      ရှမ်းပြည်နယ်တွင် ဒေသတွင်းဆန်ထွက်ရှိမှုမှာ (၉၂၅၃၄၁)တန် ဖြစ်ပြီး သုံးစွဲမှုမှာ (၉၀၁၁၈၉)တန်၊ ပိုလျှံမှုမှာ (၂၄၁၅၁)တန် ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် ဆန်ဖူလုံမှုရှိပြီး ဆန်လိုအပ်မှုမရှိသော်လည်း ပြည်နယ်အတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ရွှေ့ပြောင်းလုပ်သားပြည်သူများအနေဖြင့်  ဒေသမှထွက်ရှိသော ဆန်ကို စားသုံးမှုနည်းပါးပြီး အခြားတိုင်းဒေသကြီးများမှ ဆန်များကို ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

        အခြား တိုင်းဒေသကြီးများမှ ရှမ်းပြည်နယ်အတွင်းသို့ ဆန်များစီးဝင်မှုအခြေအနေများအား ကလောမြို့နယ်၊ နမ့်ပန်တက်စစ်ဆေးရေးဂိတ်တွင် စာရင်းကောက်ယူပြုစုလျက်ရှိပါသည်။ ရှမ်းပြည်နယ် အတွင်းသို့ အများဆုံးစီးဝင်လျက်ရှိသော ဆန်အမျိုးအစားများမှာ ဧည့်မထ၊ ငစိန်၊ ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်း ဆန်များဖြစ်ပါသည်။

       ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)အတွင်း ဆန်များ စီးဝင်မှု အခြေအနေမှာ ပဲခူးတိုင်းဒေသကြီး မှ (၃၇) တန်၊ မန္တလေးတိုင်းဒေသကြီး မှ (၆၆)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး မှ (၁၁) တန်၊ စုစုပေါင်း(၁၁၄) တန် ဖြစ်ပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ စီးဝင်လာသော ဆန်များအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသများသို့ ဆက်လက်သယ်ယူပို့ဆောင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် အုန်းသီးဈေးနှုန်းအခြေအနေ

             အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အသားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကိုအသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။အုန်းသီးသည် မြန်မာလူမျိုးတို့၏ဘာသာရေးဆိုင်ရာပွဲများ၊အလှူပွဲမင်္ဂလာဆောင်နှင့်နတ်ပွဲများတွင်မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

           ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ဒုတိယပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင်အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူ မြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ၃၀၀၀) ကျပ်အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိဈေးသည်တစ်ဦး၏ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူ မြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှဝယ်ယူကြကြောင်း၊အုန်းသီးအသုံးပြုမှုများပြားကာဝင်ရောက်သမျှအရောင်းသွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သောက်ရေသန့်ဈေးနှုန်းများ

                   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သောက်ရေသန့် ထုတ်လုပ်သည့် စက်ရုံများရှိပြီး သောက်ရေသန့်အမျိုးမျိုးသည် လူကြီး/လူငယ်အများစု နေ့စဉ် သောက်သုံးနေသော ကုန်စည်ဖြစ်သောကြောင့် သောက်ရေသန့်များ ထုတ်လုပ်ရာတွင် သန့်ရှင်းသောထုတ်လုပ်မှုနှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေးကို သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများက စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

              ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော သောက်ရေသန့်များမှာ ကောင်းသာ KBU သောက်ရေသန့်၊ ယောနသန်သောက်ရေသန့် ၊ မြတ်နန်းဦး သောက်ရေသန့် ထုတ်လုပ်သော လုပ်ငန်းများရှိပြီး ၂၀ လီတာဝင် ရေဘူးကြီးများကို((၁)ဘူးလျှင် (၁၀၀၀)ကျပ်၊ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချလျက်ရှိပြီး  ဒေသတွင်းထုတ်လုပ်သော သောက်ရေသန့်ဘူး(၁)လီတာဘူး(၁)ဘူးလျှင် (၆၀၀)ကျပ်၊ ရန်ကုန်မှ ဝင်ရောက်လျက်ရှိသော ကုန်အမှတ်တံဆိပ်ပါ သောက်ရေသန့်ဘူး(၁)လီတာဘူး(၁)ဘူးလျှင် (၁၀၀၀  ကျပ်မှ ၁၂၀၀)ကျပ်)အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော မုန့်တီ၊ မုန့်ဟင်းခါးမုန့်ဖက်ဈေးနှုန်း

                ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး )မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း၊ (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့ရှိ မြန်မာ့ရိုးရာ အစားအစာမုန့်ကြွေစေ့

                  မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြသည်။ မြန်မာ့ရိုး ရာမုန့်ကြွေစေ့ကို နံနက်ခင်းတစ်ကြိမ်၊ နေ့လည်အဆာပြေစားလေ့ရှိရာရေနွေးကြမ်း၊လက်ဖက်ရည်၊ကော်ဖီတို့နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာ ရေးနှင့် ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ် မျိုးဖြစ်သည်။ မုန့်ကြွေစေ့တွင် ဆန်မှုန့်၊ ဆီ၊ ဆားတို့ပါဝင်ပြီး စားတော်ပဲပြုတ်နှင့် နှမ်းထောင်း တို့ဖြင့် တွဲဖက်၍လည်း စားသုံးကြသည်။ ကန့်ဘလူမြို့၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ် အတွင်း ရောင်းချလျက်ရှိသော မုန့်ကြွေစေ့ဈေးနှုန်းမှာ()ပန်းကန်လျှင် (၃၀၀)ကျပ်၊ ()ပန်းကန် လျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ကြွေစေ့သည် အာဟာရဖြစ်သောမုန့် တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့်  အရောင်းအဝယ်သွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။                 

DOCA(စစ်ကိုင်း)                

သဲကုန်းမြို့နယ်၌ ငရုတ်စိုက်ပျိုးတောင်သူများအကျိုးဖြစ်ထွန်း

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ရွာသာလှရွာတွင် ကျောက်စိမ်းငရုတ်သီးကို ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ရသဖြင့် စိုက်ပျိုးသည့်အချိန်မှ ထွက်ရှိသည့်အချိန်အထိ အချိန်ကာလအားဖြင့် (၂)လခွဲခန့် ကြာမြင့်ပါကြောင်း ငရုတ်ပင်၏ သက်တမ်းမှာ (၄)လ၊ (၅)လထိ ကြာမြင့်ပါကြောင်း (၁)ဧကစိုက်ပျိုးလျှင် သွင်းအားစု၊ လုပ်ခများ အပါအဝင် ကုန်ကျစရိတ်(၇)သိန်းဝန်းကျင် ကုန်ကျပါကြောင်း အကျိုးအမြတ်အနေဖြင့် ဈေးကောင်းသောနှစ်များတွင် (၃)သိန်းမှ (၄)သိန်းအမြတ် ရရှိပါကြောင်း လက်ရှိကျောက်စိမ်းငရုတ်သီး (၁)ပိဿာလျှင် (၃၀၀၀)ကျပ် ရောင်းချရပါကြောင်း၊ ငရုတ်သီးစိုက်ပျိုးသည့် တောင်သူများသည် နည်းမှန်လမ်းမှန်စနစ်ဖြင့် မျိုးကောင်းမျိူး သန့်များကို ရွေးချယ်စိုက်ပျိုးပြီး မှိုရောဂါကင်းပြီး အရည်အသွေးပြည့်ဝသည့် ငရုတ်ကိုသာ ပြည်တွင်း၌ အရောင်းအဝယ်ဖြစ်ရုံသမက ပြည်ပသို့တင်ပို့မှုရှိနိုင်ပြီး တောင်သူများအတွက် အခက်အခဲကြားမှ ငရုတ်သီးဈေးနှုန်းကောင်းမွန်သည့်အတွက် အကျိုးအမြတ်ရရှိ စေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA( ပဲခူး)

သဘာဝစစ်စစ် ဒေသထွက် ကုလားပဲခြမ်းလှော်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် သစ်နဖားကျေးရွာမှဒေသ အစားအစာဖြစ်သည့် သဘာဝစစ်စစ် ကုလားပဲခြမ်းလှော်အား ဆီအသုံးမပြုပဲ မြေအိုးခင်းဖြင့် လှော်၍ပြုလုပ်သဖြင့် ကျန်းမာရေးနှင့် ညီညွှတ်၍၊ လူကြိုက်များပြီး တစ်ပိုင်တစ်နိုင်မှသည် ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နေကြောင်း သိရသည်။ ကုလားပဲကိုသာ အဓိကထား အသုံးပြုလုပ်ကိုင်ပြီး ယခင်နှစ် ကကျေးရွာအတွင်းနှင့် အခြားအလှူဒါန၊ မင်္ဂလာပွဲ၊ ဒါနပွဲများမှ အော်ဒါမှာယူမှုကိုသာ လုပ်ကိုင်ခဲ့ပြီး ယခုအခါ အမှတ်တံဆိပ်ဖြင့် မြို့နယ်နှင့် အခြားမြို့နယ်များသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ ကုလားပဲလှော်ရန် နေအပူချိန် (၂)ရက်ခန့်လှမ်းပြီး မြေအိုးခင်းများတွင် (မီးလင်းဖို)မြေတွင်း မီးဖိုဖြင့် လှော်၍ ပဲဖြန့်ဗန်းပေါ်တွင် လှိမ့်တုံးဖြင့် ပွတ်ပြီး အခွံချွတ်၊ ဇကာချ၊ ပြာခြင်းများ ပြုလုပ်ရသည်။ ကြေသောပဲခြမ်းလှော်စများအား ဘယာကြော်မှုန့်အဖြစ်၎င်း၊ အသေးဆုံးပဲလှော်မှုန့်များအား ၆ ပါတ်လည် အိမ်သုံးမော်တာဖြင့် ပြန်လည်ကြိတ်ခွဲ၍ ပဲမှုန့်ပြုုလုပ်ရောင်းချကြောင်း ကုန်ကြမ်းဖြစ်သော ကုလားပဲ(929)  ၂၀ပိဿာပါ (၁)တင်းလျှင် လက်ရှိဈေး (၈၅၀၀၀)ကျပ်ဖြစ်ပြီး ပဲလှော်ရန်မြေအိုး တစ်လုံး (၅၀၀၀)ကျပ်ဖြင့် တစ်ဖိုစာ အလုံး (၅၀)အားအသုံးပြုကြောင်း ဝလုပ်သား (၃)ဦးဖြင့် တစ်လ ကုလားပဲ (၁၀) တင်းမှ (၁၅)တင်းခန့်လှော်၍ ပုံမှန်ဈေးကွက်ဖြစ်သည့်   ဇီးကုန်းမြို့နှင့် ကြို့ပင်ကောက်မြို့များသို့ ဖြန့်ဖြူးရောင်းချ၍ အလှူပွဲ၊ ဒါနပွဲ၊ မင်္ဂလာပွဲ အချိန်များတွင် ပိုမိုအရောင်းအားကောင်းကြောင်း ယခု ၂၀၂၆ခု  ဇန်နဝါရီလ တွင်ကုလားပဲလှော် လက်ကားဈေးနှုန်းများမှာ (၁၀)ကျပ်သား တစ်ထုပ် (၁၅၀၀)ကျပ်၊ တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ ဘေးထွက်ပစ္စည်းဖြစ်သည့် ဘယာကြော်မှုန့် (၁၀)ကျပ်သား တစ်ထုပ် (၁၄၀၀)ကျပ်၊ ပဲမှုန့် (၁၀) ကျပ်သား တစ်ထုပ် (၁၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲစိမ်း (၂၀)ပိဿာ တစ်တင်း လှော်ပါက ပဲခြမ်းလှော်အသန့် (၁၆)ပိဿာ၊ အကြေအမှုံ  (၃)ပိဿာ၊ အခြောက်အခွံအလျော့ (၁)ပိဿာ ထွက်ရှိကြောင်း  အထွေထွေကုန်ကျစရိတ်နှုတ်ပြီး ပဲတစ်တင်း (၁၄၀၀၀) ကျပ်ခန့် အမြတ်ရရှိပါ၍ စားသုံးသူများ ဘေးကင်းစေမည့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနေသည့် ဒေသထွက် အစားအစာဖြစ်ကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA( ပဲခူး)

ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသောပဲစိမ်းစားဥနှင့် ပဲမြစ်ဈေးနှုန်းအခြေအနေ

                     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ပဲစိမ်းစားဥနှင့် ပဲမြစ်များ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစိမ်းစားဥနှင့် ပဲမြစ်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပဲစိမ်းစားဥများကို ကာဘိုးမှမှာယူ ရောင်းချကာ ပဲမြစ်များကို မန္တလေးမြို့မှ  မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပဲစိမ်းစားဥ ()တွဲလျှင် (၃၀၀၀)ကျပ်၊ ပဲမြစ် ()ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ပဲစိမ်းစားဥသည် အရည်ရွှမ်း၍ အေးသောအချိန်တွင် ပို၍ချိုပြီး စိမ်းစားဥဆိုသည့်အတိုင်း အစိမ်းစားလို့ရသလို အချို့မှာကြော်စား ချက်စားကြသည်။ ပဲမြစ်များကိုပြုတ်၍ သော်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများ လာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း