Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုက်ကြီးမြို့နယ်၏ စားသောက်ကုန်ထုတ်လုပ်မှု

    တိုက်ကြီးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စုတွင် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုး၍ စီမံကိန်းဖြင့် မြို့နယ်၌ထွက်ရှိသော သီးနှံများအား စီးပွားရေးဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်စေရန်နှင့် စားဝတ်နေရေး အဆင်ပြေစေရန်တို့အတွက် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်တင်နိုင်ရေး စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါသည်။ မိသားစုဝင်များအနက် စိတ်ပါဝင်စားသူ (၁၅)ဦးမှ (၂၀)ဦးအထိ (၇)ရက်(တစ်ပတ်)ဖွင့်လှစ်ပေးခဲ့ပါသည်။

      သီးနှံယိုထုတ်လုပ်မှု၊ ဖျော်ရည်ထုတ်လုပ်မှုကို စက်ကိရိယာများနှင့် စနစ်တကျသင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းတက်ရောက်သူများထံမှ ထူးချွန်သူ၊ စိတ်ပါဝင်စားစွာစီးပွားရေးလုပ်နိုင်မည့် (၁၀)ဦးအားရွေးချယ်၍ သီးနှံပိုင်းဆိုင်ရာသုံးစွဲပုံ၊ သုံးစွဲပစ္စည်းများနှင့် ဘေးအန္တရာယ်ကင်းဝေးသော ပစ္စည်းများကိုသုံးစွဲအသုံးပြုနိုင်ရန် စနစ်တကျဆောင်ရွက်ပေးခဲ့ပါသည်။ စက်ပိုင်းဆိုင်ရာများလိုအပ်ပါက အရစ်ကျရောင်းချပေးနိုင်အောင် ဆောင်ရွက်ခဲ့ပြီး ထုတ်လုပ်မှုအဆင့်ဆင့်ကိုလည်း ရှင်းလင်းပြသပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ဓာတုပစ္စည်းကင်းစင်သော မိမိမြို့နယ်ထွက်သီးနှံများ၊ သဘာဝယိုများ၊ ဖျော်ရည်များ “အသီးမှယို” “အသီးမှဖျော်ရည်” ရရှိမှုအတွက် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဧရာဝတီတိုင်းဒေသကြီအတွင်း ပြည်တွင်း/ပြည်ပ အရောင်းအဝယ်ဖြစ်နေသော ရာသီပေါ် ကိုင်းဘောဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိပြီး ပြည်တွင်း/ပြည်ပဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေသည့် တံမြက်စည်းပြုလုပ်ရာတွင် အသုံးပြုလျက်ရှိသော ကိုင်းဘောပင်များမှာ ရာသီချိန် သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး ကိုင်းဘောထွက်ရှိချိန် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်၍ မတ်လဒုတိယပတ် ရောက်လျှင် ကိုင်းဘောရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရသည်၊၊

      ကိုင်းဘောအဓိကထွက်ရှိရာ ဒေသများမှာ တောင်စောင်း၊ တောင်ကုန်းများရှိသော ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းသွား ကားလမ်းဘေးဝန်းကျင်ရှိ သီဟိုဠ်ခြံ၊ ရာဘာခြံများ၊ မြေလွတ်၊ မြေရိုင်းများ ၊ ပင်လယ်ကမ်းခြေဒေသဝန်းကျင် ကျေးရွာများနှင့် ပင်လယ်နှင့်နီးကပ် လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ထွက်ရှိပြီး ကိုင်းဘောရာသီ ရောက်လျှင် ကိုင်းဘောကုန်ကြမ်း ထွက်ရှိသော ဒေသများတွင် အဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူပြီး ပုသိမ်မြို့ပေါ် သာပေါင်းမြို့နှင့် ရန်ကုန်မြို့ပေါ်ရှိ နှစ်ပတ်လည်တံမြက်စည်း  ပြုလုပ်ရောင်းချ သည့်လုပ်ငန်းရှင်များမှ ဝယ်ယူသိုလှောင်၍ ပြည်တွင်းဈေးကွက်မှာ တံမြက်စည်းပြုလုပ် ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့နယ် မဒေါ့ကုန်း ကျေးရွာအုပ်စု မဒေါ့ကုန်းကျေးရွာရှိ ကိုင်းဘောအဝယ်ဒိုင်မှသိရသည်၊၊

     အဝယ်ဒိုင်မှဝယ်ယူထားသော ကိုင်းဘောများကို (၇) ရက်ခန့်လှမ်း၍ ကိုင်းဘော အချောင်းရေ (၁၀၀) စီး အစီးအရေ (၃၀) ကို ဒေသအခေါ်ကိုင်းဘောတစ်ဘောဟု ခေါ်ဆိုပြီး အနု၊ အလတ်၊ အရင့် အမျိုးအစား ၃ မျိုး ခွဲခြား၍ အနုနှင့်အလတ်များကို ရန်ကုန်မှ တစ်ဆင့် ပြည်ပဈေးကွက်တင်ပို့မှု ရှိသလို ကိုင်းဘောအရင့်များကို ပြည်တွင်းတံမြက်စည်းပြုလုပ်ရာတွင် အဓိကအသုံးပြုလျက်ရှိကြောင်း အဝယ်ဒိုင်မှ ဝယ်ယူရာတွင် ကိုင်းဘောအတို၊ အလတ်၊ အရှည် ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး ယခင်နှစ်ကိုင်းဘောတစ်ဘောဈေးနှုန်းမှာ ကျပ် ၁၅၀၀ဝ/ ၂၀၀၀၀ ဝန်းကျင် ဈေးအတွင်းသာရှိပြီး ယခုနှစ် ဈေးနှုန်းမှာ ကိုင်းဘောအတိုအရှည် ပေါ်မူတည်၍ ကျပ် ၂၅၀၀၀မှ ကျပ် ၃၅၀၀၀ ဈေးနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် နှစ်ထက် ကျပ် ၁၀၀၀၀ ဝန်းကျင် ဈေးပို၍ရရှိကြောင်း ကိုင်းဘောထွက်ရှိရာ ကျေးရွာရှိ ဒေသခံများမှာ ကိုင်းဘောခုတ်ယူရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၅၀၀၀/၆၀၀၀မှ ၁၀၀၀၀ ဝန်းကျင် ဝင်ငွေရရှိကြောင်း အဝယ်ဒိုင်မှ သိရသည်၊၊

DOCA(ဧရာဝတီ)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

   အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့မှ ဇန်နဝါရလ(၃၀)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၆၀၀မှ ၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀မှ ၈၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၃၀၀မှ ၆၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၈၀၀မှ ၃၀၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၄၃၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၈၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀မှ ၁၂၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၁၅၀၀မှ ၁၈၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၇၀၀မှ ၃၃၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀မှ ၁၇၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀မှ ၁၀၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၅၀၀မှ ၄၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀မှ ၄၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၈၀မှ ၁၂၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၈၀၀မှ ၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၃၀၀မှ ၂၃၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင်ကျပ် (၁၅၀၀မှ ၈၅၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၆၃၉၄၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၄၉၅၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၄၉၂၆) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၂၉၂)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၈၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၅၀၃၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ) ပေါင်း (၈၁၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၄၅၃၅၀) ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာ ငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

    ဗားဂရာငှက်ပျောသီးအသင်းတွင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးအနောက်၊ တိုင်း(၆) တိုင်းများမှ အများဆုံးဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့၌ ငှက်ပျောဝင်ရောက်မှုပိုမိုဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးအနောက်နှင့် ရန်ကုန်တိုင်းတို့မှ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း၊ ရွှေငှက်ပျောသီး၊ သီးမွှေး၊ ငှက်ပျောချဉ်များဝင်ရောက်ကြောင်းသိရပါသည်။ ရန်ကုန်တိုင်းမှဝင်ရောက်သော ငှက်ပျောသီးဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် (၅၀၀မှ ၁၅၀၀) ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် (၈၀၀မှ ၂၅၀၀) ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀မှ ၄၅၀၀) ကျပ်၊ သီးမွှေးတစ်ဖီးလျှင် ၇၀၀မှ ၃၅၀၀ကျပ်၊ ငှက်ပျောချဉ်မှာ ခိုင်ပြတ်ရောင်းဈေး (၃၀၀၀မှ ၁၀၀၀၀) ကျပ်ရှိပြီး ဧရာဝတီတိုင်းနှင့် ပဲခူးအနောက်မှ ငှက်ပျောသီးဈေးနှုန်းများမှာ ရန်ကုန်တိုင်းမှ ငှက်ပျောဈေးနှုန်းများအတိုင်းဖြစ်ကြောင်း သိရှိရပါသည်။ နေပြည်တော်မှဝင်ရောက်သော ဖီးကြမ်းငှက်ပျောတစ်ဖီးဈေးနှုန်းမှာ (၁၀၀၀မှ ၂၅၀၀) ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်နယ်မှထွက်သော ဖီးကြမ်းတစ်ဖီးမှာ (၁၅၀၀မှ ၃၅၀၀) ကျပ်၊ မန္တလေးတိုင်းမှ ဖီးကြမ်းတစ်ဖီးလျှင် ၁၅၀၀မှ ၃၅၀၀) ထိရှိကြောင်းသိရှိရပါသည်။ ယခုနှစ် ငှက်ပျောဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်များထက် အဝင်နည်းကြောင်း၊ သယ်ယူစရိတ်များခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဝင်ရောက်မှုနည်းကြောင်း ငှက်ပျောအသင်း၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

    ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၃-၁-၂၀၂၄) ရက်နေ့မှ (၂၉-၁-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၆၅၇၂၀) အိတ်၊ ပေါ်ကျွဲ (၈၃၆၀) အိတ်၊ ဧည့်မထ (၁၄၄၆၀၀) အိတ်၊ ဆန်ကွဲ (၃၇၂၉၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၉၉၂၉) အိတ်နှင့် ပဲခူး(အနောက်) မှ ဧည့်မထ (၈၂၅၆) အိတ်၊ ငစိန် (၂၀၂၅) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပြင်ပမြို့နယ်များမှ ဧည့်မထ (၂၆၇၇၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဇန်နဝါရီလ (၂၃) ရက်နေ့မှ ဇန်နဝါရီလ (၂၉)ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ မုံရွာ၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၄၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၅၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၂၀၀၊ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၈၀၀၊  ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၃၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၁၀၀၊  မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်(၂၂၀၀/၂၁၀၀)၊  တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၂၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၁၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၂၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၆/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၆.၂.၂၀၂၄ )

   ၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၆.၂.၂၀၂၄ )

   ၆.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၂.၂၀၂၄ )

     ၆.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း