
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆောင်းငရုတ်သီးနှံကိုလည်း မြစ်သားမြို့နယ်အတွင်းရှိ ရွှေကြာအင်း၊ ထနောင်း ကုန်း၊ သိုတန်ရွာများတွင် အများဆုံးစတင်စိုက်ပျိုးလျက်ရှိပါသည်။ ဆောင်းငရုတ်ကို အောက်တိုဘာ နှင့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့်မတ်လများတွင် စတင်ထွက်ရှိမှာ ဖြစ်ကြောင်း ၊ မျိုးအနေဖြင့် ၆၉၂ ၊ သာမို၊ဒီမွန်မျိုးများကို အများဆုံး စိုက်ပျိုးရကြောင်း၊ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများမှ တစ်နှစ်ပတ်လုံး စိုက်ပျိုးလာကြပါသည်။ငရုတ်စိုက် ပျိုးရာတွင် ပျိုးထောင်း၍ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ဆောင်းငရုတ် စိုက်ပျိုးမှု (၁) ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ မြေဆီမြေဩဇာ ကျွေးသည့်အပေါ်မူတည်၍ အပင်သက်တမ်းကြာနိုင်ပြီး အသီးအပွင့်များ ဝေစာကာအထွက်နှုန်း ပိုကောင်းကြောင်း၊ ယခင်နှစ်ဆောင်းငရုတ်အထွက်တင်း အနေဖြင့်(အစို) တင်း(၂၀၀)ကျော် ထွက်ရှိပြီး တစ်ဧက အခြောက်တင်း (၈၀)ခန့် ထွက်ရှိကြောင်း၊ ပိဿာအနေဖြင့် အစိုပိဿာ (၁၀၀၀)ထွက်ရှိပြီး အခြာက်ပိဿာ(၃၀၀-၄၀၀)ထွက်ရှိကြောင်း၊ ယခင်နှစ် ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်အညှာခြွေ တစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ် ၊ အညှာပါ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ငရုတ်သီးမှုန့်တစ်ပိဿာလျင်(၁၈၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ ယခင်နှစ် ဆောင်းငရုတ် တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး(၁၈၀၀၀၀၀)ကျပ် ခန့်မြတ်ကြောင်း ၊ ယခုလက်ရှိ ငရုတ်သီး ပေါက်ဈေးအနေဖြင့် အညှာခြွေ တစ်ပိဿာလျှင် (၁၃၀၀၀/-)ကျပ် ၊ အညှာပါ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ အမှုန့်တစ်ပိဿာလျှင် (၂၀၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ဆောင်းငရုတ် ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
