ပန်းတနော်မြို့နယ်မှ နိုဝင်ဘာလ ဆန်ကွဲ ဆန် စီးထွက်မှု အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့် အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်း ဒေသကြီးသို့ နေ့စဉ် တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။ ဆန်များကို ရန်ကုန်ဆိပ်ကမ်းနှင့် ပွဲရုံများသို့ တင်ပို့ပြီး၊ ဆန်ကွဲများကို စက်မှုဇုန်ရှိရာ နေရာများသို့တင်ပို့သည်။
ပန်းတနော်မြို့နယ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၅၇၃၂ အိတ်၊ တန်အားဖြင့် ၇၈၇ တန်နှင့် ဆန်ကွဲအနေဖြင့် ၁၀၄၉၉ အိတ်၊ တန်အားဖြင့် ၅၂၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၃၆၇၂ အိတ် နှင့် တန်အားဖြင့် ၆၈၄ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၄၁၀၉ အိတ်နှင့် တန်အားဖြင့် ၂၁ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၂၀၆၀ အိတ် နှင့် ဆန်ကွဲ ၆၃၉၀ အိတ် ပိုမို တင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။
DOCA(ဧရာဝတီ)









