Main menu

ဆောင်းမတ်ပဲစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံ ဖြစ်သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ မတ်ပဲသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည် ။ အောက်တိုဘာလဆန်းမှ စတင်၍ မတ်ပဲသီးနှံများ စတင်စိုက်ပျိုးလျက် ရှိပါသည် ။ အများဆုံး စိုက်ပျိုးသောရွာများမှာ ပခမ်း၊ ခင်လည်၊ မိုးကောင်းနှင့် တောင်ခြေကုန်းရွာ များတွင် အများဆုံး စိုက်ပျိုးကြပါကြောင်း၊ စိုက်ပျိုးပြီး (၄)လအကြာတွင် ထွက်ရှိမည် ဖြစ်ကြောင်း၊ မတ်ပဲစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၆)ပြီခန့်ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၅၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ မတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည် ။ ယခင်နှစ် မတ်ပဲပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့်(၁၅-၁၆)တင်းထွက်ရှိခဲ့ကြောင်း၊ယခင်နှစ်မတ်ပဲဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း ၊ကုန်ကျစရိတ်နုတ်ပြီးပါက(၆၅၀၀၀၀/-)ကျပ် မြတ်ခဲ့ ကြောင်း ယခုလက်ရှိ မတ်ပဲပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၇၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ မတ်ပဲသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း ၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ်ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ် ဝင်ငွေတိုးပြီး ဈေးကွက်ဝယ်လိုအားရှိသော မတ်ပဲသီးနှံကို တောင်သူများတိုးချဲ့စိုက်ပျိုး သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)