Main menu

“ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ပဲယဉ်းစိုက်ခင်းများ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ ၊ မတ်ပဲ ၊ ပဲကြီး၊ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ ပဲယဉ်းသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ အောက်တိုဘာ လဆန်းမှစတင်၍ ပဲယဉ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ အများဆုံး စိုက်ပျိုးသော ရွာများမှာ ကျီတိုင်၊ နွားကူးလေး၊ ပခမ်းနှင့်ခင်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုး ပြီး(၄)လအကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၂)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပဲယဉ်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပဲယဉ်းကြီးမျိုးနှင့်ပဲယဉ်းသေးမျိုးများကိုသာ စိုက်ပျိုး ကြကြောင်း၊ ယခင်နှစ် ပဲယဉ်းပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၂၅-၃၀)တင်း ထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျင် (၄၅၀၀၀)ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီး ပါက (၉၇၅၀၀၀)ကျပ် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိပဲယဉ်းပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၈၅၀၀၀)ကျပ်ခန့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲယဉ်းသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ် ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း၊ နှလုံး ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ် ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါ သည်။ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ပဲယဉ်းသီးနှံကို တောင်သူများ တိုးချဲ့ စိုက်ပျိုး သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)