
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို ကျောက်ဆည်ခရိုင်အတွင်းတွင် ဇွန်လမှစတင်၍ စိုက်ပျိုးလျက်ရှိရာ မိုးစပါးစိုက်ပျိုးမှု အနေဖြင့် ကျောက်ဆည်ခရိုင်အတွင်း (၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် မိုးစပါများဖြိုင်ဖြိုင် ရိတ်သိမ်းနေပြီဖြစ်ပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း မိုးစပါးကို အရည်အသွေးကောင်း ၊ စျေးကောင်းရရှိသော ဧရာပဒေသာ စပါး နှင့် မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုး ကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲ စိုက်ပျိုးမှုများကို စိုက်ပျိုးကြ ကြောင်း ၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် (မိုးစပါး)များ ဖြိုင်ဖြိုင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့်(၇၅-၈၀)တင်းခန့်ထွက်ရှိကြောင်း၊ (၁)ဧကအကျိုးမြတ် အနေဖြင့်(၇၆၀၀၀၀/-)ကျပ် ရရှိကြောင်း စပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ယခုလက်ရှိ စပါးစျေးနှုန်းအနေဖြင့် မနောသုခစပါး(မိုး) တင်း(၁၀၀)လျှင် (၁၄၀၀၀၀၀-၁၅၀၀၀၀၀)ကျပ် ၊ မနောသုခ ဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၂၁၀၀၀၀၀-၂၂၀၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင် (၈၅၀၀၀-၉၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစားများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
