
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် တစ်နိုင်တစ်ပိုင် ရာသီပေါ် သီးနှံပင်များ စိုက် ပျိုးသောခြံများ၊ ထားဝယ်မြို့ပေါ်နှင့် မြို့အနီးရှိ ရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောခြံများတွင် ယခု ဆောင်းကာလ၏ ရာသီပေါ် သီးနှံပင်တစ်မျိုးဖြစ်သော မုန်ညင်းစိမ်းများအား စိုက်ပျိုးလျက်ရှိပါ သည်။
ရောင်းတန်းဝင် မုန်ညင်းစိမ်းများအား ခြံပိုင်ရှင်များမှ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးကာ အိမ်စားသုံးခြင်း၊ ဒေသတွင်း ဝယ်လက်များအား ဖောက်သယ်ပေးခြင်း၊ ကျေးရွာစျေးများတွင် ပြန်လည်ရောင်းချခြင်း၊ ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးများ၊ ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် ရောင်းချလျက်ရှိကြပြီး စျေးနှုန်းအနေဖြင့် မုန်ညင်းစိမ်းတစ်စည်းလျှင် ၈၀၀ မှ ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ စျေးများတွင် ကုန်စိမ်းရောင်းချသည့် စျေးသည်များနှင့် ဝယ်ယူစားသုံးသူများထံမှ စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
