Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသော ဓာတ်မြေဩဇာစက်ရုံ ၇ ခုတည်ဆောက်မည့် အင်ဒိုနီးရှား

           အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတော်မြေဩဇာဖူလုံမှုအားကောင်းရန်အတွက် လာမည့် ၅ နှစ်အတွင်း ခေတ်မီ ဓာတ်မြေဩဇာစက်ရုံသစ် ၇ ခုကိုတည်ဆောက်မည်ဖြစ်ပြီး ၅ ခုကို ၂၀၂၉ ခုနှစ် တွင် ပြီးမြောက်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က တည်ဆောက်မည့်ဘက်ဂျက်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ပတ်လည်ရှိကြောင်း ဂျကာတာမြို့တော်ရှိ ဝန်ကြီးရုံးတွင်ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ စက်ရုံသစ်များသည် စွမ်းအင်သုံးစွဲမှုသက်သာပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချရန် ကူညီပေးနိုင်ကြောင်း သိရပါသည်။ စက်ရုံ ဟောင်းများသည် ၎င်းတို့၏လည်ပတ်မှုကုန်ကျစရိတ်၏ ၄၃ ရာခိုင်နှုန်းကို ဂတ်စ်အတွက် ကုန်ကျခဲ့သော်လည်း စက်ရုံသစ်များမှာ ၂၂ မှ ၂၃ ရာခိုင်နှုန်းပတ်လည်သာ ကုန်ကျ ရန် မျှော်မှန်းရကြောင်း သိရပါသည်။  Sulaiman ၏အဆိုအရ ဆောက်လုပ်ရေးဘက်ဂျက်မှာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျှက်ရှိသည့် efficiency program မှဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ဘက်ပေါင်းစုံပြန်လည်ဖွဲ့စည်းမှုသည် အစိုးရအား အမေရိကန်ဒေါ်လာ ၆၀၁ သန်းသက်သာစေပြီး ဓာတ်မြေဩဇာထုတ်လုပ်မှုကုန်ကျစရိတ်များကို ၂၆ ရာခိုင်နှုန်းထိ ဖြတ်တောက်ပေးနိုင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာန၏ ဓတ်မြေဩဇာစီမံခန့်ခွဲမှုပရိုဂရမ်များ သည် နိုင်ငံပိုင်ဓာတ်မြေဩဇာ လုပ်ငန်း PT Pupuk Indonesia အား အကျိုးအမြတ်ရရှိမှု မြင့်တက်စေခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ရူပီး အမေရိကန်ဒေါ်လာ ၁၅၀.၃ သန်းရရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။  စက်ရုံသစ်များ တည်ထောင်ခြင်းသည် ဓတ်မြေဩဇာထုတ်လုပ်မှုကို ၂၀၂၉ ခုနှစ် တွင် တန် ၇၀၀၀၀၀ ထိမြင့်တက်ရန် အခွင့်အလမ်းများကို ဖန်တီးပေးကြောင်း သိရပါသည်။ ဝန်ကြီးက မူဝါဒသည် အစိုးရက စိုက်ပျိုးရေးသမားများအား ဓာတ်မြေဩဇာပြည့်စုံလုံလောက် စေရန်ပံ့ပိုးပေးမည်ဟု ကတိကဝတ်ပြုမှုကိုရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်အတွင်းရေးအမှုဆောင်ဝန်ကြီး (Minister of State Secretariat ) Prasetyo Hadi က သမ္မတသည် ဝန်ကြီး Sulaiman အားနိုင်ငံပိုင်ဓာတ်မြေဩဇာစက်ရုံများ၏ အလားအလာကို တိုးချဲ့ရန် ညွှန်ကြားခဲ့ကြောင်းနှင့် သမ္မတသည် ဝယ်ယူနိုင်စွမ်းရှိပြီး အရည်အသွေးရှိသော ဓာတ်မြေဩဇာများသည် နိုင်ငံတော်အစားအစာဖူလုံမှု အားကောင်းရေးအတွက် အလွန်အရေး ပါသည်ဟု ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်သစ်များသို့ဝင်ရောက်ရန် ပို့ကုန်လုပ်ငန်းရှင်များအား အင်ဒိုနီးရှားဒုတိယဝန်ကြီးတိုက်တွန်း

          အင်ဒိုနီးရှားဒုတိယဝန်ကြီး Dyah Roro Esti က ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား တင်ပို့မှုများတိုးချဲ့ရန်နှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမရေရာမှုများကြား ဈေးကွက်သစ် များရှာဖွေရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Trade Expo Indonesia (TEI) အခမ်းအနားရှိ အလုပ်ရုံဆွေးနွေးပွဲတွင် Esti က ကမ္ဘာလုံးဆိုင်ရာအင်အားကူး‌ပြောင်းမှုသည် ကုန်သွယ်ရေး အတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်း ၂ ခုလုံးကိုကိုယ်စားပြုကြောင်း၊ ထိုအခြေအနေသည် ၎င်းတို့ အား အစဉ်အလာဈေးကွက်များကိုကျော်လွန်၍ ဈေးကွက်သစ်များသို့ဝင်ရောက်ရန် စဉ်းစားစေ ကြောင်း၊ အာရှသည်ယခုအခါ ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၄၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီဖြစ်သော ကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလမ်းပြမြေပုံတွင် အဓိကအသွင်ကူးပြောင်းနေပြီး ဒေသ၏ လွှမ်းမိုးမှုကြီးထွားနေပြီဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဗျူဟာမြောက်တည်နေရာနှင့်အတူ အင်ဒိုနီးရှားသည် ကမ္ဘာလုံးဆိုင်ရာ‌ထောက်ပံ့မှုကွင်းဆက်တွင် အားကောင်းသောအခန်းကဏ္ဍကို ရယူရန် ကောင်းမွန်သောတည်နေရာတွင် တည်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား သည် ကုန်ကြမ်းပစ္စည်းတင်ပို့မှုမှ တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့မှုသို့ အသွင်ကူးပြောင်းနေပြီဖြစ် ကြောင်း သိရပါသည်။ နီကယ်အခြေခံကုန်ပစ္စည်းများ၊ စားအုန်းဆီစိမ်းမှထုတ်လုပ်သည့်ပစ္စည်း များနှင့် ပြုပြင်ထုတ်လုပ်သည့်ဓာတုပစ္စည်းများသည် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍအားကောင်းမှု ကြီးထွားလာသည်ကို ပြသနေကြောင်း သိရပါသည်။ တင်ပို့မှုကြီးထွားမှုကို ဆက်လက်ပံ့ပိုးပေးရန် Esti က စီးပွားရေးလုပ်ငန်းများအား အင်ဒိုနီးရှားက နိုင်ငံ ၃၀ နှင့်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ၂၄ ခုကိုခြေကုပ်ယူရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Esti က ထိုသဘောတူညီချက်များသည် ကျယ်ပြန့်သောဈေးကွက်လမ်းကြောင်းကို တံခါးဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၎င်းတို့၏စီးပွားရေးလုပ်ငန်းများက အခွင့်အရေးကိုရယူရမည်ဖြစ် ကြောင်း ပြေကြားခဲ့ပါသည်။ ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အတွက်ပို့ကုန်ကြီးထွား နှုန်းကို ၇.၁ ရာခိုင်နှုန်းသတ်မှတ်ထားပြီး နိုင်ငံ၏စုစုပေါင်းစီးပွားရေးကြီးထွားနှုန်းကို ၈ ရာခိုင်နှုန်း ရောက်ရှိရန်မျှော်မှန်းထားကြောင်း သိရပါသည်။ အစိုးရက ထိုအဟုန်သည် အင်ဒိုနီးရှားပို့ကုန် လုပ်ငန်းရှင်များက အစဉ်အလာမဟုတ်သည့်ဈေးကွက်များသို့ ဝင်ရောက်ရန်ကူညီပေးနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းပြောင်းလဲမှုများအကြား လိုက်ရောညီထွေဖြစ်မည်ဟု မျှော်လင့်လျှက်ရှိကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

အိမ်ရာမြေကဏ္ဍကို စီးပွားရေးကြီးထွားမှု၏အဓိကမောင်းနှင်အားအဖြစ် အင်ဒိုနီးရှားရှုမြင်

   အင်ဒိုနီးရှားနိုင်ငံ အိမ်ရာနှင့် နေရာချထားရေးဝန်ကြီးဌာနသည် အိမ်ရာမြေကဏ္ဍအား နိုင်ငံ တော်စီးပွားရေးကြီးထွားမှုကိုပံ့ပိုးပေးမည့် အဓိကထောက်တိုင်များထဲမှတစ်ခုအဖြစ် သတ်မှတ် ထားပြီး များစွာသောလုပ်ငန်းနယ်ပယ်များတစ်လျှောက် အားကောင်းသောသက်ရောက်မှုရှိ ကြောင်း ပြောကြားခဲ့ပါသည်။ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Sri Haryati က ၂၀၂၅-၂၀၂၉ နိုင်ငံတော်မဟာဗျူဟာစီမံကိန်းအဖြစ် ဒီဇိုင်းဆွဲထားသည့် အိမ် ၃ သန်း ဆောက်လုပ်မှုသည် အိမ်ရာမြေတိုးချဲ့ရန်နှင့် နိုင်ငံတော်စီးပွားရေးအားကောင်းရန် ဗျူဟာမြောက် အားထုတ်မှုကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည် လုပ်ငန်းရှင်များ ဘဏ္ဍာရေးလမ်းကြောင်းရရှိမှုကျယ်ပြန့်ရန်နှင့် ကဏ္ဍကြီးထွားမှုအရှိန်မြှင့်တင်ရန်အတွက် အိမ်ရာ မြေကဏ္ဍရှိ MSME လုပ်ငန်းများအတွက် People’s Business Credit ဖြေလျှော့ပေးရန်စီစဉ်နေ ကြောင်း သိရပါသည်။ အိမ်ရာပရိုဂရမ်ချေးငွေဆောင်ရွက်မှုအစီအစဉ်သည် ချေးငွေကန့်သတ်ပမာ ဏ၊ သက်တမ်းနှင့် အတိုးနှုန်းအစရှိသည့် ငွေချေးယူမှုကာလကို ထိန်းကြောင်းသွားမည်ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုမှန်ကန်စေရေးအတွက် သက်ဆိုင်ရာအေဂျင်စီများက စောင့်ကြည့်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။ ထိုမူဝါဒသည် စီးပွားရေးကဏ္ဍ ၁၁၀ ခု တိုက်ရိုက်အကျိုးအမြတ်ရရှိပြီး ၇၅ ခုသွယ်ဝိုက်သက်ရောက်မှုရှိရန်မျှော်မှန်းရသည့် နိုင်ငံတော်  အလယ်အလတ်ကာလဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၂၅-၂၀၂၉) ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က အကယ်၍အိမ်ရာပရိုဂရမ်များ ရည်မှန်းချက်အောင်မြင်ပါက နိုင်ငံ၏စီးပွား‌ရေးသည် ၅.၆ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်းထိကြီးထွား နိုင်ကြောင်းခန့်မှန်းခဲ့ပါသည်။ Sadewa က အိမ်ရာကဏ္ဍတွင် ဆောက်လုပ်ရေး၊ ဘိလပ်မြေနှင့် အခြားအရာများပါဝင်သောကြောင့် သက်ရောက်မှုအရမ်းသိသာထင်ရှားပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခု အဖြစ်ယူဆရကာ ကြီးထွားမှုသည်ကဏ္ဍအားလုံးသို့သက်ရောက်မည်ဖြစ်ကြောင်းနှင့် ထိုစီမံကိန်း သည်စီးပွား‌ရေးအရှိန်အဟုန်မြှင့်တင်ရာတွင် အောင်မြင်မှုရရှိမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

အင်ဒိုနီးရှား၏စွန့်ပစ်အမှိုက်မှစွမ်းအင်စီမံကိန်းကို နိုင်ငံခြားလုပ်ငန်း ၄၄ ခု စိတ်ဝင်စား

       နိုင်ငံခြားကုမ္ပဏီ ၄၄ ခုသည် အင်ဒိုနီးရှား၏စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ပရိုဂရမ်တွင် ပါဝင်ရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara Indonesia က အောက်တို ဘာလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုကုမ္ပဏီများမှာ အဓိကအားဖြင့် ဂျပန်၊ တရုတ်၊ ဂျာမနီ၊ နယ်သာလန်နှင့် စင်ကာပူတို့မှဖြစ်ပြီး စုစုပေါင်းလုပ်ငန်း ၁၀၇ ခုကစီမံကိန်းကို စိတ်ဝင်စား မှုပြသခဲ့ပြီး ကျန်လုပ်ငန်း ၅၃ ခုမှာ ပြည်တွင်းမှဖြစ်ကြောင်း သိရပါသည်။ Danantara ၏ CEO ဖြစ်သူ Rosan Roeslani က ထိုနိုင်ငံခြားကုမ္ပဏီအများစုမှာ ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများတွင် အဓိကလုပ်ငန်းများဖြစ်ကြောင်းနှင့် အေဂျင်စီသည် ရွေးချယ်မှုလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ဖြင့် လာမည့် ၂ နှစ်ကျော်တွင် ပြီးမြောက်ရန် ရည်ရွယ်ထားပြီး အစွမ်းဆောင်နိုင်ဆုံးမိတ်ဖက်များ ကို ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Danantara ၏ သတင်းအချက်အလက်အကြီး အကဲဖြစ်သူ Pandu Patria Sjahrir က လေလံလုပ်ငန်းစဉ်သည် လာမည့် ၆ ပတ်မှ ၈ ပတ် အတွင်းပြီးမြောက်ရန်မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ပထမဆုံးစက်ရုံများတည်ဆောက် မှုကို ဂျကာတာ၊ Bandung ၊ Surabaya နှင့် ဘာလီတို့ပါဝင်သည့် မြို့ကြီး ၁၀ မြို့တွင် ၂၀၂၅ ခုနှစ် နောက်ပိုင်းတွင် စတင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၅၀ သန်းမှ သန်း ၂၀၀ကြားရှိသည့် စုစုပေါင်းစီမံကိန်း ၃၃ ခုမှာ ကနဦးဆောင်ရွက်မှု အောက်တွင် စီစဉ်ခဲ့ကြောင်း သိရပါသည်။ ပရိုဂရမ်သည် လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းနှင့် အများပြည်သူကျန်းမာရေးစိုးရိမ်မှုမြင့်တက်လာခြင်းတို့ကြောင့် မြို့ပြစွန့်ပစ်ပစ္စည်းကို ပြည့်ဖြိုးမြဲ စွမ်းအင်သို့ အသွင်ကူးပြောင်းမည့် အစိုးရကျယ်ပြန့်သော အစီအစဉ်ဖြစ်ကြောင်း သိရပါသည်။ သမ္မတ Prabowo Subianto သည် စွန့်ပစ်ပစ္စည်းကို အသုံးပြု၍ အစိမ်းရောင်နည်းပညာများ အသုံးပြုရန်အတွက် စည်းမျဉ်းသစ်ကို အောက်တိုဘာလ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရပါသည်။ ထိုစည်းမျဉ်းအောက်တွင် Danantara သည် စီးပွားရေးအရအကျိုးရှိနိုင်မှု၊ စွန့်စားရမှုနှင့် ဘဏ္ဍာရေးအကောင်အထည်ဖော်နိုင်မှုတို့အပေါ်အခြေခံ၍ မိတ်ဖက်ရွေးချယ်မှုအား ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

မဲခေါင်‌ဒေသနိုင်ငံများနှင့် စီးပွားရေးချိတ်ဆက်မှုတိုးချဲ့မည့်အင်ဒိုနီးရှား

            အင်ဒိုနီးရှားနိုင်ငံသည် ကုန်သွယ်ရေး၊ စွမ်းအင်နှင့် နည်းပညာတို့တွင် မဲခေါင်ဒေသနိုင်ငံ များဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်သွားမည်ဟု ကမ္ဘောဒီးယားဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးက အောက်တိုဘာလ ၁၆ ရက်‌နေ့ကပြောကြားခဲ့ပါသည်။ သံအမတ် Santo Darmosumarto က ဒေသတစ်လျှောက်စွမ်းအင်ဖူလုံရေးပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ ဂျကာတာမြို့တော်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အင်ဒိုနီးရှား-မဲခေါင်ဒေသချိတ်ဆက်ရေးဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သံအမတ်ကြီးက အင်ဒိုနီးရှားသည် ကျယ်ပြန့်သော ဒေသဆိုင်ရာမိတ်ဖက်များအနေဖြင့် မဲခေါင်ဒေသနိုင်ငံများ၏ ပုံရိပ်ကိုမြှင့်တင်သွားမည်ဖြစ် ကြောင်း၊ ကမ္ဘောဒီးယားသည်မဲခေါင်ဒေသတွင် ဗျူဟာမြောက်တည်ရှိနေပြီး အင်ဒိုနီးရှားအား ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့်နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် စင်မြင့်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် အင်ဒိုနီးရှားသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူ အစရှိသည့် အစဉ်အလာမိတ်ဖက်များကို ကျော်လွန်၍ စီးပွားရေးချိတ်ဆက်မှုူကျယ်ပြန့်သင့်ပြီး အရှေ့တောင်အာရှမဲခေါင်‌ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားပူးပေါင်းဆောင်ရွက်မည့်နည်းပညာတစ်ခုသည် မိုက်ခရို-ဟိုက်ဒရိုပါဝါနည်းပညာဖြစ်ကြောင်း သိရပါသည်။ သံအမတ်က အင်ဒိုနီးရှားသည် သက်ဆိုင်သည့် နည်းပညာများတင်ပို့ပြီး မဲခေါင်ဒေသရှိအကြီးစားပူးတွဲစီမံကိန်းများတွင် ပူးပေါင်းပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အင်ဒိုနီးရှားသည်မဲခေါင်ဒေသနိုင်ငံအားလုံးနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုယန္တယားတည်ထောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်မှ တာဝန်ရှိသူများသည် မဲခေါင်ဒေသရှိနိုင်ငံများအကြား တည်ငြိမ်ပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုရရှိရန်အတွက် စွမ်းအင်ဖူလုံရေး၊ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုနှင့် အစိမ်းရောင်နည်း ပညာလွှဲပြောင်းမှုတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးဆောင်ရွက်ခြင်းအားဖြင့် အင်ဒိုနီးရှားသည် ရေအရင်းအမြစ်ကြွယ်ဝမှုနှင့် အပြန်အလှန် စီးပွားရေးကြီးထွားမှုအရှိန်မြှင့်တင်မှုတို့ရရှိရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

MSME လုပ်ငန်းများတင်ပို့မှုအရှိန်မြှင့်တင်ရန်အတွက် ကုန်သွယ်ရေးစည်းမျဉ်းများ ဖြေလျှော့ပေးခဲ့သည့်အင်ဒိုနီးရှား

      အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဒုတိယဝန်ကြီး Dyah Roro Esti က အင်ဒိုနီးရှား၏ ကုန်သွယ်ရေးမူဝါဒပြန်လည်ပြင်ဆင်မှုသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမရေရာမှုများ ကြား MSME လုပ်ငန်းများအား ဆက်လက်ကြံကြံခံနိုင်ရန်နှင့် တင်ပို့မှုများတိုးချဲ့ရန် ကူညီပေးခဲ့ ကြောင်း သိရပါသည်။ အကြိမ် ၄၀ မြောက်အင်ဒိုနီးရှားကုန်စည်ပြပွဲတွင် Esti က အင်ဒိုနီးရှား၏ ကုန်သွယ်ရေးမူဝါဒများသည် ပို့ကုန်လုပ်ငန်းရှင်များ အထူးသဖြင့် MSME လုပ်ငန်းများကို ပံ့ပိုးပြီး အခွင့်အလမ်းသစ်များရှာဖွေရန်ကူညီပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် MSME လုပ်ငန်းများ၏စွမ်းရည်ကိုပံ့ပိုးရန်အတွက် သွင်းကုန်ကန့်သတ်ထိန်းချုပ်ထားခြင်းကိုဖြေလျှော့ပေး သည့်စီမံချက်များနှင့် များစွာသောပရိုဂရမ်များကို စတင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ထိုပြန်လည်ဖွဲ့စည်းမှုသည် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတိုးတက်ရန်၊ စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးရန်နှင့် စက်မှုဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ အစိုးရ သည် လတ်တလောတွင် လိုင်စင်စနစ်တိုးတက်စေခြင်း၊ အဆင့်မြင့်ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းတို့ပါဝင်သော ဘက်ပေါင်းစုံကန့်သတ်ထိန်းချုပ်ထားမှု ကိုဖြေလျှော့သည့် ပရိုဂရမ်များဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။  ကုန်သွယ်ရေးဝန်ကြီး ဌာနသည် ထုတ်ကုန်ဝယ်ယူခြင်း၊ နိုင်ငံခြားဝယ်ယူသူများနှင့်စီးပွားရေးချိတ်ဆက်ခြင်း၊ ကုန်စည် ပြပွဲများပါဝင်ဆင်နွှဲခြင်းနှင့် လေ့ကျင့်ခြင်းတို့မှတစ်ဆင့် MSME လုပ်ငန်းများအား ပို့ကုန်လုပ်ငန်း ရှင်များဖြစ်လာရန်ပံ့ပိုးပေးမည့် ပရိုဂရမ်ကိုဖန်တီးနေကြောင်း သိရပါသည်။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုတိုးချဲ့ရန်ကြိုးပမ်းအားထုတ်ခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ထောက်ပံ့ပို့ဆောင် ရေးအခြေခံအဆောက်အအုံအဆင့်မြှင့်တင်ခြင်းတို့သည် MSME လုပ်ငန်းများအား ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့မှုကွင်းဆက်သို့ဝင်ရောက်ရန်နှင့် ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ကျယ်ပြန့် သောမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးရာညှိနှိုင်းဆွေးနွေး ရေးဝန်ကြီးဌာန၏အဆိုအရ MSME လုပ်ငန်းများသည် နိုင်ငံစီးပွားရေးအတွက် အလွန်အရေးပါပြီး နိုင်ငံ GDP ၏ ၆၀.၅၁ ရာခိုင်နှုန်းနှင့် စုစုပေါင်းတင်ပို့မှု၏ ၁၅.၇ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။

DOCA (ရန်ကုန်)

ဘဏ္ဍာရေးနှစ်သစ်၏ ၃ လအတွင်း နီပေါတွင် ရင်းနှီးမြုပ်နှံမှု နှစ်ဆတိုးလာ

          လက်ရှိ 2025-26 ဘဏ္ဍာနှစ် ပထမသုံးလတွင် နီပေါနိုင်ငံ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် နှစ်ဆကျော် တိုးလာသည်ဟု စက်မှုဝန်ကြီး ဌာနက အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တွင်ပြောကြားခဲ့သည်။

          နီပေါနိုင်ငံသည် ဇူလိုင်လလယ်မှ အောက်တိုဘာလလယ်အတွင်း နီပေါရူပီး ၃၅.၁၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၉.၄၂ သန်း) တန်ဖိုးရှိ FDI ကတိကဝတ်များကို ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် ရူပီး ၁၅.၄၂ ဘီလီယံမှ မြှင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

       ကတိကဝတ်များသည် အလုပ်အကိုင်သစ် ၃၃၈၁၄ ကိုဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ပရောဂျက်ပေါင်း ၃၁၁ ခုဆောင်ရွက်ရန်ဖြစ်ကြောင်း အဆိုပါဌာနက အစီရင်ခံစာတွင် ဖော်ပြထား သည်။

      သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍနှင့် ခရီးသွားကဏ္ဍကို ရင်းနှီးမြှုပ်နှံ သူများက အနှစ်သက်ဆုံးဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံး လေစွမ်းအင်သုံး ရေအောက်ဒေတာစင်တာ တည်ဆောက်မှုကို အပြီးသတ်ခဲ့

        တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံး လေစွမ်းအင်သုံး ရေအောက်ဒေတာစင်တာ (UDC) ပရောဂျက်ကို ကွန်ပြူတာအခြေခံ အဆောက် အအုံ၏ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်း၌ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ Lin-gang Special Area of ​​China (Shanghai) Pilot Free Trade Zone တွင် တည်ရှိပြီး UDC ပရောဂျက်သည် ရင်းနှီးမြှုပ်နှံမှု ယွမ် ၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၆ သန်းခန့်) ရရှိပြီး စုစုပေါင်း ဓာတ်အား ၂၄ မဂ္ဂါဝပ်ရှိကြောင်း Lin-gang အထူးနယ်မြေ စီမံခန့်ခွဲရေး ကော်မတီထုတ်ပြန်ချက်အရ သိရသည်။ မြေယာအခြေခံဒေတာ စင်တာများနှင့် နှိုင်းယှဉ်ပါက ပရောဂျက်သည် အစိမ်းရောင်လျှပ်စစ်ဓာတ်အား ၉၅ ရာခိုင်နှုန်းကျော် အသုံးပြုရန် ဒီဇိုင်းထုတ် ထားပြီး ဓာတ်အားသုံးစွဲမှု ၂၂.၈ ရာခိုင်နှုန်းနှင့် ရေနှင့် မြေယာအသုံးပြုမှု ၁၀၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကျော် အသီးသီး အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။

        စီမံကိန်းပြီးစီးမှုသည် UDC နှင့် ကမ်းလွန်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ ပေါင်းစပ်ဖွံ့ဖြိုး တိုးတက်ရေးတွင် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း စီမံခန့်ခွဲရေးကော်မတီမှ ပြောကြားခဲ့သည်။ ၎င်း သည် ကွန်ပျူတာအခြေခံအဆောက်အအုံ၏ အစိမ်းရောင်နှင့် ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှု အတွက် သရုပ်ပြအဖြစ်တည်ရှိပြီး ကမ်းလွန်လေအားလျှပ်စစ်ကို ပြည်တွင်းသုံးစွဲမှုအတွက် ပံ့ပိုးပေး ကြောင်းသိရသည်။

 DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ