
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လတွင် ရော်ဘာနှင့် ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်းကျော်တိုးလာကြောင်း ရော်ဘာဦးစီးဌာန၏ အစီရင်ခံစာအရသိရသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ရော်ဘာတန်ချိန် ၁၇၉,၁၉၈ တန် ထုတ်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၃၁ ရာခိုင်နှုန်း တိုးလာကြောင်း ၁၁-၈-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဇူလိုင်လတစ်လတည်းတွင် ရော်ဘာတန်ချိန် ၃၆၈၅၅ တန်ထုတ်လုပ်ခဲ့ပြီး၊ ယခင်လကထက် တန်ချိန် ၄,၀၅၇ သို့မဟုတ် ၁၂.၃၇ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃,၀၄၀ သို့မဟုတ် ၈.၉၉ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ရော်ဘာ ၁၄၇,၀၇၁ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၁၅.၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ရော်ဘာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် Khun Kakada က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရော်ဘာနှင့် ရော်ဘာတင်ပို့မှုမှ စုစုပေါင်းဝင်ငွေသည် ကန်ဒေါ်လာ ၃၈၇ သန်းကျော်ရှိပြီး ရော်ဘာတင်ပို့မှုမှ ကန်ဒေါ်လာ ၃၈၅ သန်းနီးပါးနှင့် ရော်ဘာသစ်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ သန်းကျော်ရှိကြောင်း Kakada က ဆိုသည်။ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနသည် ရော်ဘာလုပ်ငန်းတွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးပဏာမခြေလှမ်းများအတွက် နိုင်ငံနှင့်နိုင်ငံတကာ ရော်ဘာ အသင်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)