Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

Apple သည် M3 ချစ်ပ်ပါသော iPad Air အသစ်ကိုမိတ်ဆက်ခဲ့

Apple သည် M3 ချစ်ပ်ထည့်သွင်းပြုလုပ်ထားသော ၁၁ လက်မနှင့် ၁၃ လက်မ အရွယ်နှစ် မျိုးရှိ‌သော iPad Air မော်ဒယ်သစ်များကို ဖေဖော်ဝါရီလ ၄ ရက်နေ့က မိတ်ဆက်ခဲ့သည်။ iPad Air အသစ် သည် Apple Intelligence ကို ပံ့ပိုးပေးပြီး M3 ချစ်ပ်အသုံးပြုထားသည့် iPad Air သည် M1 ချစ်ပ် အသုံးပြုထားသည့် iPad Air နှင့် နှိုင်းယှဉ်ပါက ၂ ဆနီးပါး ပိုမြန်ပြီး A14 Bionic ရှိသော iPad Air ထက် 3.5 ဆ ပိုမြန်သည်ဟု Apple မှ ပြောကြားခဲ့သည်။ ထို့အပြင် Apple မှ M3 ရှိ Neural Engine သည် M1 နှင့် နှိုင်းယှဉ်ပါက AI-based workloads အတွက် ၆၀ ရာခိုင်နှုန်းအထိ ပိုမြန်သည်ဟုဆို သည်။ ကုမ္ပဏီသည် iPad ကို သိုလှောင်မှု နှစ်ဆနှင့် A16 ချစ်ပ်ဖြင့် အဆင့်မြှင့်တင်ထားကြောင်း လည်း ကုမ္ပဏီက မှတ်ချက်ပြုခဲ့သည်။ A16 ပါသော iPad အသစ်သည် ယခင်မျိုးဆက်ထက် ၃၀ ရာခိုင်နှုန်းနီးပါး ပိုမြန်သည်။ ၁၁ လက်မ မော်ဒယ်အတွက် အမေရိကန် ဒေါ်လာ ၅၉၉ နှင့် ၁၃ လက်မ မော်ဒယ်အတွက် ၇၉၉ ဒေါ်လာ ၊ 128GB၊ 256GB၊ 512GB နှင့် 1TB အမျိုးအစားများ ပါဝင်သည်။ iPad Air အသစ်ကို အင်္ဂါနေ့မှစတင်၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး မတ်လ 12 ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

 

ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း(CPI) သည် ဖေဖော်ဝါရီလတွင် ၂.၉၁ ရာခိုင်နှုန်း မြင့်တက်ခဲ့

          ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ဖေဖော်ဝါရီလတွင် တစ်နှစ် ထက်တစ်နှစ် ၂.၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗီယက်နမ် အထွေထွေစာရင်းအင်းရုံးက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

          အညွှန်းကိန်းသည် ယခင်လနှင့် နှိုင်းယှဥ်ပါက ၀.၃၄ ရာခိုင်နှုန်းတိုးလာသည်ဟု အစီအရင်ခံစာ အရ သိရသည်။ အထွေထွေစာရင်းအင်းရုံး၏ အဆိုအရ ပြီးခဲ့သည့်လက CPI မြင့်တက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ထောက်ပံ့မှုပြတ်လပ်မှုကြောင့် ဝက်သားစျေးနှုန်းများ မြင့်တက်လာ ခြင်းနှင့် နှစ်သစ်ကူး အားလပ်ရက်အတွင်း စားသုံးသူများ၏ ဝယ်လိုအားမြင့်တက် လာပြီးနောက် စားသောက်စရိတ်များ၊ အိမ်အငှားနှင့် သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုစရိတ်များ မြင့်တက်လာ ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

          CPI သည် ၂၀၂၅ ခုနှစ် ပထမနှစ်လတွင် တစ်နှစ်ထက်တစ်နှစ်ပျမ်းမျှအားဖြင့် ၃.၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ငွေကြေး‌ဖောင်းပွမှုမှာ ယမန်နှစ်အလားတူ ကာလကထက် ၂.၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းအဆိုပါရုံး၏ ပြောကြားချက်အရသိရသည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၂ လတွင် ငရုတ်ကောင်းတင်ပို့မှုမှတစ်ဆင့်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၉၀ နီးပါး ရရှိခဲ့သည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်၏ ပထမ ၂ လတွင် ဗီယက်နမ်၏ငရုတ်ကောင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၉.၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း၏ အဆိုအရ နိုင်ငံသည် ထို ၂ လတာကာလအတွင်း ငရုတ်ကောင်း တန်ချိန် ၂၈၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၈.၇ သန်း ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏စိုက်ခင်းဧရိယာသည် ကော်ဖီ၊  ရာဘာ၊ လက်ဖက်နှင့် သီဟိုဠ်ကဲ့သို့‌သော အခြား အဓိက သီးနှံများထက် နည်းပါးသော်လည်း ငရုတ်ကောင်းသည် တန်ဖိုးမြင့်ကုန်ပစ္စည်းအဖြစ် ဆက်လက် ရပ်တည်နေကြောင်း သိရပါသည်။ ငရုတ်ကောင်း စိုက်ပျိုးသည့်ဧရိယာသည် ကော်ဖီအတွက် အသုံးပြုသည့်မြေနေရာ၏ ၁၅ ရာခိုင်နှုန်းနှင့် ရာဘာအတွက်အသုံးပြုသည့် မြေနေရာ၏ ၁၂ ရာခိုင်နှုန်းသာရှိကြောင်း သိရပါသည်။ သို့သော် ၎င်းတို့တင်ပို့ရာမှ ဝင်ငွေရရှိမှုသည် ကော်ဖီတင်ပို့ ရာမှ ဝင်ငွေရရှိသည့် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ၏ ၂၃ ရာခိုင်နှုန်းနှင့် ရာဘာတင်ပို့ရာမှ ဝင်ငွေရရှိသည့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံ၏ ၃၈ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုကိန်းဂဏန်းများသည် ငရုတ်ကောင်းလုပ်ငန်းနယ်ပယ်၏ အပြည့်အဝမရောက်ရှိသေးသည့် အလားအလာနှင့် ဆက်လက်ကြီးထွားရန်အတွက် သေချာမှုရှိသော အခွင့်အလမ်းများကို ပြသနေ ကြောင်း သိရပါသည်။ ‌ရေရှည်စဉ်ဆက်မပြတ်ကြီးထွားရန်အတွက် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူ ရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် ငရုတ်ကောင်းသီးနှံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအစီအစဉ်ကို တည်ထောင်ထားကြောင်း သိရပါသည်။ ထိုမဟာဗျူဟာသည် ငရုတ်ကောင်းစိုက်ခင်းဧရိယာကို ဟတ်တာ ၈၀၀၀၀ နှင့် ၁၀၀၀၀၀ ကြားထိမ်းသိန်းထားရန်၊ ၁ ဟတ်တာလျှင် တန်ချိန် ၂.၄ မှ ၂.၅ တန်ကြားထွက်ရှိရန်နှင့် နှစ်စဉ် တန်ချိန် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ ကြားထုတ်လုပ်နိုင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန် အင်ဒိုနီရှားသံအမတ်ကို Kandal အုပ်ချုပ်ရေးမှူးတိုက်တွန်း

          ကမ္ဘောဒီးယားနိုင်ငံ၊ Kandal ပြည်နယ်အုပ်ချုပ်ရေးမှူး Kuoch Chamroeun က နိုင်ငံတော်၏ စီပွားရေးအချက်အချာကျသော ဖနွမ်းပင်အနီးတစ်ဝိုက်တွင် တည်ရှိသော Kandal ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Santo Darmosumarto အား တိုက်တွန်းခဲ့သည်။ Santo Darmosumarto နှင့် တာဝန်ရှိသူများသည် ၆-၃-၂၀၂၅ ရက်နေ့က Kandal မြို့တော်ခန်းမတွင် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။ Kuoch Chamroeu က Kandal ပြည်နယ်၏ ပထဝီဝင်အနေအထား၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း  Kandal ပြည်နယ်အတွက် မျှော်မှန်းချက်သည် လုံခြုံရေး၊ အများပြည်သူဆိုင်ရာစည်းကမ်းများ၊ စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အစားအသောက်နှင့် အိမ်ယာများကို ပံ့ပိုးနိုင်သည့် အချက်အချာ ဖြစ်လာစေရန်ရည်ရွယ်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Santo Darmosumarto က ပြည်နယ်အတွင်း နေထိုင်သောအင်းဒိုနီးရှားနိုင်ငံသားများအား ကူညီ ဆောင်ရွက်ပေးရာတွင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ပံ့ပိုးကူညီမှုများကိုလည်း ရယူလိုကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိစီးပွားရေး ဆက်ဆံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ ၏ ၇ ခုမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာကြောင်း Santo Darmosumarto က မှတ်ချက်ပြုခဲ့သည်။

DOCA(ရန်ကုန်)

တရုတ်ကုမ္ပဏီ ၅၀ ခန့်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေ

          တရုတ်နိုင်ငံ၊ Henan ပြည်နယ်မှ ကုမ္ပဏီ ၅၀ ခန့်၏ ထိပ်တန်း ကိုယ်စားလှယ်များသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာမှုကို ထင်ဟပ်စေခဲ့သည်။ Henan ပြည်နယ်၊ Guangzhou မြို့ ပြည့်သူ့အုပ်ချုပ်ရေးကောင်စီ၏ ဒုတိယအုပ်ချုပ်ရေးမှူး Li Fengzhi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကမ္ဘောဒီးယားနိုင်ငံ၊ Oknha အသင်းမှ အဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ခိုင်မာစေသော “iron-clad” ကမ္ဘောဒီးယာ-တရုတ် ချစ်ကြည်ရေးကို အလေးပေးသည့် ခရီးစဉ်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။ စက်ရုံများ၊ မော်တော်ကားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေးလုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ Green Energy ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်များ (SMEs) အပါအဝင် အဓိကကဏ္ဍများတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆက်လက်ပြောကြားခဲ့သည်။ Wang Wenbin က ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေးသိသိသာသာတိုးတက်လာမှုကို ချီးကျူးခဲ့ပြီး ဒေသတွင်းအဓိကရင်းနှီးမြှုပ်နှံမှု နေရာတစ်ခုအဖြစ် ကမ္ဘောဒီးယား၏ ဆွဲဆောင်နိုင်မှုအား အလေးပေးပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ အစောပိုင်းတွင်ထုတ်ပြန်ခဲ့သော CDC ၏အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ရင်းနှီမြှုပ်နှံမှု ပမာဏ၏ ၇၃.၃၅ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ကျူးဘားသမ္မတနိုင်ငံတို့သည် ဆန်သုတေသနလုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

          ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC)နှင့် ကျူးဘားသမ္မတနိုင်ငံတို့သည် ကျူးဘားနိုင်ငံ တွင် ကမ္ဘောဒီးယားဆန်စပါးမျိုးများကို စမ်းသပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် နားလည်မှုစာချွန်လွှာ(MoU) ကို ၆-၃-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်အား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF)၊ အမြဲတမ်းအတွင်းဝန် Im Sithol နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကျူးဘားသံအမတ်ကြီး Milena Caridad Zaldivar Piedra တို့က ဖနွမ်းပင်မြို့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ MAFF ၏ထုတ်ပြန်ချက်အရ Cambodia Agricultural Research and Development Institute (CARDI)နှင့် ကျူးဘား စိုက်ပျိုးရေးဝန်ကြီးဌာန၏ Grain Research Institute (IIG) တို့အကြား စမ်းသပ်သုတေသနပြုလုပ်ခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို မြင့်တင်ရန်ရည်ရွယ်ထားသည်။ ကျူးဘားနိုင်ငံတွင် စိုက်ပျိုးရန်အတွက် ကမ္ဘောဒီးယားကာလတိုစပါးမျိုးကွဲများ၏ သင့်လျော်မှုကို အကဲဖြတ်ရန်၊ စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးဆိုင်ရာဆက်ဆံမှု အားကောင်းလာစေရန် ကြိုးပမ်းမှုများကို ပံ့ပိုးပေးမည့် အစီအစဉ်ကို အဓိကထားလုပ်ဆောင်မည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ညွှန်ကြားရေးမှူး Lor Bunna နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) အကြံပေး Iv Phirun တို့ တက်ရောက်ခဲ့ကြသည်။

DOCA(ရန်ကုန်)

CanCham Cambodia သည် ပြည်တွင်း SME ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ မြှင့်တင်ရန် စီစဉ်

          ကမ္ဘောဒီးယားနိုင်ငံရှိ Canadian Chamber of Commerce (CanCham) သည် နိုင်ငံခြားဈေးကွက်များတွင် ကမ္ဘောဒီးယား အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SME) ထုတ်ကုန်များ မြှင့်တင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့ဖြန့်ကျက်ထားသော ကွန်ရက်များကို အသုံးပြုမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးထိပ်သီးအစည်းအဝေး ၂၀၂၅ တွင် Victor La က ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား  SMEs ထုတ်ကုန်များနှင့် ၎င်းတို့၏ ထုတ်ကုန်များကို ကနေဒါနိုင်ငံ၏ ဈေးကွက်တွင်သာမက အာဆီယံနှင့် အခြားနိုင်ငံများ၏ ဈေးကွက်များ အထိမြှင့်တင်ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။ (SME) ထုတ်ကုန်များ မြှင့်တင်ခြင်း အခန်းကဏ္ဍသည် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစေမည့် အခွင့်အလမ်းများကိုရှာဖွေပြီး SME ထုတ်ကုန်များနှင့် ကမ္ဘောဒီးယား ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် မြှင့်တင်နိုင်စေနိုင်ကြောင်းထပ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံအတွင်း လည်ပတ်နေသော ကနေဒါကုမ္ပဏီအရေအတွက်သည် လာမည့်နှစ်များအတွင်း မြင့်တက်လာနိုင်ကြောင်းနှင့် ကနေဒါသည် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ် နည်းပညာများတွင် ကျွမ်းကျင်မှုရှိပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမို ကောင်းမွန်နိုင်ကြောင်း Victor La က ထပ်လောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

EU ကိုယ်စားလှယ်အဖွဲ့သည် Preah Sihanouk ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေ

          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၏ ပြန်ကြားရေးနှင့်နိုင်ငံရေး ရာအကြီးအကဲ Andreas Berg ဦးဆောင်သော နိုင်ငံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ် ၁၂ ဦးပါဝင်သည့် ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့အား Preah Sihanouk ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး Long Dimanche တို့ ၆-၃-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Preah Sihanouk ပြည်နယ်သို့ EU ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာမှုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရေးနှင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြောင်း လေ့လာရန် ဖြစ်သည်။ Long Dimanche က Preah Sihanouk ပြည်နယ်သည် စီးပွားရေးကွဲပြားစေသောကြောင့် ခရီးသွား လုပ်ငန်းကိုသာ အားကိုးနေရသောကြောင့် နိုင်ငံတကာကုန်သွယ်မှုများမှ ဝင်ငွေလမ်းကြောင်း များ တိုးမြင့်လာနိုင်ကြောင်းနှင့် ထောက်ပံ့ပိုဆောင်ရေးဗဟိုဌာန၊ နိုင်ငံတကာ ဘက်စုံကုန်စည် ပို့ဆောင်ရေးစင်တာ၊ ဇိမ်ခံခရီးသွားလုပ်ငန်းနယ်မြေနှင့် ခေတ်မီတိုးတက်သောမြို့တော် ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုခရီးစဉ်သည် EU ကိုယ်စားလှယ်အဖွဲ့၏ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး တိုးတက်မှုများအတွက် အလားအလာများစွာရှိကြောင်း ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ က ပြောကြားခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်း၊ ရေကြောင်း ပို့ဆောင်ရေး၊ ဆိပ်ကမ်းများနှင့် ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ရည်ရွယ်ချက်များရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

Sihanoukvill ပြည်နယ်တွင် အထူးစီးပွားရေးဇုန်အသစ် တည်ထောင်ရန် စတင်ဆောင်ရွက်

          ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanth နှင့် East Group of Companies ၏ ထိပ်တန်းစီမံခန့်ခွဲမှုတို့သည် Sihanoukvill ပြည်နယ်၊ Prey Nob ခရိုင်တွင် အထူးစီးပွားရေးဇုန် (SEZ) အသစ်တည်ထောင်ရန် အစီအစဉ်များကို ၅-၃-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy နှင့် အခြား (CDC) ၏ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။ အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံ သူများကို သွင်းကုန်နှင့်ပို့ကုန်များအတွက် ‘one-stop’ ဝန်ဆောင်မှုပေးနိုင်ရန် နိုင်ငံတစ်ဝှမ်းတွင် တည်ထောင်ထားပြီး ကုန်သွယ်မှုကိုများစွာလွယ်ကူစေသည်။ အဆိုပါ အချက်အချာကျသော နေရာများသည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် ပိုမိုချိတ်ဆက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် (CDC) မှ အထူးစီးပွားရေးဇုန် များ(SEZs) တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၅၀ သန်းဖြင့် စီမံကိန်း ၁၀ ခုကို အတည်ပြုခဲ့ပြီး စုစုပေါင်းအလုပ်အကိုင် ၄,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

DOCA(ရန်ကုန်)

ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့် ကျူးဘားစိတ်ဝင်စား

          ကျူးဘားနိုင်ငံပြည်တွင်းကုန်သွယ်ရေးဝန်ကြီး Betsy Diaz Velazquez က ကျူးဘား ပြည်တွင်းဈေးကွက်အတွင်း ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးတို့တွင် ဗီယက်နမ်မိတ်ဖက်များ နှင့် ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သံအမတ် Le Quang Long နှင့် မတ်လ ၄ ရက်နေ့က အစည်းအဝေးအတွင်း ဝန်ကြီးက ကျူးဘားသည် ပြည်သူ များလိုအပ်သည့် အရေးပါသောကုန်ပစ္စည်းများ ဖြည့်စည်းပေးရန်ရည်ရွယ်၍ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ရေးတို့တွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးက စိုက်ပျိုးမွေးမြူရေး၊ စားသုံးကုန် ထုတ်လုပ်ခြင်းနှင့် စွမ်းအင်ချွေတာ နိုင်သည့်ပစ္စည်းများတင်သွင်းခြင်းတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် စိတ်ဝင်စားလျှက်ရှိကြောင်း သိရပါသည်။ သံအမတ်ကြီးကလည်း ၎င်း၏သံရုံးသည် ကျူးဘားပြည်တွင်းကုန်သွယ်‌ရေးဝန်ကြီးဌာနအား ထိုနယ်ပယ်များတွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ နှင့်ချိတ်ဆက်ခြင်းနှင့် သတင်း အချက်အလက်တို့တွင် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် များစွာသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို အသိ အမှတ်ပြုခဲ့ကြပြီး နှစ်နိုင်ငံကြား ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အာမခံ ခဲ့ကြကြောင်း သိရပါသည်။ ကျူးဘားပြည်တွင်းကုန်သွယ်‌ရေးဝန်ကြီးဌာနသည် နိုင်ငံ၏ပြည်တွင်း ကုန်သွယ်မှုစနစ်ကို စီမံခန့်ခွဲပြီး နိုင်ငံတော်ပိုင်လုပ်ငန်းများက အရေးပါသောကုန်ပစ္စည်းများ ပံ့ပိုးရေး၊ ဈေးနှုန်းထိမ်းချုပ်ရေးနှင့် ကျူးဘားလူထုထံသို့ဈေးကွက်ဝင်ရောက်မှုမြင့်တက်ရေး တို့ကို အဓိကဆောင်ရွက်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ