Main menu

အိန္ဒိယသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် ယူနစ်အသစ် ၄ ခုကို အတည်ပြုခဲ့

Powered by Drupal

     အိန္ဒိယအစိုးရသည် မတူညီသောပြည်နယ် ၃ ခုတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ် သည့် ယူနစ်အသစ်လေးခုကို အိန္ဒိယရူပီး ၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၅ သန်းခန့်) ခန့်မှန်းကုန်ကျစရိတ်ဖြင့် အတည်ပြုလိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အင်္ဂါနေ့က ၀န်ကြီးချုပ် Narendra Modi ဦးဆောင်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုချက်ရရှိခဲ့ကြောင်းသိရသည်။ "အတည်ပြုထားသော ဆီမီးကွန် ဒတ်တာ ပရောဂျက်ခြောက်ခုသည် အကောင်အထည်ဖော်မှု အဆင့်အသီးသီးတွင် ရှိနေပြီ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်္ဂါနေ့တွင် နောက်ထပ်အတည်ပြုချက် လေးခုပြီး နောက်၊ India Semiconductor Mission အောက်တွင် အတည်ပြုထားသော ပရောဂျက် စုစုပေါင်း ၁၀ ခုသို့ရောက်ရှိပြီး ပြည်နယ်ခြောက်ခုတွင် ရင်းနှီးမြုပ်နှံမှု ၁.၆ ထရီလီယံ အိန္ဒိယရူပီး (အမေရိကန်ဒေါ်လာ ၁၈.၂၆ ဘီလီယံနီးပါး) ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ သည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ယူနစ်အသစ်များသည် Punjab၊ Andhra Pradesh နှင့် Odisha ပြည်နယ်များတွင် ရောက်ရှိလာမည်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင် ၂၀၃၄ ဦးနှင့် အလုပ်အကိုင်များစွာအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။

Source: Xinhua      

DOCA (ရန်ကုန်)