Main menu

CEPA လက်မှတ်ရေးထိုးပြီးနောက် အင်ဒိုနီးရှားသည် ပီရူးနှင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၅ ဘီလီယံရရှိရန် ရည်မှန်းထား

Powered by Drupal

      အင်ဒိုနီးရှားအစိုးရသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (CEPA) ကို လက်မှတ်ရေးထိုးပြီးနောက် လာမည့်နှစ်များတွင် ပီရူးနှင့် နှစ်ဘက်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလီယံရရှိရန် ရည်မှန်းထား ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ညှိနှိုင်းရေး ညွှန်ကြားရေးမှူးချုပ် Djatmiko Bris Witjaksono က ရည်မှန်းထားသည့် ရည်မှန်းချက်သည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာသန်း ၄၈၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သည့် နှစ်နိုင်ငံအကြား လက်ရှိကုန်သွယ်မှုပမာဏထက် သိသိ သာသာ တိုးလာကြောင်းပြောကြားခဲ့သည်။ အင်ဒိုနီးရှားနှင့် ပီရူးကြား ကုန်သွယ်မှု ဆက်ဆံ ရေးသည် ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ ၁၅.၀၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Djatmiko မှ ပြောကြားခဲ့သည်။

Source: Xinhua      

DOCA (ရန်ကုန်)