
Toyota Tsusho Manufacturing (Cambodia) Co., Ltd. သည် ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရန်အတွက် နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ရေးစင်တာတစ်ခု တည်ထောင်ရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ကိုယ်ပိုင် လုပ်သားအင်အားထက် ကျယ်ပြန့်သော ကမ္ဘောဒီးယား လူဦးရေအတွက် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC)၊ ကမ္ဘောဒီးယား ရင်းနှီးမြုပ်နှံမှုဘုတ်အဖွဲ့ (CIB) ၏ အထွေထွေအတွင်းရေးမှူး ချုပ် Chea Vuthy နှင့် ကုမ္ပဏီဥက္ကဋ္ဌ Mr. Kensuke Tsuchiya ဦးဆောင်သော Toyota Tsusho တို့မှကိုယ်စားလှယ်အဖွဲ့နှင့် CDC ရုံးချုပ်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါကြေညာချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ Tsuchiya သည် ကုမ္ပဏီ၏ လုပ်ငန်းတိုးတက်မှုနှင့် ပတ်သက်၍ CDC အား အကျဉ်းချုံးတင်ပြခဲ့ပြီး ၎င်း၏နောက်ဆုံးရင်းနှီးမြှုပ်နှံရေးစီမံကိန်းသည် မော်တော်ယာဉ် နည်းပညာတွင် ပြည်တွင်းလုပ်သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်သည့် နည်းပညာဆိုင်ရာ လေ့ကျင့်ရေးစင်တာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် အစိုးရ၏ အသက်မွေးဝမ်းကြောင်းနှင့် နည်းပညာလေ့ကျင့်ရေးအစီအစဉ် ၁.၅ သန်းအောက်တွင် လူသားအရင်းအနှီးခိုင်မာစေရန် ကမ္ဘောဒီးယားနိုင်ငံ၏ ပိုမိုကျယ်ပြန့်သောမူဝါဒနှင့် ကိုက်ညီ ကြောင်းဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းအသစ် မှတ်ပုံတင်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လွယ်ကူ ချောမွေ့စေရန် အဆင်သင့်ရှိကြောင်း Vuthy က ပြောကြားခဲ့သည်။ Toyota Tsusho Manufacturing (Cambodia) Co., Ltd. သည် တိုယိုတာ Fortuner နှင့် Toyota Hilux မော်ဒယ်များ တပ်ဆင်ခြင်းအပေါ် အာရုံစိုက်ကာ ဖနွမ်းပင်မြို့ရှိ Royal Group အထူးစီးပွားရေး ဇုန်တွင် မော်တော်ယာဉ်တပ်ဆင်စက်ရုံ တည်ထောင်ရန် CDC မှ ၂၀၂၂ ခုနှစ်တွင် ခွင့်ပြုချက်ရရှိခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)