ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ဈေးနှုန်းဆက်လက်ကျဆင်းလာသော ဝက်ကောင်ပေါက်များ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါလုပ်ကိုင် လျက်ရှိကြောင်း သိရှိရပါသည်။

     ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိရာတွင် အသားတိုးဝက်နှင့် အသားကျဝက်ဟု နှစ်မျိုးမွေးမြူကြပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက်ကလေး တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရပြီး  ဝက်သား ပေါက် အကြီး တစ်ကောင်လျှင်(၃၀၀၀၀၀)ကျပ်၊ ဝက်သား ပေါက် အလတ် တစ်ကောင်လျှင်(၂၈၀၀၀၀)ကျပ်၊ ဝက်သားပေါက် အသေး တစ်ကောင်လျှင်(၂၆၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးကျဆင်းလာသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ်

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို  ရှားပါး သည့်ရာသီများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်းသိရပြီး  ယခုလို ဆောင်း ပိုင်းကာလများတွင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင်လည်း တစ်ပိုင် တစ်နိုင်အနေဖြင့် နွေ၊ မိုး၊ ဆောင်း ချောင်းရေတင်ပြီး ဟင်းသီးဟင်းရွက်မျိုးစုံ နှင့်အတူ  ပန်းမုံလာ မုံလာထုတ် တို့ကိုလည်း စိုက်ပျိုး ရောင်းချလျက်ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၄၀၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၃၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဂေါ်ဖီထုတ် အကြီး တစ်ထုတ်လျှင်(၅၀၀၀)ကျပ်၊ အသေး တစ်ထုတ် လျှင်(၄၀၀၀)ကျပ်၊ မုံလာစိတ် တစ်စိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ပန်းဂေါ်ဖီ နှင့် မုံလာထုတ်များကို စားသောက်ဆိုင်များ ထမင်းဆိုင်များ နှင် စားဖွယ်စုံဆိုင်များ တွင် မဖြစ်မနေ အသုံးများသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း ဆောင်းရာသီဖြစ်သည့် အတွက် ပန်းမုံလာ၊ မုံလာထုတ်ဈေး အနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းသီးနှံအစုံ ရောင်းချသူ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဆောင်းရာသီ ၏ရာသီစာ ဒေါင်းဖြူမှို နှင့် ဒေါင်းဝါမှို ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှို တို့ကို လိုက်ရှာပြီး သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရ သည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  ဒေါင်းဖြူမှို နှင့် ဒေါင်းဝါမှို ဈေးနှုန်းအနေဖြင့် ဒေါင်းဖြူမှို နှင့် ဒေါင်းဝါ(အဖူး) တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဒေါင်းဖြူမှို နှင့် ဒေါင်းဝါ(အပွင့်)တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး ရာသီစာဖြစ်သည့်အတွက် လူကြိုက်များပြီး အရောင်းအဝယ် ကောင်း လျက် ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ဒီဇင်ဘာဘာလ အေးမြသီတာဈေးရှိ အိုးမုန်ညင်းဈေးနှုန်း

   မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံကို လည်း စိုက်ပျိုးကြောင်း သိရသည်။ အိုးမုန်ညင်းသည် အအေးဓာတ်ကို ကြိုက်နှစ်သက်သော သီးနှံဖြစ်သောကြောင့် ယခုလို မိုးအကုန် ဆောင်းရာသီဝင်သောအချိန်တွင် စိုက်ပျိုးရန်အကောင်းဆုံး ဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ယခုအခါ ဒေသစုံစိုက်ပျိုးလာကြောင်း သိရသည်။ မြင်းခြံမြို့ရှိ ကျေးရွာအချို့တွင် စိုက်ပျိုးမှုများပြီး ဒေသထွက်သီးနှံများ မပေါ်သောအချိန်တွင် မန္တလေးဈေးကွက်မှ ဝင်ယူရောင်းချကြောင်းသိရသည်။ နိုဝင်ဘာလ တတိယပတ်တွင် မန္တလေးမြို့မှ ဝယ်ယူရောင်းချရသောကြောင့် ဈေးအနည်း ငယ်မြင့်တက်ကြောင်း သိရသည်။ အိုးမုန်ညင်းကို ငရုတ်သီးစိမ်းနှင့် ကြော်ချက်၍ လည်းကောင်း၊ အသားနှင့်ရော၍ ကြော်ချက်၍လည်းကောင်း စသည့်ဖြင့် ချက်ပြုတ် စားသောက်မှုများပြား ကြသောကြောင့် ပုံမှန်ရောင်းအားကောင်းကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည် ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် သီးနှံများစုံလင်စွာ ရောင်းချ ကြောင်း၊ အေးမြသီတာဈေးရှိ အိုးမုန်ညင်း(၃)ပင်တစ်စည်းဈေးနှုန်းမှာ (၁၀၀၀)ကျပ်၊ အပင်သေးတစ်စည်းလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သီးနှံရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ မြင်းခြံမြို့ ငွေနှင်းမှိုဈေးနှုန်း

   ငွေနှင်းမှိုကို မြင်းခြံမြို့၊ မြို့သစ်ရပ်တွင် အများဆုံးစိုက်ပျိုးပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချ လျက်ရှိပြီး  သဘာဝထွက် မှိုများမပေါ်သောအချိန်တွင် ဈေးကွက်ဝယ်လိုအားကောင်းသဖြင့် မန္တလေးဈေးကွက်မှ ဝင်ယူရောင်းချကြောင်းသိရသည်။ငွေနှင်းမှိုသည် အအေးဓာတ်ကို ကြိုက်နှစ် သက်သောမှိုဖြစ်ပြီး ယခင်က ပြင်ဦးလွင်ဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ယခုအခါ ဒေသ စုံစိုက်ပျိုးလာကြောင်း သိရသည်။ငွေနှင်းမှိုသည် နွေရာသီတွင် အထွက်နှုန်းကောင်းပြီး ဆောင်းရာ သီတွက် လူများလိုပင် ချမ်း၍ ကွေးနေသလိုပဲ အထွက်နှုန်း နည်းကြောင်း သိရသည်။ သန့်ရှင်းသော ပတ်ဝန်းကျင်တွင် ထားရှိရပြီး မှိုခူးရာတွင်လည်း သန့်ရှင်းစွာ ခူးရသည်။ ငွေနှင်းမှို ကို ငရုတ်သီးစိမ်းနှင့် အရည်ချို ချက်ပြုတ်၍လည်းကောင်း၊ မှိုနှင့်ကန်စွန်းရွက်ရော၍ ကြော်ချက်၍ လည်းကောင်း စသည့်ဖြင့် ချက်ပြုတ်စားသောက်မှုများပြားကြသောကြောင့် ပုံမှန်ရောင်းအား ကောင်းကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် သီးနှံများစုံလင်စွာရောင်းချလျက်ရှိရာ ငွေနှင်းမှိုမှာလည်းတစ်ခု အပါအဝင်ဖြစ် ပါသည်။ ဒီဇင်ဘာလ ပထမပတ်တွင် အေးမြသီတာဈေးရှိ ငွေနှင်းမှိုဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၁၅၀၀/ ၁၃၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၁၄၀၀၀/၁၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရာသီအလိုက်မှိုထွက်နှုန်းကောင်းချိန်မကောင်းချိန်နှင့် သဘာဝမှိုများ ပေါ်ထွက်ချိန်တို့အလိုက် ဈေးနှုန်းအတက်အကျရှိကြောင်း သီးနှံရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ ပဲသီးတောင့်ရှည်ဈေးနှုန်း

   ငါန်းဇွန်မြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး မြစ်ကမ်းဘေးကျေးရွာများ နှင့် ဆည်ရေသောက်ရရှိသော ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကိုလည်း အဓိကစိုက် ပျိုးကြကြောင်း သိရသည်။ ချဉ်ပေါင်ပင်၊ ပဲပင်၊ နံနံပင်၊   ပြောင်းဖူးပင်၊ ပဲသီးပင်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောကျေးရွာများမှာ ဇလုမ္ပကျေးရွာ၊ ငါန်းလွှန့်၊ ကုလားရွာ၊ ဘုရားထူး၊ မြောက်ကျွန်း၊ ရေလည်သောင်၊ တောင်လယ်တောစသည့် တို့တွင် စိုက်ပျိုးကြကြောင်း၊ ထွက်ရှိသော သီးနှံများကို ငါန်းဇွန်မြို့ မြို့မစည်ပင်သာယာဈေးနှင့် မြို့သာမြို့ စည်ပင်သာယာဈေးသို့ အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင် ရောင်းချကြကြောင်း၊ ဒေသတွင်း ပဲသီးများ မပေါ်ချိန်တွင် မန္တလေးမြို့ ဝယ်ယူရောင်းချကြောင်း သိရသည်။ ဒီဇင်ဘာလဆန်း ငါန်းဇွန်မြို့ မြို့မစည်ပင်သာယာဈေးတွင် ရောင်းချသော ပဲသီးတောင့်ရှည် ဈေးနှုန်းမှာ(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့၏ ကုလားပဲလက်လီအရောင်းဈေးနှုန်း

     ကုလားပဲသည် ကျန်းမာရေးနှင့် ညီညွတ်သည့် သီးနှံတစ်မျိုးဖြစ်သည့်အပြင် စားသောက် ချက်ပြုတ်ရာတွင် လွယ်ကူအဆင်ပြေသော ပဲတစ်မျိုးဖြစ်သည့်အတွက် စားသောက်သုံးစွဲသူ များပါသည်။ ကုလားပဲကို ကြာဇံဖြင့် ဟင်းချိုချက်စားခြင်းဖြင့် လည်းကောင်း၊ သီးစုံပဲကုလားချဉ် ဟင်းချက်ပြုတ်စားခြင်းဖြင့် လည်းကောင်း၊ ကုလားပဲနှပ်ချက်စားခြင်းဖြင့် လည်းကောင်း၊ အလှူမင်္ဂလာပွဲများတွင်လည်း အသုံးပြုများသော ကုလားပဲနှပ် ချက်၍ လည်းကောင်း၊ ကုလားပဲ ကြော် ကြော်၍ လည်းကောင်း စားသောက်အသုံးပြုမှုများခြင်းကြောင့် မြို့ပေါ်ရှိ ဈေးဆိုင်အများစုမှာ ကုလားပဲခြမ်း ရောင်းချသည့်ဆိုင်များကြောင်း သိရသည်။ မြင်းခြံမြို့ ကုလားပဲခြမ်းလက်လီ ဈေးနှုန်းမှာ  နို့ဆီဘူးတစ်ဘူးလျှင်(၁၁၀၀)ကျပ်နှင့် တစ်ပြည်(၈ဘူး) (၈၀၀၀)ကျပ် ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ မြင်းခြံမြို့ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

            ဒီဇင်ဘာလ ပထမပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘိုစားပဲသီး၊ရွှေပဲသီး၊ အာလူးသီး၊ပန်းမုံလာ၊ ငရုတ်သီးစိမ်းစသည့် ဟင်းသီးဟင်းရွက် အသီးအနှံများကို အောင်ပန်း၊ ပြင်ဦးလွင်၊ မန္တလေးမြို့တို့မှ ဝယ်ယူရောင်း ချကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ပထမပတ် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းသီး (၂၅)ကျပ်သား (၈၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀/ ၃၀၀၀)ကျပ်၊ ဘိုစားပဲသီး(၂၅) ကျပ်သား(၁၅၀၀)ကျပ်၊  တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရွှေပဲသီး (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ အာလူးသီး(၂၅)ကျပ်သား (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့်ငရုတ်သီးစိမ်း (၂၅)ကျပ်သား(၂၀၀၀)ကျပ်၊ တစ် ပိဿာ လျှင် (၇၀၀၀)ကျပ်၊ ပန်းမုံလာတစ် ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များ ပေါများလှသောမြို့ဖြစ်သောကြောင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလ မြင်းခြံမြို့၏ ကုန်စည်ဒိုင်သီးနှံဈေးနှုန်းများ

   မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့နယ်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ဝါ၊ ပဲတီစိမ်း၊  ပဲပုတ်၊ ကုလားပဲ စသည့်ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုအခါ နိုဝင်ဘာ လဆန်းပိုင်းတွင် အများဆုံးအရောင်းအဝယ်ဖြစ်သော သီးနှံမှာ မြေပဲသည်သာ အများဆုံးဖြစ် ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်း များမှာ ပဲစဉ်းငုံ တစ်ပိဿာလျှင် (၃၇၅၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၃၈၀၀) ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် (၆၅၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၅၈၅၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၀၀၀ မှ ၈၁၀၀ ) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာလျှင်( ၈၀၀၀ မှ ၈၂၀၀) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၇၈၀၀ မှ ၇၈၅၀ )ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၇၅၀၀ မှ ၇၆၅၀) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် (၅၈၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲစဉ်းငုံ တစ်ပိဿာလျှင် (၃၈၅၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၃၉၀၀) ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် (၆၅၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၀၀၀ မှ ၈၁၀၀) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာ လျှင်(၈၀၀၀ မှ ၈၂၀၀) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၇၈၀၀ မှ ၇၈၅၀)ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၇၅၀၀ မှ ၇၆၅၀) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် ( ၅၈၀၀) ကျပ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်ပတ်ထက် သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းကြောင်း သိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့၏ ဒီဇင်ဘာလ ခရမ်းချဉ်သီးဈေးနှုန်း

   ငါန်းဇွန်မြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး မြစ်ကမ်းဘေးကျေးရွာများ နှင့် ဆည်ရေသောက်ရရှိသော ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကိုလည်း အဓိကစိုက် ပျိုးကြကြောင်း သိရသည်။ ချဉ်ပေါင်ပင်၊ ပဲပင်၊ နံနံပင်၊   ပြောင်းဖူးပင်၊ ပဲသီးပင်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောကျေးရွာများမှာ ငါန်းလွှန့်၊ ကုလားရွာ၊ ဘုရားထူး၊ မြောက်ကျွန်း၊ ရေလည်သောင်၊ တောင်လယ်တောစသည့် တို့တွင် စိုက်ပျိုးကြကြောင်း၊ ထွက်ရှိသော သီးနှံများကို ငါန်းဇွန်မြို့ မြို့မစည်ပင်သာယာဈေးနှင့် မြို့သာမြို့ စည်ပင်သာယာဈေးသို့ အချို့က ဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင် ရောင်းချကြကြောင်း၊ မန္တလေးမြို့ ပွဲရုံများသို့လည်း တင်ပို့ကြောင်း သိရသည်။ ဒီဇင်ဘာလဆန်း ငါန်းဇွန်မြို့ မြို့မစည်ပင်သာယာဈေးတွင် ရောင်းချသော ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း