ပြည်တွင်းကုန်သွယ်မှုသတင်းများ
သင်္ဘောသီးဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးအနှံဖြစ်သည့်အပြင် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကို ရောင်းချ၍ အပိုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံမြေပဲများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ထိုသို့စိုက်ပျိုးရာတွင် မျိုးမြေပဲဆံများကို ဒေသတွင်းတောင်သူများထံမှလည်းကောင်း၊ အခြားဒေသများမှ လည်းကောင်းဝယ်ယူရကြောင်း၊ ဆီစက်လုပ်ငန်းရှင်အချ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ခရမ်းသီး စိုက်ပျိုးကြသည့် တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အမှတ်(၅)ရပ်ကွက်ရှိ ခရမ်းသီးစိုက်ပျိုးသူ ဦးကျော်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။