ပြည်မြို့ရဲ့ ချက်ကြံနှင့် စုပ်ကြံအကြောင်း

Powered by Drupal

         ကြံပင်ကို နေရာဒေသမရွေးစိုက်ပျိုးကြပါသည်။ ကြံပင်များကို သကြားထုတ်လုပ်ဖို့အတွက် သာမကကြံပင်ကနေ ဇီဝလောင်စာထုတ်လုပ်နိုင်သလို စက္ကူ၊ ကတ်ထူပြား၊ ရမ်အရက်ထုတ်လုပ်နိုင်သလို တိရစ္ဆာန်အစာဖြစ်လည်း ကျွေးမွေးနိုင်ပါသည်။  ကြံကို ပြည်မြို့နှင့် ပေါက်ခေါင်းမြို့နှင့် အခြားနယ်ဘက်များတွင် စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ပြည်ခရိုင် ပြည်မြို့တွင် နဝဒေး သကြားစက်၊ ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွသကြားစက် တို့အတွက် ချက်ကြံတွေ စိုက်ပျိုးကြပါသည်။ စုပ်ကြံတွေကိုတော့ ဒေသအနှံ့ ကြံသကာ၊ သကာရည်၊ ပွက်ရည်၊ ကြံရည်၊ ကြံချောင်းရောင်းဖို့အတွက် စိုက်ကြပါသည်။ ၎င်းကို အချိုရည်၊ အချဉ်ရည်ဖျော်ရန်နှင့် အစားအသောက်များတွင် အသုံးပြုကြပါသည်။ သာမန် ချက်ကြံများနှင့် မတူဘဲ အရည်ရွှမ်းမှုနှင့် အချိုဓာတ်ပိုမိုများသည့် ကြံမျိုးလည်းဖြစ်ပါသည်။ ချက်ကြံများကို သကြားစက်ရှိသော နယ်မြေများတွင် အဓိကစိုက်ပျိုးကြပါသည်။ ချက်ကြံစိုက်ပျိုးသူများအနေနဲ့ ချက်ကြံကို ဝယ်ယူမှု၊ သယ်ယူမှု၊ ရောင်းချမှုနှင့် ဝယ်ဈေးတွေမှာ အခက်အခဲ အနည်းငယ်ရှိပြီး စုပ်ကြံရော အနေနဲ့ကတော့ ဒေသတွင်းသာမက နယ်ဘက်သို့ တင်ပို့နေရသည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ကြံကိုတစ်နေရာတည်းမှာ နှစ်စဉ်မစိုက်ဘဲ သီးလှည့်စိုက်ပျိုး ကြပါသည်။ ကြံမျိုးတွေမှာ အခွံမာတာ၊ အမျှင်ပါမှုများတဲ့မျိုးက ကြံပင်စည် ထိုးကျိုင်းကျတာ နည်းပါသည်။ ကြံစိုက်ပျိုးချင်သူများအနေနဲ့ အက်ကွဲ၊ ဒဏ်ရာ၊ အပေါက်ပါ ကြံဆစ်မျိုးကို မစိုက်သင့်ကြောင်း ကြံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ပြည်မြို့တွင် စုပ်ကြံကို ကြံပန်းခိုင်၊ ကြံရည်အဖြစ် ရောင်းချကြပါသည်။  စုပ်ကြံတစ်စည်းလျှင် ကျပ် (၇၀၀၀၀ - ၈၀၀၀၀) အထိ ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)