ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိရှမ်းနံနံစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက် ရှိရာ ယခုအခါ  ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံပင်များ ကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။      ထားဝယ်မြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံများကို ထားဝယ်မြို့ပေါ်နှင့် အနီးနားရှိကျေးရွာများတွင်လည်းကောင်း ဝယ်ယူ ရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံများကို အစည်းလေးများ စည်း၍ ရောင်းချရာ (၁)စည်းလျှင် (၃၅၀)ကျပ်၊ (၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိလျက်ရှိပါ သည်။

DOCA(တနင်္သာရီ)

မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးများ စတင်ထွက်ပေါ် အရောင်းအဝယ်သွက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ထိုင်ဝမ်ခရမ်းချဉ်သီးကို မြို့ပတ် ဝန်းကျင်ရှိ ကျောက်တန်းရွာ၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းစသည့် ကျေးရွာများ အပြင် မကွေး၊ တောင်တွင်းကြီးနှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချ ကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး နိုဝင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီး()ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ထိုင်ဝမ်ခရမ်းချဉ်သီးများ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက်ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်ခရိုင်တွင် ရောင်းချလျက်ရှိသော ကြက်ဥ စျေးနှုန်း

      မြိတ်ခရိုင်တွင် ရေထွက်လုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ဒေသ ထွက်စီးပွားရေးလုပ်ငန်းများမှ ကြက်ဥကို တစ်နိုင်တစ်ပိုင်မွေးမြူကြသလို စီးပွားဖြစ်မွေးမြူကြ လျက် ရှိသည်။ ကြက်ဥ သည် မုန့်လုပ်ငန်းများအပြင် စားသောက်ကုန်များတွင် အရေးကြီးသောအစိတ် အပိုင်းအဖြစ်ပါဝင်ပြီး ဒေသတွင် မွေးမြူရေးများမှ ရရှိသော ကြက်ဥဖြင့် မလုံလောက်သဖြင့် ရန်ကုန် မြို့မှ တင်သွင်းလျက်ရှိကြောင်းသိရှိရပါသည်။

   မြိတ်မြို့ရှိ ဒီဇင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥစျေးနှုန်းမှာ အကြီးတစ်လုံး လျှင် ၆၀၀ကျပ်၊ အလတ်တစ်လုံးလျှင် (၅၅၀)ကျပ်နှင့် အငယ်တစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်း

  ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရသည်။ ဘူးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ်ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကျသောကြောင့် ဝယ်ယူမှုများပြီးစိုက်ပျိုးတောင်သူ အတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချ ကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင်(၅၀၀၀)ကျပ်၊ ဘူးသီးအလုံးလတ်ဈေးနှုန်း တစ်လုံး လျှင်(၃၅၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၂၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးနှုန်ချိုသာစွာရောင်းချ

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဈေးကွက်အတွင်းသို့ ရေချိုငါးများပေါများစွာ ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။ အခြေခံကုန်းဈေးနှုန်းများ မြှင့်တက်လာခြင်း ဖြစ်ပေါ်လာသော်လည်း ဒေသထွက်ရေချိုတောငါးများဖြစ်သည့် ငါးစင်ရိုင်း၊ ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ်၊ စသည့် ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ ၁၅၀၀၀ ကျပ်၊ မှ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာအရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

          ထို့အပြင် ဘားအံမြို့ရှိ ငါးဒိုင်များသို့ဝင်လာသည့် မွေးမြူရေးငါးနှင့် ချောင်းငါးများဖြစ်သော ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုက်ခေါင်းပွ၊ ငါးမုတ်၊ စသောငါးများမှာ လက်ဆက်မှုရှိပြီး ဈေးနှုန်းမှာ  ၁၂၀၀၀ကျပ်၊ မှ ၂၀၀၀၀ကျပ်ထိ အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

အာတာလွတ်ဥ ဈေးကွက်အခြေအနေ

  ၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဘားအံမြို့ပေါ်ရေပေါ်ဈေးအတွင်း ဒေသထွက် အာတာလွတ်ဥများနှင့်အခြားမှ ဝင်ရောက်လာသောအာတာလွတ်ဥများ ဈေးကောင်းရလျက်ရှိ ကြောင်း သိရသည်။

      မြန်မာအစားအစာထဲတွင် နေရာတစ်နေရာယူထားသည့် အာတာလွတ်ဥမှာလည်း ဆေးဖက် ဝင်ကြောင်းသိရသည်။  အာတာလွတ်ဥတွင် သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင် သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးဖြစ်ပေသည်။

  ဘားအံမြို့ရှိ ဈေးများပေါ်တွင် အာတာလွတ်ဥကို အရွယ်အစားအလိုက် အတာလွတ်ဥကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အာတာလွတ်အသေး တစ်ပိဿာလျှင် (၄၀၀၀၊၅၀၀၀)ကျပ်၊ နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် မုန်လာပင်ပေါက်နှင့် မုန်လာဥဖြူဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီဒီဇင်ဘာလ တတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          မုန်လာဥဖြူကိုသုံးတတ်ရင် သုံးတတ်သလိုဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ် ပါသည်။ မုန်လာဥကို ငါးခူ၊ ငါးရံ့၊ ငါးမြင်း၊ ငါးကြင်း စသောငါးများဖြင့် ချဉ်ရည်ဟင်းချက်စားကြသ လို မုန်လာဥပိုးတီချဉ်၊ မုန်လာဥသနပ်သုပ်၊ မုန်လာဥချဉ်ဖက်တို့ကလည်း ထမင်းမြိန်စေပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ်အရေ ပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူ ပြုပေးနိုင်ပါသည်။ မုန်လာ ဥဖြူဈေးနှုန်းမှာ မုန်လာဥဖြူ အစည်းကြီး တစ်စည်းလျှင် (၂၀၀၀)ကျပ်၊ မုန်လာဥဖြူ အစည်း သေး တစ်စည်းလျှင် (၇၀၀) ကျပ်နှုန်းနှင့် မုန်လာပင်ပေါက်ဈေးနှုန် တစ်စည်း(၅၀၀)ကျပ်နှင့် သုံးစည်းလျှင် (၁၀၀၀)ကျပ်နှုန်းတို့ဖြစ် ဈေးကောင်းရကာ အရောင်အဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့ဒေသ ထွက် မုန်လာပင်ပေါက်နှင့် မုန်လာဥဖြူအရောင်းဆိုင်များမှ သိရသည်။

DOCA(ကရင်)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိခဝဲသီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြ‌ကြောင်း သိရှိရပါသည်။ ယခု အခါ မြိတ်မြို့ပေါ်တွင် ခဝဲသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးကြနေကြောင်းလည်း တွေ့ရှိရပါသည်။ ခဝဲသီးစားပေးခြင်းဖြင့် ကင်ဆာဖြစ်နှုန်းကိုလျော့ချပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းချုပ်ပေးခြင်းနှင့် အရိုးသိပ်သည်း ဆကိုကောင်းမွန်စေသော အသီးတစ်မျိုးဖြစ်သည်။ ယခုအခါ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီး နှင့် အခြားသောဈေးများတွင် ဈေးရောင်းချသူများစည်ကားလျက်ရှိပြီး ‌ဒေသခံစိုက်ပျိုးသူများနှင့် အနီးအနားစိုက်ပျိုးသူများမှ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြကြောင်းလည်း တွေ့ရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ခဝဲသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၁၀၀)ကျပ်ခန့်ရှိကြောင်း ကုန်စိမ်းရောင်းချနေသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

ဘားအံမြို့ဒေသထွက် သခွားသီးဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့အနီးနားတစ်ဝိုက်ကျေးရွာများမှ ဒေသထွက်ဆောင်းသခွားသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ဒေသခံတောင်သူများသည် ဆောင်းသခွားသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ တောင်သူများသည် မိမိတို့၏စိုက်ခင်းထွက်သီးနှံများကို ဘားအံ မြို့ပေါ်ဈေးများတွင် လာရောက်ရောင်းချကြသည်။ ဆောင်းသခွားသီးဈေးနှုန်းများမှာ လက်ကား ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀၊၅၀၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ငှက်ပျောသီးဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံ များနှင့် ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊ တညင်းသီး၊ သရက်သီး၊ မင်းဂွတ်သီး၊ အုန်းသီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ စုံပတသီး အစရှိသည့် အသီးတို့ကို အများအပြားစိုက်ကြ သလို တစ်နိုင်တစ်ပိုင်လည်း စိုက်ပျိုးကြ၍ ထွက်ရှိသောသီးနှံများကို မြိတ်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ၄င်းအသီးအနှံများထဲမှ ငှက်ပျောသီးသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ်သက်ကြသဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။ ငှက်ပျောသီးများကို အခြောက်လှန်းကြော်စားကြသလို မြန်မာမုန့်များတွင် ထည့်သွင်းပြုလုပ်စားသုံးကြကြောင်းလည်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်းမှာ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်(၀၀၀)ကျပ်၊ ငှက်ပျောဝါသီး တစ်ဖီးလျှင် (၄၀၀၀)ကျပ်၊ ဆွဲအံသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်နှင့် ဆိတ်နို့သီးတစ်ဖီးလျှင် (၃၀၀၀)ကျပ်ခန့်ရှိကြောင်း ငှက်ပျောသီး ရောင်းချသူထံမှ သိရှိရပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း