ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြင့်တက်လာသောမြင်းခြံမြို့၏မြစ်ငါးသလောက်

    ငါးသလောက်ငါးသည် မြန်မာနိုင်ငံတွင် လူကြိုက်များသော ငါးအမျိုးအစားများ၌ ပါဝင်၍ အရသာမှာလွန်စွာ‌ကောင်းလို့ "ငါးမှာငါးသလောက်" လို့ပါ ဆိုရိုးစကားထဲ ဝင်ထားသောငါး ဖြစ် ကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရောင်းချနေသော မြစ်ငါးသလောက်ငါး တစ်ပိဿာ လျှင် (၂၅၀၀၀-၃၀၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် မြစ်ငါးသလောက်ငါးတစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်ခန့်ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ပင်လယ်ငါးသလောက်ငါးများဈေးကွက်၌ ထွက်ပေါ်မှု မရှိသေးသဖြင့် ဈေးနှုန်းများမြင့် တက်ခြင်းဖြစ်ကြောင်း၊ စားသုံးမှုများ၍ အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ ငါးအရောင်းဆိုင် ဒိုင်များမှ သိရှိရသည်။ ဒါးကျွန်းကျေးရွာ၊ ဖိုးတုတ်ဖြူကျေးရွာ၊ လေးအိမ်တန်းကျေးရွာနှင့် အနိမ့်ကျေးရွာများသည် ဧရာဝတီ မြစ်ရိုးတစ်လျှောက်တွင် တည်ရှိ၍ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကြောင်း၊ မြစ်အတွင်းမှ ဖမ်းယူရရှိသောငါးများကို မြင်းခြံမြို့အတွင်းရှိ ငါးဒိုင်များသို့ ရောင်းချကြကြောင်း၊ ငါးဒိုင်သွင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀) ကျပ်ခန့် ဈေးများဖြင့် ဒိုင်မှကောက်ကြောင်း တံငါလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

         ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၅.၁၂.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၆၈၉ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၆၅ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၈၉၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၉ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၁၂၃ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၉၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၆၂ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၁၀၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၄၇ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီ တိုင်းမှ မှ ရှယ်စ ၃၅၈၄ အိတ်နှင့် ဈေးနှုန်းမှာ ၅၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၃၇၆၉ နှင့် ဈေးနှုန်းမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၄၆ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၅၁၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၀၄ နှင့် ဈေးနှုန်းများမှာ ၄၈၀၀၀ မှ ၄၉၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၁၉၄ နှင့် ဈေးနှုန်းများမှာ ၄၂၅၀၀ မှ ၄၈၀၀၀ကျပ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။         

    ၅.၁၂.၂၀၂၅ ရက်နေ့တွင်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှယ်စ(၁၀၅၇၁)၊ ဆန်ကြမ်း(၈၅၉၆)၊ လက်စ(၈၉၄၁)၊ ၂၅ မတ်ဆန်(၂၇၂၀)၊ ဆန်ကွဲ(၁၈၁၆၄) ဆန်အိတ်ရေစုစုပေါင်း (၄၈၉၉၂) အိတ် ဝင်ရောက်ခဲ့ပြီး ၄.၁၂.၂၀၂၅ ရက်နေ့ထက် အနည်းငယ်ပို၍ ဝင်ရောက်ခဲ့ပြီး  ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့၏ကွမ်းရွက်ဈေးနှုန်းမြင့်တက်လာခြင်း

   ကွမ်းရွက်သည် မြန့်မာယဉ်ကျေးမှုအရ အစားအသောက်အလေ့အထများနှင့် ဆေးဖက်ဝင် ကျန်းမာရေးအတွက် အရေးပါသောအရွက်ဖြစ်ကြောင်း၊ မြင်းခြံမြို့ရှိ ကျေးရွာများတွင် ကွမ်းခြံ များစိုက်ပျိုးထားရှိကြောင်း၊ စိုက်ခင်းများမှ ထွက်ရှိသော ကွမ်းရွက်များကို ဒေသတွင်း၌ ရောင်းချလျက်ရှိပြီး ဈေးကွက်လိုအပ်ချက်အရ လိုအပ်သော ကွက်နုဝါများကို မုံရွာမြို့တို့မှ တင်သွင်း ပြီး ဒေသအတွင်း၌ရောင်းချကြကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ကွမ်းရွက်ရိုးရိုးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကွမ်းရွက်ရိုးရိုးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ခန့်၊ ကွမ်းနုဝါတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ဖြင့်  ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ စိုက်ခင်းများမှ ကွမ်းရွက်အထွက်နှုန်းနည်းလာသောကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကွမ်းဒိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ() ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၈၁၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၂၆၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၅၀၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၆၀၀၊ အကြီးမှာ ကျပ် ၁၁၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင်  ဆိပ်ဖြူနှင့် မြင်းခြံ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်တက်လျက်ရှိပါသည်။ မုံရွာနှင့် တောင်သာကြက်သွန်နီမှာ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံ‌‌‌ဒေသထွက်နံနံပင်ဈေးနှုန်းများကျဆင်းလာခြင်း

  မြင်းခြံမြို့နယ် အတွင်းရှိ နဘူးအိုင်ကျေးရွာ၊  ဒါးကျွန်းကျေးရွာနှင့် တလုပ်ကျေးရွာများတွင် နံနံပင်များအား စီးပွားဖြစ်စိုက်ပျိုးထားရှိသည်။ စိုက်ခင်းများမှထွက်ရှိသော ဟင်းခက်အမွှေးအကြိုင် နံနံပင်များကို တောင်သူများကိုယ်တိုင် စံပြဈေးနှင့် အေးမြသီတာဈေးများသို့ လာရောက် ရောင်းချ ကြောင်း၊  မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ နံနံပင် (၁၀) ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် နံနံပင်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ယခုကာလ၌ ဒေသတွင်း စိုက်ပျိုးထားသော  နံနံပင်များ ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ် ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစား သုံးရန်နှင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး စားသုံးမှုများပြားကြောင်းနှင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း နံနံပင်ရောင်း ချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

“တွံတေးမြို့နယ်၌ Drum Seeder စိုက်ပျိုးထားသောမိုးစပါးများ စတင်ရိတ်သိမ်းခြွေလှေ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားစိုက်ဧက (၈၁၃၆၂)ဧကအား ဖြစ်ထွန်းအောင်မြင်စွာဖြင့် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး Drum Seeder ဖြင့် အများဆုံးစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး ယခုအချိန်တွင် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများ စပါးရိတ်စက်ကြီးများနှင့် စတင်ရိတ်သိမ်းခြွေလှေနေပြီးဖြစ်ကြောင်း သိရသည်။

          တွံတေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှံစပါး စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်း စားရေးရိက္ခာ ဖူလုံစေရန်နှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံတောင်သူများ တစ်မြို့နယ်လုံးအတိုင်းအတာ မိုးစပါးသီးနှံစိုက်ဧက (၈၁၃၆၂) ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ကြောင်း  ဒေသခံတောင်သူများ အဓိကထားစိုက်ပျိုးသည့် သီးနှံများမှာ ဧည့်မထ(အထွက်ကောင်းမျိုး)နှင့် အခြားစပါး (အထွက်ကောင်းမျိုး) စပါးများကို အဓိက ထားစိုက်ပျိုးကြပြီး ယခုအချိန်တွင် Drum Seeder ဖြင့် စိုက်ပျိုးထားသော လယ်ယာမြေများ စတင်ရိတ်သိမ်းခြွေလှေလျက်ရှိပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၇၇.၅၀)တင်းထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့၌ရောင်းချနေသောပန်းမျိုးစုံဈေးနှုန်းများကျဆင်းလာခြင်း

    မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာ‌ဈေးတို့တွင် ရောင်းချနေသော ဘုရားပန်းအမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်း ချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ရောင်းချနေသော ပန်းမျိုးစုံဈေးနှုန်းများအနေဖြင့် မေမြို့ပန်း တစ်စည်းလျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် (၂၀၀၀) ကျပ်၊ သစ္စာ ပန်းတစ်စည်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊  ဂျပန်အနီနှင်းဆီ ၁၀ ပွင့်ပါတစ်စည်းလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ လီလီပန်းတစ်ခက်လျှင် (၁၉၀၀၀) ကျပ်၊ စိန်လယ်တုံတစ်စည်းလျှင် (၁၀၀၀-၁၅၀၀) ကျပ်နှင့် နှင်းပန်းတစ်စည်းလျှင် (၁၀၀၀) ကျပ်၊ သပြေပန်းတစ်စည်းလျှင် (၁၀၀၀)ကျပ်နှင့် သပြေငုပ် တစ်ခက်လျှင် (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ် ပါက ယခုလတွင် ပန်းအမျိုးအစားအလိုက် (၅၀၀) ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းလျက် ရှိကြောင်း၊ ထိုသို့ပန်းဈေးနှုန်းများ ကျဆင်းခြင်းမှာ ဆောင်းဦးရာသီ၌ ပန်းမျိုးစုံ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့်  ပန်းဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ ပန်းအရည်အသွေးလတ် ဆတ်မှုအပေါ်တွင် ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း ဘုရားပန်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ကြက်သားဈေးနှုန်းများကျဆင်းလာခြင်း

    မြင်းခြံမြို့၊အေးမြသီတာဈေးနှင့် စံပြဈေးများတွင် စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်နှင့် သားငါးမျိုးစုံရောင်း ချလျက်ရှိရာ ကြက်သား(မွေးမြူရေးကြက်) များကိုလည်း ရောင်းချလျက် ရှိကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ကြက်သား(၇င်အုပ်) တစ်ပိဿာ လျှင်(၂၄၀၀၀) ကျပ်၊ ကြက်မြစ်ကြက်သဲတစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ ပေါင်လုံးသား တစ်ပိဿာလျှင်(၂၃၀၀၀) ကျပ်၊ ပေါင်ခြမ်းတစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ကြက်တောင်ပံ တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အကောင်းလိုက်တစ်ပိဿာလျှင် (၁၉၅၀၀)ကျပ်၊ အရိုးတစ်ပိဿာ လျှင်(၁၂၀၀၀) ကျပ်၊  ကြက် အရေခွံ တစ်ပိဿာလျှင်(၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိ ကြောင်းသိရှိရသည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကြက်သား(၇င်အုပ်) ကြက်မြစ်ကြက်သဲ နှင့် ကြက်ပေါင်လုံးသား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့်၊ ကြက်ပေါင်ခြမ်းနှင့် ကြက်အကောင်လိုက် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်နှင့် ကြက်တောင်ပံ၊ ကြက်အရိုးနှင့် ကြက်အရေခွံ တစ်ပိဿာ လျှင်(၁၀၀၀)ကျပ်ခန့် အသီးသီးဈေးနှုန်းများကျဆင်းခဲ့ကြောင်းသိရှိရသည်။ ထိုသို့ဈေးနှုန်း ကျဆင်း ခြင်းမှာ ဈေးကွက်သို့ ကြက်သားဝင်‌ရောက်မှုများပြားလာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း ကြက်သား ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ငွေပန်းဈေးနှုန်းဈေးကွက်

    မြင်းခြံမြို့နယ် သဲဖြူဝကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်၊ ဘောလုံး ၊ ဓါးကျွန်း၊ ဆင်တဲကျေးရွာများတွင် ငွေပန်းပင်များကိုခြံဝန်းများအတွင်း၌ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်းသိရှိ ရသည်။ အေးမြသီတာဈေး၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင်  ရောင်းချနေသော ငွေပန်းကုံး (၁၀)ကုံးလျှင်(၁၀၀၀)ကျပ်၊ ငွေပန်းကုံးတစ်ကုံးလျှင် (၃)ပွင့်ပါတစ်ကုံးသီကုံးထားကြောင်း၊ ငွေပန်းများကို နေ့စဉ်မိမိတို့အိမ်၏ ဘုရား၌လှူခြင်း၊  ဘုရားစေတီပုထိုးများတွင်လည်း လှူဒါန်းသူများခြင်း၊ ဘာသာရေးပွဲများတွင်လည်း ကန်တော့ပွဲထိုးခြင်း နှင့် လာဘ်ရွှင်သောပန်းအဖြစ် မြန်မာလူမျိုးများ အသုံးပြုကြသောကြောင့် နေ့စဉ်အရောင်းအဝယ်ဖြစ်ကြောင်း၊ ပန်းဖောက်သည်များလည်းပေးရကြောင်း၊ ငွေပန်း ကုံးအရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်(၁၀၀၀-၁၅၀၀)ကုံးခန့်ရောင်းချရကြောင်း၊ နေ့စဉ်ဝင်ငွေရသောပန်းဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သောပန်းဖြစ်ကြောင်း ငွေပန်းရောင်းချသူ၏ပြောပြ ချက်အရသိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းမြင့်တက်လာသောမြင်းခြံမြို့၏တစောင်းခါး

  တစောင်းခါးမှာ သဘာဝဟင်းသီးဟင်းရွက်အပင်ဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ခံအပင်တစ်မျိုးဖြစ်ကြောင်း၊ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဒေသများတွင် အများဆုံးပေါက်ရောက်ကြောင်းသိရသည်။

          မြင်းခြံမြို့နယ်၊ အေးမြသီတာကုန်စိမ်းဈေးအတွင်း ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ တစောင်းခါးလက်လီ ၂၅ ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)  ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ခန့် ပေါက်ဈေးဖြင့် ရောင်းချကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် တစောင်းခါး လက်လီ ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စာသုံးမှုများပြီး ဝယ်လိုအားများ၍ ရောင်းလိုအားနည်းခြင်း ကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။  တစောင်းခါးမှာ ခါးသက်သောအရသာရှိပြီး စားသုံးလျှင် ဖန်ချိုအရသာရှိကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံးမှုများပြားကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း