၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၆၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၈၅၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။
တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၃၅၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၃၅၀၀)ကျပ် တို့ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ဘိလပ်မြေဈေးနှုန်းများမှာ ယခင်ပထမအပတ်နှင့် နှိုင်းယှဉ်ပါက ဘိလပ်မြေကျားတစ်အိတ်လျှင် (၁၅၀၀)ကျပ်ကျဆင်းခဲ့ပြီး ဘိလပ်မြေဆင်နှင့်စိန် တစ်အိတ်လျှင်(၁၀၀၀)ကျပ်ကျဆင်းခဲ့ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်း များ မှာလည်း ဘိလပ်မြေကျားတစ်အိတ်လျှင် (၁၅၀၀)ကျပ်ကျဆင်းခဲ့ပြီး ဘိလပ်မြေဆင်နှင့်စိန် တစ်အိတ်လျှင်(၁၀၀၀)ကျပ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
